Tuesday, April 16, 2019

My computer ထဲတွင် Drive တွေကိုဝှက်ထားမယ်/ ပြန်ဖေါ်မယ်...


ကျွန်တော်တို့ Internet Cafe တစ်ချို့တွေရဲ့ စက်ထဲက My Computer ထဲမှာ ဘာ Disk Drive မှ မမြင်ရဘဲဝှက်ထားတာကို ကြုံဖူးကြမှာပါ.. အဲဒီအတွက် လုပ်နည်းရှိပါတယ်..

1.Runbox ကိုအရင်ဖွင့်ပါ(window +R)။Runbox ထဲမှာ gpedit.msc  လို့ရိုက်ပါ။( Win 7 မှာ Start ခေါ်ပြီးရိုက်ထည့်လို့ရပါတယ်..)
2. Group Policy window ကျလာပါလိမ့်မယ်။ User configuration အောက်က Administrative Template ကို Expend(Right arrow key)လုပ်ပါ။ပြီးရင် window component ကိုသွားပါ၊ window component ကိုလည်း Expend ထပ်လုပ်လိုက်ပါဦး။ ပြီးရင် window explorer ကို တစ်ချက်ဖိလိုက်ပါ..
3.ညာဘက်ခြမ်း setting  အောက်က Hide these specified drive in My computer ကိုရွေးပြီး Ender ခေါက်လိုက်ပါ..



3. ကျလာတဲဘောက်ထဲက ဘယ်ဘက်မှာ enable ကိုရွေးပေးပြီး Pick One of the following combinations  အောက်ကဟာကို တစ်ချက်နှိပ်လိုက်ပါ.. ကျလာတဲ့ Drop List ထဲမှာ ကိုယ် ဝှက်ထားချင်တဲ့ Drive ကို ရွေးပြီး Apply OK ပေးလိုက်ပါ...


 ဒီလိုလုပ်ပြီးရင်တော့ My Computer ထဲကိုသွားကြည့်လိုက်ပါဦး။ Drive C:, D: အစရှိတဲ့ Drive တွေပျောက်နေတာတွေရလိမ့်ပါမယ်။ ဒါပေမယ် Runbox ကိုဖွင့်ပြီး C:,D:လို့ရိုက်ထည့်ပြီးခေါ်ရင်တော့ရတာကိုတွေရပါလိမ့်မယ်။

ပြန်ဖေါ်နည်းကတော့ ရှင်းပါတယ်.. အဆင့်(၃)မှာ ပြောခဲ့တဲ့ Enable ကို Disable လုပ်လိုက်ရုံပါပဲ..

အဆင်ပြေပါစေ..

Kyi Thar ( An Author of www.maungpauk.org )

#kolinn



No comments:

Post a Comment