Thursday, April 16, 2020

Facebook အလွန်အကျွံသုံးစွဲမှုကိုလျှော့ချဖို့ ထည့်ပေးလိုက်တဲ့ Facebook Feature သစ်



 တစ်နေ့ကိုသုံးစွဲသူပေါင်း သန်း ၁၆၀ လောက်ရှိတဲ့ Facebook ဟာ ကျနော်တို့ဘ၀ရဲ့ ရုန်းထွက်မရတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာနေပါပြီ..
Facebook ကြောင့် ကောင်းကျိုးပြုတာရှိသလို ကျနော်တို့တွေရဲ့ အချိန်များစွာကို ဖြုန်းတီးပစ်တဲ့ ဆိုးကျိုးကိုလည်း ခံစားရစေပါတယ်..
မိတ်ဆွေဟာ Facebook သုံးတဲ့သူဆိုရင်တော့ တစ်နေ့ကို Facebook ဘယ်လောက်သုံးတယ်ဆိုတာ Facebook Application မှာပါတဲ့ Facebook အသုံးပြုမှုစစ်တမ်းကိုကြည့်ပြီး သိနိုင်ပါတယ်..
ဒီအချက်ကပဲ Facebook ဟာ Quiet Mode ကိုဖန်တီးဖို့ဖြစ်လာတာပါပဲ..
Coronavirus outbreak page အသစ်ကိုဖန်တီးပြီး Coronavirus ဆိုင်ရာ သတင်းအချက်အလက်တွေကို ဖြန့်ဝေနေတဲ့ Facebook ဟာ တစ်နေ့ကို Facebook ဘယ်လောက်သုံးတယ်ဆိုတာကို သိရှိစီမံနိုင်ဖို့ Feature အသစ်ကို Mobile ဖုန်းတွေအတွက် ဖန်တီးလိုက်ပါတယ်..
" Coronavirus ကြောင့် အိမ်တွင်းအောင်းနေရတဲ့အချိန်မှာ Facebook ကို အလွန်အကျွံသုံးစွဲမိမှာကို သတိပေးဖို့နဲ့ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေတွေကို ပိုပြီး ဂရုစိုက်စေဖို့၊ အိပ်ချိန်၊ စားချိန်တွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ ဒီ Tool လေးက မျှမျှတတဖြစ်အောင် ကူညီပေးမှာပါ" လို့ Facebook ကုမ္ပဏီက ရှင်းပြခဲ့ပါတယ်..



Quiet Mode ကို On လိုက်တဲ့အချိန်မှာ Facebook ရဲ့ Notification အားလုံးကိုပိတ်ပေးမှာဖြစ်ပြီး Facebook Application ကိုဖွင့်ဖို့ ကြိုးစားမိရင်တော့ စကရင်တစ်ချက်လင်းလာပြီး ဒီအချိန် သင်ဟာ Facebook သုံးစွဲမှုမလုပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို သတိပေးမှာဖြစ်ပါတယ်..
Quiet Mode ကို On ထားချိန်မှာ Notification တွေကို ဖွင့်စေချင်သေးတယ်ဆိုရင်တော့ Privacy Update မှာ ထပ်မံထည့်ပေးသွားမယ်လို့ဆိုပါတယ်..
ခုအချိန်မှာတော့ Quiet Mode ကို iPhone User တွေအတွက်သာ ထုတ်ပေးထားပြီး Android သမားတွေအတွက်တော့ မေလ လောက်ကျမှ ထုတ်ပေးသွားဖို့ရှိပါတယ်..
iPhone ရဲ့ Facebook App ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်နားက Hamburger Menu ထဲက "Your Time on Facebook" ဆိုတဲ့ Tab မှာ Quiet Mode ကို Enable လုပ်နိုင်ပါတယ်..
တကယ်တော့ ဒီကဏ္ဍဟာ ခုမှ ပေါ်လာတာမဟုတ်ပါဘူး.. လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက Facebook သုံးစွဲမှုကို စီမံခန့်ခွဲဖို့နဲ့ ပိုမိုထိရောက်စွာ အသုံးပြုဖို့အတွက် နည်းလမ်းပေါင်းများစွာနဲ့ စမ်းသပ်လာခဲ့တာပါ..
Quiet Mode မှာ ဘယ်အချိန်ကစပြီး ဘယ်အချိန်ထိ Enable လုပ်ထားမလဲဆိုတာ သတ်မှတ်နိုင်ပါတယ်.. ဥပမာ မနက် ၉ နာရီကနေ ညနေ ၈ နာရီထိ လို့ သတ်မှတ်ထားတာမျိုးပေါ့။
iPhone မှာပဲ ရသေးပေမယ့် ဘယ် Device နဲ့ပဲသုံးသုံး ကိုယ် Facebook သုံးတဲ့အချိန်ကို သတိထားပြီး ကိုယ်တိုင်စီမံခန့်ခွဲနိုင်ရင် အကောင်းဆုံးပါပဲ လို့လည်း Facebook က အကြံပေးထားပါတယ်..
Coronavirus ကြောင့် Stay Home နေချိန် Facebook ပေါ်မှာပဲ အချိန်တွေကို ဖြုန်းမိပြီး ကိုယ့်မိသားစု၊ ကိုယ့်မိတ်တွေတွေကို ဂရုမစိုက်မိတာမျိုး မဖြစ်ရအောင် Facebook သုံးချိန်ကို စနစ်တကျသုံးစွဲသင့်ပါကြောင်း....



Ref : Mashable


အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

 #kolinn

No comments:

Post a Comment