Thursday, April 16, 2020

ကိုယ့်ဖုန်းထဲမှာ Install လုပ်မိထားရင် ချက်ချက် ဖျက်ပစ်သင့်တဲ့ Android Application များ



စမတ်ဖုန်းသုံးစွဲသူ ၁ သန်းလောက်ဟာ ကိုယ့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး ဘက်ထရီကိုပါ အားကုန်မြန်စေမယ့် အန္တရာယ်ရှိတဲ့ Application တွေကို Download လုပ်ရယူထားပြီးဖြစ်တယ်လို့ Express သတင်းဌာနက ရေးသားသတိပေးလိုက်ပါတယ်..
ခုလည်း မုန်းဖို့ကောင်း၊ စိတ်ပျက်ဖို့ကောင်းတဲ့ တုန်လှုပ်ဖွယ် Application ပေါင်း ၅၀ ကျော်ကို လုံခြုံရေးဆိုင်ရာ သုတေသနသမားတွေ ရှာဖွေတွေ့ရှိထားပြန်ပြီလို့ ဆိုပါတယ်..
ဒီ စိတ်ပျက်စရာ Application တွေဟာ Google Play Store ကနေ Download ရယူဖို့ အသုံးပြုသူတွေကိုသာမက Play Store ကိုပါ နည်းလမ်းအမျိုးမျိုးနဲ့လှည့်စားထားတာမို့ သတိထားဖို့ သတိပေးလိုက်ပါတယ်..
တကယ်လို့များ ခုပြောပြမယ့်စာရင်းထဲက Application တစ်ခုခုကို Install လုပ်မိထားတယ်ဆိုရင် ချက်ချင်းဖျက်ပစ်ဖို့ အကြံပြုထားပါတယ်.. ဘာလို့လည်းဆိုတော့ သုံးစွဲသူဆီက အချက်အလက်တွေကို နောက်ကွယ်ကနေ တရားမဝင်ရယူထားပြီး အခြား ဒုက္ခကြီးကြီးမား မဖြစ်ရင်တောင် ကြော်ြငာတွေများစွာကို နောက်ကွယ်က Run ခိုင်းစေပြီး ကိုယ့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေမှာဖြစ်ပါတယ်..
Google Play Store ဟာ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမယ့် ယိုပေါက်တွေကို သိထားတဲ့ Hacker တွေဟာ အန္တရာယ်ရှိတဲ့ Application တွေကို Google Play Store ပေါ်ကနေတစ်ဆင့် သုံးစွဲသူတွေဆီ ဖြန့်ဝေနေတုန်းပါပဲ.
 အောက်မှာဖေါ်ပြထားတဲ့ Android Application တွေကတော့ ကိုယ့်ဖုန်းရဲ့ Battery ကို အမြန်ဆုံး ကုန်ခမ်းစေပြီး စိတ်ပျက်ဖွယ် ကြော်ငြာများစွာကြောင့် ကိုယ်မသိလိုက်ဘဲ အင်တာနက် Bill တွေကို နောက်ကွယ်က ဆွဲယူသုံးစွဲနေတဲ့ Application တွေဖြစ်ပါတယ်.. 

လုံခြုံရေးသုတေသနပညာရှင်တွေအကြံပြုထားတဲ့ အန္တရာယ်ရှိ Application တွေကတော့ −
  1. Raceinspace Astronaut
  2. Cooking
  3. Letmego
  4. Biscuitent
  5. Aquawar
  6. Dressup
  7. Translator
  8. Travel Map
  9. Withu Translate
  10. 24h Translate
  11. Stickman Runner Parkour
  12. Best Translate Tool
  13. Littlefarm
  14. Bestcalculate Multifunction
  15. Folding Blocks Origami Mandala
  16. Goldencat Hillracing
  17. Hexadom
  18. Ichinyan Fashion
  19. Major Cookingstar
  20. Major Zombie
  21. Fastdownloader
  22. Carstiny
  23. Stickman Warrior
  24. Biscuit
  25. Splashio
  26. Translate
  27. Unblock Car Puzzle
  28. Delicious Recipes
  29. Multi Translate Threeinone
  30. Pro Translator
  31. Snap Translate
  32. Smart Language Translate
  33. Best Translate
  34. Jewel Block Puzzle2019
  35. Magic Cuble Blast Puzzle
  36. Imgdownloader
  37. Instant Translate
  38. Besttranslate
  39. Breaktower
  40. Spaceship
  41. Michimocho Video Downloader
  42. Fortuneteller Tarotreading Horo
  43. Titan Block Flip
  44. Mcmc Ebook Reader
  45. Swift Jungle Translate
  46. Happycooking
  47. Mcmccalculator Free
  48. Tapsmore Challenge
  49. Yummily Healthy Recipes
  50. Hexamaster
  51. Twmedia Downloader
  52. Burningman
  53. Amazingkitchen
  54. Wego Translate
  55. Arplanner Sketchplan
  56. Arsketch Quickplan
  57. Livetranslate
  58. Calculatepro
  59. Smart Tools Pro
  60. Titanyan Igsaver
  61. Digiv Weather Radar
  62. Titan Translator
  63. Artech Helpful
  64. Armeasure Translate
ကဲ.. အပေါ်မှာဖေါ်ပြထားတဲ့ စာရင်းထဲက Android Application တစ်ခုခုသာ Install လုပ်မိထားရင်တော့ ချက်ချင် Uninstall လုပ်ပစ်ကြဖို့ သတိပေးလိုက်ပါတယ်နှော..

Ref : https://www.express.co.uk/

အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
#kolinn

No comments:

Post a Comment