Saturday, September 22, 2018

Android ဖုန်းတစ်လုံးမှာ မှားယွင်းဖျက်မိတဲ့ ဒေတာတွေကို ( recover )ဘယ်လိုပြန်ယူမလဲ


မည်သူမဆို ကိုယ့်ရဲ့ဖုန်းထဲက ဓါတ်ပုံတွေ၊ဗွီဒီယိုတွေကိုမှားပြီးဖျက်မိတာမျိုးတွေ ရှိခဲ့ဖူးမှာပါ။ အဲ့ဒီလို မျိုးဖြစ်ခဲ့ရင် အခုပြောတဲ့နည်းလေးနဲ့ မှားဖျက်မိတဲ့ဓါတ်ပုံတွေ၊ဗွီဒီယိုတွေအပြင် messages နဲ့ contacts တွေကို ပါ အလွယ်တကူပြန်ယူလို့ပါတယ်။

အဆင့်(၁)- ဒေတာမှားဖျက်မိသွားပြီဆိုတာနဲ့ သင်ရဲ့ Android ဖုန်းကို update မလုပ်ပါတော့နဲ့။

အဆင့်(၂)- Android Data Recovery ပရိုဂရမ်ကို ဒေါင်းလုတ်ဆွဲ၍ ကွန်ပြူတာတွင်ဖွင့်ပါ။

 USB ကြိုးမှတစ်ဆင့် Android ဖုန်းကို ကွန်ပြူတာသို့ချိတ်ဆက်ခိုင်းပါလိမ့်မည်။ ချိတ်လိုက်ပါ။

အဆင့်(၃)- Android ဖုန်းတွင် USB Debugging ကိုဖွင့်ပါ။

 ဒါကတော့ Android Version ကိုလိုက်ပြီးတော့ အနည်းငယ်ပြောင်းလဲမှုရှိပါတယ်။

Android 4.2 နဲ့အထက်ဆိုရင်တော့ Settings>About Phone>Build Number ကို “You are under 

Developer mode” ဆိုတဲ့စာသားပေါ်လာတဲ့အထိ အကြိမ်များစွာနှိပ်ပေးပါ။

(အချို့ဖုန်းများတွင်မလိုပါ) ထို့နောက် Settings>Developer Option> USB debugging ကိုအမှန်ခြစ်ပေးပါ။

Android 3.0 နဲ့ 4.1 ကြားဆိုရင်တော့ Setting>Developer option>USB debugging 

ကိုအမှန်ခြစ်ပေးပါ။ Android 2.3 နဲ့ အစောပိုင်း Version များမှာတော့ Setting>Applications>

Development>USB debugging ကိုအမှန်ခြစ်ပေးပါ။


1
ထို့နောက် Android Data Recovery ပရိုဂရမ်က သင် recover လုပ်လိုသော data များကိုရွေးခိုင်းပါလိမ့်မယ်။ အမှန်ခြစ်၍ရွေးလိုက်ပါ။
2
အဆင့်(၄)- သင်မှားဖျက်မိလိုက်တဲ့ Android ထဲက ဒေတာတွေကို Scan စဖတ်ပါမယ်။ ကွန်ပြူတာက ပရိုဂရမ်ကို Start လုပ်ပါ။ အဲ့ဒီအချိန်မှာတော့ သင့်ရဲ့ဖုန်းစကရင်မှာ ခွင့်ပြုချက်တောင်းခံတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။ Allow ကိုနှိပ်ပါ။ ကွန်ပြူတာမှာ Start ကိုပြန်နှိပ်ပါ။
3
အဆင့်(၅) သင်မှားဖျက်မိလိုက်တဲ့ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ Contacts တွေ၊ Messages တွေကို ပြန်ကြည့်ပြီး Recovery လုပ်ပါမယ်။ သင်ဖျက်မိတဲ့ဒေတာတွေအားလုံးဟာ ပြန်ပေါ်လာပါပြီ။ ကိုယ်လိုချင်တဲ့ဟာတွေကို အမှန်ခြစ်ပေးလိုက်ပြီး recover ကိုနှိပ်လိုက်ပါ။
4


အခုဆိုရင်တော့ ဒေတာအားလုံးကိုပြန်လည်ရယူနိုင်ပါပြီ။


  #kolinn (ဎ)






No comments:

Post a Comment