Monday, October 19, 2020

အထဲမှာ HD Camera ပါပြီး အထဲကအခြေအနေတွေကို ဖုန်းထဲကနေ ကြည့်ရှုထိန်းချုပ်နိုင်တဲ့ မြန်မာငွေ ၅ သိန်းခွဲကျော်တန် Smart Oven


\

 Xiaomi ဟာ Smart Device ထုတ်လုပ်မှုမှာ တိုးတက်ကောင်းမွန်လာခဲ့ပြီး အခု တကယ့် Smart Oven တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်..
Smart Oven ဆိုတဲ့အတိုင်း တကယ် Smart ဖြစ်နေပါတယ်..
Oven ထဲမှာ HD Camera တစ်လုံးကိုတပ်ဆင်ပေးထားပြီး Oven ထဲမှာ ထည့်ထားတဲ့ ဟင်းတွေ၊ မုန့်တွေ စတဲ့ ပစ္စည်းတွေရဲ့အခြေအနေတွေကို ဖုန်းထဲကနေ ကြည့်ရှုမှတ်တမ်းတင်နိုင်ပါတယ်..
2.4 GHz Wifi connection စနစ်ကိုအသုံးပြုပြီး ဖုန်းနဲ့ချိတ်ဆက်နိုင်တာဖြစ်ပါတယ်.. Oven ရဲ့ Firmware ကိုတောင် ဖုန်းထဲကနေ Update လုပ်ပေးနိုင်ပါတယ်တဲ့.. Oven တောင် Firmware နဲ့..

အပူချိန် 200 ဒီဂရီ စင်တီဂရိတ်ကိုရောက်ဖို့ ၆ မိနစ်ကနေ ၈ မိနစ်ကြားပဲကြာမြင့်မှာဖြစ်ပါတယ်..
Oven ကို အဆင့်မြင့် ကာဗွန်ဖိုက်ဗာသားနဲ့ ပြုလုပ်ထားပြီး တန်ဖိုးကတော့ 423 USD (မြန်မာငွေ ၅ သိန်းခွဲကျော်ခန့်) ဖြစ်ပါတယ်..
Feature :

Tokit Smart Oven Review


Ref : Xiaomify
 

 အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org

 

#kolinn

 

 

No comments:

Post a Comment