Tuesday, April 16, 2019

CD/DVD တွင် Access Denied Error ကို ဖြေရှင်းနည်း


moe min wai : 
သို့
 
    ဆရာပေါက်

ကျွှန်တော်၏ laptop lenovo G480 တွင်DVD,CDများဖွင့်ရာ  access denied ပြနေပါသည်။ Hardware device တွင်ဝင်ကြည့်ရာ  this device is working properly ပြပါသည်။ DVD Drive ဖြစ်သော်လည်းCD driveဟုပေါ်နေပါသည်.. မည်သို့ပြုလုပ်သင့်သည်ကိုပြောပြပေးစေချင်ပါသည်။

ကို Moe Min Wai ရဲ့ Error ကို Microsoft ရဲ့ Solution Error ကဏ္ဍမှာ လုပ်နည်း (၃)နည်း နဲ့ ဖေါ်ပြထားပါတယ်.. အဲဒီအတိုင်း လုပ်သွားရင်တော့ အဆင်ပြေမှာပါ.. ပထမပြဿနာက Setting မှားသွားတာဖြစ်ပြီး ဒုတိယ အနေနဲ့  ပြဿနာက Driver ကြောင့်လို့ပဲ အကြမ်းဖျဉ်း ဆိုနိုင်ပါတယ်.. ကိုမိုးမင်းဝေက ဘာ Windows တင်ထားမှန်းမသိပါဘူး.. windows 7 မှာဖြစ်တဲ့ ပြဿနာဖြေရှင်းနည်းကို တတ်နိုင်သလောက် ဘာသာပြန်၊ ကိုယ်တိုင် လုပ်ကြည့်ပြီး တင်ပေးလိုက်ပါတယ်..

ကဲ စရအောင်..
ပထမနည်း
1. Start ကိုနှိပ်ပြီး gpedit.msc ကိုရေးကာ Enter ခေါက်လိုက်ပါ.. Group Policy Box ကျလာပါမယ်..
2. ဘယ်ဘက်ခြမ်းမှာ User Configuration နဲ့ Computer Configuration ဆိုပြီး ခေါင်းစဉ်ကြီးနှစ်ခုရှိပါတယ်.. အဲဒီထဲက Computer Configuration ဆိုတဲ့ ခေါင်းစဉ်အောက်က Administrative Templates>System> အတိုင်း ဘေးကိုနှိပ်သွားပြီးခွဲသွားလိုက်ပါ.. Removable Storage Access ဆိုတဲ့ Folder ပေါ်လာရင် တစ်ချက်ဖိလိုက်ပါ..



3. အဲလိုဖိလိုက်ရင် ညာဘက်ခြမ်းမှာ CD and DVD: Deny read access ဆိုတဲ့စာကြောင်းရှိပါတယ်.. အဲဒါကို Double Click နှိပ်လိုက်ပါ.. ဘောက်တစ်ခုကျလာရင် Disable ကိုရွေးပြီး OK ခေါက်ပါ..
ဒါဆိုရင် Group Policy ကို ပိတ်နိုင်ပါပြီ..

ဒုတိယနည်း
1. My Computer ကို Right Click ထောက်ပြီး Manage ကိုနှိပ်ပါ. ပေါ်လာတဲ့ Manage ဘောက်ထဲမှာ ဘယ်ဘက်ခြမ်းက Disk Management ကိုနှိပ်ပါ.
2. ညာဘက်ခြမ်းမှာ Disk တွေကို တွေ့ရမှာဖြစ်ပါတယ်.. Error ပြနေတဲ့ CD/DVD Drive ကို Right Click ထောက်ပြီး Properties ကိုနှိပ်ပါ..

2. ပေါ်လာတဲ့ဘောက်ရဲ့ အပေါ်တန်းမှာ Driver ဆိုတဲ့ Tab ကိုနှိပ်ပါ.. အဲဒီအကွက်ထဲမှာ Uninstall ဆိုတာကိုနှိပ်ပြီး CD/DVD ရဲ့ Driver ကို Uninstall လုပ်ပစ်လိုက်ပါ.. 
3. ပြီးရင် ခုနကလိုပဲ Disk Management ကို ပြန်သွားပြီး Re-Scan လုပ်လိုက်ပါ.. သူ့ Driver ပြန်တက်လာပါမယ်..
4. ကွန်ပျူတာကို Restart ချလိုက်ပါ..  ဒါဆို အဆင်ပြေပါမယ်...

တတိယနည်း
1. Start>Control Panel ကိုနှိပ်ပါ..
2. အဲဒီထဲက User Account> Manage Another Account ကိုနှိပ်ပြီး အကောင့်သစ်တစ်ခုကို Administer အနေနဲ့ဖွင့်သုံးပါ.. ဒါဆိုရပြီလို့ ဆိုပါတယ်..

အဆင်အပြေဆုံးက ပထမနည်းပါ.. ဖြစ်နိုင်ခြေ အများဆုံးပါ.. 


အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်..

မောင်ပေါက်

#kolinn

 

No comments:

Post a Comment