Monday, October 19, 2020

iPhone 12 Series နဲ့ HomePod Mini ကိုမိတ်ဆက်လိုက်တဲ့ Apple

iPhone 12 Series နဲ့ HomePod Mini ကိုမိတ်ဆက်လိုက်တဲ့ Apple

UNICODE

Apple ကအခုလေးတင်ပြုလုပ်သွားတဲ့ Apple Event မှာ iPhone Model 4 မျိုးနဲ့ HomePod Mini ကိုမိတ်ဆက်သွားပါတယ် .. iPhone အကြောင်းအရင်စပြောလိုက်ရအောင်

iPhone 12 Mini နဲ့ iPhone 12

Phone 12 Mini လေးဟာ iPhone 8 ထက် body ပိုသေးပြီး Screen Size က 5.4-inch ဖြစ်မှာပါ .. iPhone 12 ကတော့ 6.1-inch အရွယ်အစားရှိပါတယ် .. ဒီနှစ်ခုက Size ပဲကွာတာပါ .. ကျန်တာဘာမှမကွာပါဘူး

iPhone 12 တိုင်းမှာ 5G ရပါပြီ .. 5G မလိုရင် Battery ပိုခံအောင် 4G ကိုအလိုအလျောက်ပြောင်းပေးတဲ့ Smart Data Mode ဆိုတာလဲပါလာပါတယ် .. iPhone 12 ဟာ 6.1-inch Super Retina XDR OLED display ဖြစ်ပြီး iPhone 11 ထက် 11% ပိုပါး၊ 15% ပိုသေး၊ 16% ပိုပေါ့ပါတယ် … ဒါ့အပြင် Display ဟာလဲ 1200 nits ထိထုတ်ပေးနိုင်မှာပါ

အရောင်အနေနဲ့ Red, Blue, Green, Black, White ဆိုပြီး 5 ရောင်ပါဝင်လာပါတယ် .. Ceramic Shield ဆိုတဲ့မှန်ကိုအသုံးပြုပေးထားလို့ ပြုတ်ကျရင် မှန်ကွဲတာတွေဘာတွေ ခံနိုင်ရည် ၄ ဆပိုကောင်းလာပါတယ်

A14 Bionic Chip ကိုသုံးပေးထားပါတယ် .. A14 ဟာ တခြားဖုန်းတွေထက် CPU, GPU 50% ပိုမြန်တယ်, Neural Engine က 80% ပိုမြန်တယ်, Machine Learning က 70% ပိုမြန်တယ်

Camera မှာတော့ 12MP Ultra-wide နဲ့ 12MP Main Camera ကိုသုံးပေးထားပါတယ် .. Smart HDR3 ကို Support လုပ်တဲ့အပြင် Ultra-wide နဲ့ Selfie မှာပါ Night Mode ကိုသုံးလို့ရမှာဖြစ်ပါတယ် .. ဒါ့အပြင် Time Lapse Video တွေကိုပါ Night Mode နဲ့ရိုက်လို့ရမှာဖြစ်ပြီး MagSafe ဆိုတဲ့ Wireless Charging နည်းပညာပါဝင်လာပါတယ်

MagSafe Wireless Charger နဲ့သွင်းရင် 15W နဲ့ဝင်မှာဖြစ်ပြီး သာမန် Qi Wireless Charger တွေနဲ့သွင်းရင်တော့ 7.5W သာဝင်မှာပါ .. အားသွင်းတုံးနဲ့ နားကျပ်ကိုထည့်ပေးတော့မှာမဟုတ်ပဲ USB-C to Lightning အားသွင်းကြိုးသာပါဝင်လာမှာဖြစ်လို့ iPhone ဘူးခွံဟာ တော်တော်လေးပါးလွှာသွားမှာပါ

စျေးကတော့ iPhone 12 Mini (64GB) ကို $699, iPhone 12 (64GB) ကို $799 နဲ့ရောင်းချမှာဖြစ်ပြီး 12 ကို Oct 16 မှာ Pre-order တင်ပြီး Oct 23 မှာစတင်ဝယ်ယူလို့ရမှာဖြစ်ကာ 12 Mini ကို Nov 6 မှာ Pre-order တင်ပြီး Nov 13 မှာစတင်ဝယ်ယူလို့ရမှာဖြစ်ပါတယ်

iPhone 12 Pro နဲ့ iPhone 12 Pro Max

Silver, Pacific Blue, Gold, Graphite ဆိုပြီး အရောင် ၄ ရောင်ပါဝင်လာပါတယ် .. Pro ကတော့ 6.1-inch Super Retina XDR Display ဖြစ်ပြီး Pro Max ကတော့ 6.7-inch Display ဖြစ်ပါတယ် .. Ceramic Shield ဆိုတဲ့ မှန်ကိုအသုံးပြုပေးထားလို့ ပြုတ်ကျရင် မှန်ကွဲတာတွေဘာတွေ ခံနိုင်ရည် ၄ ဆ ပိုကောင်းလာပါတယ်

A14 Bionic Chip ကိုသုံးပေးထားပြီး တခြားဖုန်းတွေထက် CPU, GPU 50%, Neural Engine 80%, Machine Learning 70% ပိုမြန်ပါတယ် .. Deep Fusion ကိုလဲ Camera ၄ လုံးစလုံးမှာ အသုံးပြုလို့ရမှာပါ

Camera ပိုင်းမှာတော့

– iPhone 12 Pro > 12MP Main, 12MP Ultra-Wide, 4x Tele, LiDAR

– iPhone 12 Pro Max > 12MP Main (Pro နဲ့မတူပဲပိုကောင်းပါတယ်), 12MP Ultra-Wide, 5x Tele, LiDAR တို့ပါဝင်လာမှာပါ

ပြီးတော့ Apple ProRAW ဆိုတဲ့ Feature ပါဝင်လာပြီး HDR Video Recording လဲရပါတယ် .. Dolby Vision HDR Video တွေကို ရိုက်ကူးနိုင်တဲ့ ကမ္ဘာ့ပထမဆုံးဖုန်းလဲဖြစ်သလို LiDAR ကြောင့် Portrait ကိုပါ Night Mode နဲ့ရိုက်ကူးနိုင်တော့မှာဖြစ်ပါတယ် … ကျန်တာကတော့ အပေါ်က 12 နဲ့တူတူပါပဲ

စျေးနဲ့ Pre-order Date တွေကတော့

– iPhone 12 Pro – $999, Oct 16 (Pre-order), Oct 23 (Available)

– iPhone 12 Pro Max – $1,099, Nov 6 (Pre-order), Nov 13 (Available)

iPhone 11 ကိုတော့ $699 ကနေ $599 ထိလျှော့ပေးလိုက်ပါတယ်

HomePod Mini

S5 Chip ကိုသုံးပေးထားပြီး U1 Chip ကြောင့် iPhone နဲ့တွဲသုံးရတာအများကြီး လွယ်ကူသွားမှာဖြစ်ပါတယ် .. HomePod Mini ရဲ့ Siri ဟာ အိမ်ထဲမှာရှိသမျှလူတိုင်းရဲ့အသံကို ခွဲခြားသိနိုင်မှာဖြစ်ပါတယ်

Intercom ဆိုတဲ့နည်းပညာဟာ HomePod တခုကနေ နောက် HomePod တခုကို Voice Message တွေပို့နိုင်မှာဖြစ်ပါတယ် .. HomePod တင်မက iPhone, iPad, Apple Watch, CarPlay, AirPods တို့ဆီပါ အသံတွေပို့နိုင်မှာပါ

စျေးကတော့ $99 တည်းဖြစ်ပြီး Nov 6 မှာ Pre-order တင်နိုင်မှာဖြစ်ကာ Nov 16 ရက်နေ့မှာ စတင်ဝယ်ယူလို့ရမှာဖြစ်ပါတယ်

PHK KNOWLEDGE SHARING

 

#kolin

 

 

 

No comments:

Post a Comment