Sunday, June 14, 2020

Pyidaungsu font အတွက် သိမှတ်စရာများ


Image may contain: text that says 'UN UNCODE® Pyidaungsu Font'
 
 
၁။ Microsoft Office မှာ စာပုံမှန်ရိုက်ရန် Pyidaungsu font သုံးပါ။
၂။ စာလုံးများ မဲ(Bold)ရန် Pyidaungsu bold font ကို သုံးပါ။
၃။ Adobe မှာ စာရိုက်ရန် Pyidaungsu book font ကို သုံးပါ။ (Adobe Pagemaker မှာ ပြည်ထောင်စုကို အသုံးမပြုနိုင်ပါ။)
၄။ Page no မြန်မာလိုတပ်ရန်၊ bullet & Numbering မြန်မာလိုတပ်ရန်၊ နံပါတ်များရိုက်သည့်အခါ မြန်မာလိုပေါ်ရန်၊ Excel တွင် Filter သုံးရန်အတွက် Pyidaungsu numbering font ကို သုံးပါ။
၅။ Pyidaungsu font ကို Keyman ဖြင့် အစဉ်ချောစွာ ရိုက်နိုင်ပါသည်။
၆။ Pyidaungsu font ဖြင့်
ရိုက်ပြီး Print ထုတ်ခြင်း အဆင်မပြေခဲ့လျှင် Printer ကို Control Panel > All Control Panel Items > Devices and Printers ထဲမှာ Right Click > Remove Device ပြုလုပ်ပါ။ Printer ကို Computer နဲ့ချိတ် Power On ထားပါ။ Computer ကို Restart ချပါ။ computer ပြန်ပွင့်လာချိန်မှာ Printer Driver ကို အလိုလျောက် Install ပြုလုပ်သွားပါလိမ့်မယ်။ Install မလုပ်ရင် Printer Driver ပြန်တင်ပြီး Print ထုတ်ကြည့်ပါ။
Pyidaungsu Regular, Bold, Book, Numbering font များ
Pyidaungsu font ရိုက်ရန်အတွက် keyboard (Windows 10မှာ ပါလာသည့် Keyboard ဖြင့် အရာရာကို မြန်မာလို အမှန်မရိုက်နိုင်သေးပေ။ သဝေထိုး ရှေ့ရောက်နေတာမျိုး ကြုံရနိုင်သည်။)
Crd: Source
နည်းပညာနှင့် Full Software များကို ယုံကြည်စွာ လေ့လာ၊ ဒေါင်းယူလိုသူများ Page, Group ကို Like, Join, See First လုပ်ပေးထားကြပါ။
အဆင်ပြေကြပါစေ။
 
#kolinn
 
 

No comments:

Post a Comment