Friday, June 12, 2020

PC System တစ်ခုလုံးကို Unicode Font ပြောင်းနည်း (Windows 10, 8.1, 8, 7)

 
 
Zawgyi Font ကို အသုံးပြုစဉ်ကဆိုလျှင် Font, Keyboard ကို install, restart လုပ်ပြီးတာနဲ့ file, folder စသည့် နေရာတိုင်းမှာ မြန်မာလို ရိုက်နိုင်၊ မြင်နိုင်ပါသည်။ HotKey ကိုလည်း Shift Crl ဖြင့် အသုံးပြုနိုင်ပါသည်။
Unicode ပြောင်းသည့်အခါ Pyidaungsu font, Keyman တို့ကို install ထားရုံဖြင့် နေရာတိုင်းမှာ အမှန် ရေးနိုင်မည် မဟုတ်ပေ။
ဥပမာ - Folder name, File name, Excel စသည်တို့ကို မြန်မာလို အဆင်ပြေပြေ ရေးနိုင်ကြမည်မဟုတ်ပေ။ သဝေထိုး ရှေ့ရောက်နေတာမျိုးစသည့် ပြဿနာများကို ကြုံတွေ့နိုင်ပါသည်။
အရာရာအဆင်ပြေအောင် အောက်ပါနည်းလမ်းအတိုင်း လုပ်နိုင်ပါသည်။
Advanced System Font Changer ကို ပေးထားသည့် အောက်လင့်မှ ဒေါင်းပါ။
၁။ advchange ကို R-Click ပြီး Run Admin အားဖြင့် run ပါ။
၂။ Font အောက်မှ redio button များကို တစ်ခုချင်းစီနှိပ်ပြီး လိုရာဖောင့်၊ ဖောင့်စတိုင်၊ ဖောင့်ဆိုက် (Myanmar Text ဝင်းဒိုး ၁၀မှာ မူရင်းအနေဖြင့် ပါလာသည့် ဖောင့်) ကို ပြောင်းပေးပါ။ အားလုံးပြီးပါက OK ကို နှိပ်ပါ။
၃။ Apply ကို နှိပ်ပါ။ OK ကို နှိပ်ပါ။ Sleep out ဖြစ်ပြီး Window ပြန်တက်လာလျှင် မိမိ ပြောင်းလိုက်သည့် ဖောင့် အကုန် အိုကေသွားပါလိမ့်မည်။
မြန်မာစာလည်း
နေရာတိုင်းမှာ အမှန်ဖြစ်သွားပါလိမ့်မည်။ သဝေထိုး ရှေ့ရောက်နေတာမျိုးတွေ အစဉ်ချောသွားပါလိမ့်မည်။
Pyidaungsu Font စသည့် တခြား ဖောင့်များကိုလည်း ရွေးချယ်နိုင်ပါသည်။ Windows Original (Myanmar Text)Font ဆိုတော့ အကောင်းဆုံးပါ။
လွယ်ပါသည်။ ပုံတွေကြည့်ပြီး ကိုယ်တိုင်လုပ်ကြည့်ပါ။ ဘယ် Service မှ သွားစရာမလိုပါ။
သည်ပို့ကို အရင်တုန်းကလည်း ခေါင်းစီး တမျိုးဖြင့် တင်ထားပြီးပါပြီ။
Advanced System Font Changer
နည်းပညာနှင့် Full Software များကို ယုံကြည်စွာဒေါင်းယူလိုသူများ Page, Group ကို Like, Join, See First လုပ်ပေးထားကြပါ။
အခြား လိုအပ်သည့် Full versionဆော့ဝဲများကိုလည်း "Kannanasoft.com" ၀က်ဆိုက်မှာ ၀င်ရောက်ရှာဖွေဒေါင်းယူနိုင်ကြပါသည်။
အဆင်ပြေကြပါစေ။
 #kolinn
 
 
 

1 comment:

  1. ေတာင္သမန္သားေလး: Pc System တစ်ခုလုံးကို Unicode Font ပြောင်းနည်း (Windows 10, 8.1, 8, 7) >>>>> Download Now

    >>>>> Download Full

    ေတာင္သမန္သားေလး: Pc System တစ်ခုလုံးကို Unicode Font ပြောင်းနည်း (Windows 10, 8.1, 8, 7) >>>>> Download LINK

    >>>>> Download Now

    ေတာင္သမန္သားေလး: Pc System တစ်ခုလုံးကို Unicode Font ပြောင်းနည်း (Windows 10, 8.1, 8, 7) >>>>> Download Full

    >>>>> Download LINK ZI

    ReplyDelete