Friday, September 14, 2018

ကွန်ပျူတာ


ကွန်ပျူတာ တစ်လုံး မှာ စက်ပိုင်းဆိုင်ရာ (Hardware) နဲ. ညွှန်ကြားပိုင်းဆိုင်ရာ (Software) ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။
hardware ဆိုတာက အရှင်းဆုံးပြောရရင် လက်နဲ.ကိုင်တွယ်လို.ရတဲ. ပစ္စည်းတွေဖြစ်ပါတယ်။

စက်ပိုင်းဆိုင်ရာ (Hardware) များကို၎င်း၏အလုပ်လုပ်ပုံအပေါ်မူတည်၍ အုပ်စု (၄) စု ခွဲနိုင်သည်။ ၎င်းတို့မှာ
1) Input Device (အချက်အလက်များအားကွန်ပျူတာအတွင်းသို့ထည့်သွင်းရန်ဆောင်ရွက်ပေးသည့်ကိရိယာများ)
ဥပမာ။           ။ Keyboard, Mouse, Scanner, Webcam စသည်တို့ပါဝင်သည်။
2) Process (အချက်အလက်များအားတွက်ချက်၍ အဖြေထုတ်ပေးသည့်ကိရိယာများ)
ဥပမာ။           ။ CPU (Central Processing Units), Motherboard, စသည်ဖြင့်…..
3) Output Device (ထွက်လာသောအဖြေကို အသုံးပြုသူအား ဆက်သွယ်ပြသပေးသည့် ကိရိယာများ)
ဥပမာ။           ။ Monitor, Speaker, Printer, စသည်ဖြင့်
4) Storage Device (အချကအလက်များသိုလှောင်ပေးသည် ကိရိယာများ)
ဥပမာ။          ။ Hard Disk, Flash Drive, Memory Card စသည်ဖြင့်


 ညွှန်ကြားပိုင်းဆိုင်ရာ (Software) များသည် ထိတွေ့ကိုင်တွယ်၍မရနိုင်သော အရာများဖြစ်သည်။
အောက်ပါတို့သည်  “Software” ၏အလုပ် လုပ်မှုပုံစံ အဆင့်ဆင့်ဖြစ်သည်။
 
software ဆိုတာက လက်နဲ.ကိုင်တွယ်လို.မရတဲ. ဟာတွေပေါ.လို.ပြောရင်လည်းမှန်ပါတယ်။
program များကိုစုဆောင်းထား တာကို software လို.ခေါ်ပါတယ်။ software ဆိုတာ ကွန်ပျူတာကို ဘာလုပ်ရမယ် ၊ ဘယ်အချိန်မှာလုပ်ရမလဲ ဆိုတာ ထိန်းကျောင်းပေးတဲ. ညွန်ကြားချက် အစုအဝေးလည်းဖြစ်ပါတယ်။ software မပါဘဲ ကွန်ပျူတာ ဘာမှလုပ်လို.မရသလို hardware မပါဘဲနဲ.လည်း ကွန်ပျူတာ ဘာမှလုပ်လို.ရမှာမဟုတ်ပါဘူး။

ညွှန်ကြားပိုင်းဆိုင်ရာ (Software) များ များကို၎င်း၏အလုပ်လုပ်ပုံအပေါ်မူတည်၍ အုပ်စု (၃) စု ခွဲနိုင်သည်။ ၎င်းတို့မှာ

1) Application Software (အသုံးချအုပ်စုပရိုဂရမ်များ) သည်မိမိလုပ်ငန်းအတွက် အလုပ်လုပ်ပေးသော ပရိုဂရမ်များဖြစ်သည်။ ၎င်းသည်သီးခြားသော အလုပ်မျိုးသာလုပ်ဆောင်ပေးသည်။
ဥပမာ။           ။ Microsoft Office Word ကိုအသုံးချခြင်းဖြင့် စာစီစာရိုက်ပြုလုပ်နိုင်သည်။
                     Adobe Photoshop ကိုအသုံးချခြင်းဖြင့် ပုံများဖန်တီးနိုင်၊ ရေးဆွဲနိုင်သည်။

2) System software (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်များ) သည်ကွန်ပျူတာ အသက်ရှင်လာစေရန် မရှိမဖြစ်အရေးကြီးသော ပရိုဂရမ်ဖြစ်သည်။ မိမိကွန်ပျူတာကို Power ခလုပ်နှိပ်ပေးသောအခါ System software အလုပ်လုပ်သောကြောင့် မိမိကွန်ပျူတာတွင် ရုပ်ပုံများဖြင့်မြင်တွေ့ရခြင်းဖြစ်သည်။ System software မရှိပါက မြင်တွေ့ရမည်မဟုတ်ပေ။ အသုံးများသော System software များမှာ

1) Microsoft Windows
Microsoft ကုမ္မဏီမှထုတ်လုပ်သောပရိုဂရမ်ဖြစ်သည်။ ကမ္ဘာ့တဝန်းလုံးတွင် လူအသုံးများဆုံး (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်) ဖြစ်သည်။ ၎င်းသည်ခုနစ်အလိုက်တိုးတက်လာသောကြောင့် အမျိုးမျိုးရှိသည်။
·         Microsoft Windows 95
·         Microsoft Windows 98
·         Microsoft Windows Me
·         Microsoft Windows xp
·         Microsoft Windows Vista
·         Microsoft Windows 7

2) Linux (Open Source Software)
Linux သည် open source software ဖြစ်သည် အဘယ်ကြောင့်ဆိုသော် linux သည် အခမဲ့ရယူနိုင်ပြီး လူအများကိုလည်းဝေငှပေးနိုင်သော (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်) linux ကိုအခြေခံသော (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်)များမှာ
·         Ubuntu
·         Kubuntu
·         Lubuntu
·         Xubuntu
·         Edubuntu
·         Gobuntu စသည်တို့ဖြစ်သည်။

3) Macintosh (Mac OS)
Macintosh သည် Apple ကုမ္မဏီမှထုတ်လုပ်သည်။ ယင်း (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်) ကို ပန်းသီးတံဆိပ်ပါသော ကွန်ပျူတာတွင် တွေ့ရှိနိုင်ပြီး အနည်းငယ်ပို၍ဈေးနှုန်းမြင့်သည်။

နောက်ပြီး ကွန်ပျူတာ မှာ ဂဏန်း နှစ်လုံးနဲ. ဘဲအလုပ်လုပ်ပါတယ်။ 0 နဲ. 1 ပါ။ binary number လို.လဲခေါ်ပါတယ်။
ဂဏန်းတစ်လုံးထဲ ဆိုရင် 1 bit လို.ခေါ်ပါတယ်။
01010101 ယခုလို ဂဏန်း 8 လုံးတွဲဆိုရင်တော. 1 byte လို.ခေါ်ပါတယ်။
byte တစ်သန်း ဆိုရင် တော. 1 Mb ပေါ.ဗျာ။1Mb ရဲ. အရှည်ခေါက်ကတော. 1 Million byte ပါ။

ကွန်ပျူတာ အလုပ်လုပ်ပုံ

ယေဘုယျသုံး ကွန်ပျူတာ တွင် အဓိက လေးမျိုးမှာ ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (arithmetic and logic unit)၊ ထိန်းချူပ် အစိတ်အပိုင်း (control unit)၊ မှတ်ဥာဏ်(Memory Device) နှင့် အသွင်း အထုတ် ကိရိယာ (I/O) များတို့ ဖြစ်သည်။ ၄င်း အစိတ်အပိုင်း တို့ကို ဝါယာကြိုးများ အတွဲလိုက်ဖြစ်သော ဘတ်စ် များ ဖြင့် တွယ်ချိတ်ထားသည်။

ကွန်ပျူတာသမိုင်း

ရှေးယခင်က ကွန်ပျူတာ ကို သတ်မှတ်ဖို့ ရန်အလွန်တရာမှခက်ခဲ ခဲ့ သည်။ယခုအချိန်တွင်မူကွန်ပျူတာကို အမည်အမျိုးမျိုး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီဖြစ်သည်။ ယခုအချိန်တွင်မူကိရိယာများ (Devices) တော်တော်များများကို ကွန်ပျူတာ တပ်ပြီးခေါ်နေကြပြီဖြစ်သည်။အစောဆုံး ကွန်ပျူတာ သည် တွက်ချက်မှုပိုင်းကို ပေသီး(Abacus)များမှ စခဲ့သည်။ ပေသီးသည် ပထမဆုံးဂဏန်းပေါင်းစက် ပင်ဖြစ်သည်။ ပေသီးကို တရုတ်ပြည်တွင် စတင်အသုံးပြုခဲ့သည်။

အလယ်ခေတ်အရောက်တွင် ဥရောပ သချာင်္ နှင့် အင်ဂျင်နီယာ ပညာရှင် Wilhelm Schickard က ၁၆၂၃ခုနှစ် တွင် ပထမဆုံး စက်ပစ္စည်းနှင့်တွက်ချက်သောဂဏန်းပေါင်းစက်(Calculators) တစ်ခုကို တည်ဆောက်ခဲ့သည်။သို့သော်လည်းယခုခေတ်တွင် ၎င်း ကိရိယာDevice ကို ကွန်ပျူတာ လို့ခေါ်ဆို၍ မရတော့ပေ။အဘယ်ကြောင့်ဆို သော်၎င်းကိရိယာသည် Programmed ပါဝင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ၁၈၀၁ ခုနှစ် တွင် Joseph Marie Jacquard သည် Textile ယက်ကန်းစက်ကို အခြေခံပြီး Punched Paper Cards Series ကို အသုံးပြုပြီး သူ့၏ ယက်ကန်းစက်ကို အလိုအလျှောက် အလုပ်လုပ်စေခဲ့သည်။ Jacquard ၏ ယက်ကန်းစက်မှ ရလဒ်သည် ကွန်ပျူတာ ဖြစ်ပေါ်တိုးတက်လာစေဖို့ရန် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၁၈၃၇ ခုနှစ် တွင် Charles Babbage သည် Programmable Mechanical Computer ကို စတင် Design ရေးဆွဲခဲ့သည်။ Analytical Engine ဟုအမည်ပေးခဲ့သည်။ ၁၈၉၀ ခုနှစ် အရောက် တွင်US Census က Punched Card အတွက် ကြီးမားသော Scale Automated Data Processing စွမ်းဆောင်ရည်ရှိအောင် Tabulating Machines ကို Herman Hollerith က Designed ရေးဆွဲခဲ့သည်။ Computing Tabulating Recording Corporation ( ယခုအခါ IBM ဖြစ်လာသည် ) က ထုတ်လုပ်ခဲ့ပါသည်။ ၁၉ ရာစု အကုန်အရောက် တွင်ကွန်ပျူတာ တွေဟာ အသုံးဝင်သောအရာတစ်ခုဖြစ်လာခဲ့သည်။ ကွန်ပျူတာ သည် လူတို့ အတွက်လိုအပ်နေပြီဆိုတာက သက်သေပြလိုက်ပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Punched Card, Boolean Algebra , The Vacuum Tube (Thermionic Value) နဲ့ Teleprinter တွေဟာ ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်သည်။၂၀ ရာစု အတောအတွင်းတွင် သိပ္ပံပညာသည် များစွာတိုးတက်မှုရှိလာခဲ့ပြီး Analog Computer များလည်း တိုးတက်ပေါ်ပေါက်ခဲ့သည်။ သို့သော်လည်း၎င်း ကွန်ပျူတာများသည် Programmable မဖြစ်သည့်အပြင် အခုခေတ် Digital ကွန်ပျူတာ များ၏ တိကျသော စွမ်းဆောင်ရည် များလည်းပါဝင်ခြင်းမရှိသေးပေ။

1. Internet
2. Window
3. Ubuntu
4. Linux Group

Copy by : မှတ်စုစာအုပ်
 
 #kolinn (ဎ)
 
 

No comments:

Post a Comment