Wednesday, December 10, 2014

ပညာရှင်တွေ စာတန်းထိုး Srt များကို ဘယ်လိုဖန်တီးသလဲ သိချင်ရင် ဒီ Apk လေးနဲ့ သင့်ဖုန်းမှာ အလွယ်တကူ စမ်းသပ်နိုင်ပါပြီ-Easy Subtitles v1.8.3

Easy Subtitles v1.8.3
 
 
မင်္ဂလာပါ
 
 
ကျနော် ဒီပို့စ်လေးကို တင်ပေးချင်နေခဲ့တာကြပါပြီ
 
 
ဒါပေမယ့် ဇဝေဇ၀ါနဲ့ ကိုယ်လည်းသိပ်အကျွမ်းကျင်ကြီးမဟုတ်တော့
 
မတင်ပေးဖြစ်တာပါ။ အားလုံးလည်း စိတ်ဝင်စားကြမယ်လို့
 
 
 
 
ထင်လို့ ဒီပို့စ်လေးကို တင်ပေးလိုက်တာပါ။
 
Android World ဆိုရင် သတိထားမိကြမှာ နေ့စဉ်နဲ့အမျှ
 
ဆန်းသစ်မှု တီထွင်မှုတွေနဲ့ ပြည့်နှက်နေတာပါ၊ အခုလည်း
 
ထပ်ပေါ်လာတာက ပိုစ့်ရဲ့ ခေါင်းစဉ်လေးကို မြင်လိုက်တာနဲ့
 
သဘောပေါက်လောက်ပြီထင်ပါတယ်။
 
တစ်ခါတလေ လူဆိုထာ စိတ်ရဲ့အမောတွေကို သီချင်း၊ ရုပ်ရှင်၊
 
ဟာသ၊ ထူးဆန်းထွေလာ၊ စသည်တို့ဖြင့် အပန်းဖြေလေ့ရှိတတ်ကြပါတယ်၊
 
ဒီအထဲ ကျနော်အပါအ၀င် နိုင်ငံခြားရုပ်ရှင်ကားကြီးတွေကို
 
လက်လှန်းမှီသလောက် ကြည့်ရှုကြတယ်၊ အင်္ဂလိပ်လို အသင့်အတင့်
 
နားလည်တဲ့ ဘော်ဒါတွေအတွက်ကတော့ အင်္ဂလိပ်စာတန်းထိုးတွေနဲ့
 
တိုက်ရိုက်ကြည့်ပြီး အဆင်ပြေတတ်ကြပေမယ့် ကျနော်တို့လို
 
ဘာမှန်းမသိတဲ့ သူများကြတော့ မြန်မာစာတန်းထိုးလေးနဲ့
 
ကြည့်ချင်ကြတာပါ၊ ကိုယ်အရမ်းကြိုက်တဲ့ ဇာတ်ကားကောင်းတွေဆို
 
မြန်မာစာတန်းထိုးလေးနဲ့ ကြည့်လိုက်ရရင် အားလုံးပြည့်စုံသွားသလိုမျိုး
 
ခံစားရတယ်။ တကယ်ကောင်းပါလားလို့လည်း တွေးမိတယ်၊
 
ဒီလိုနဲ့ အားမရတော့ပဲ အဲဒီကမ္ဘာကျော်ရုပ်ရှင်ကားတွေကို
 
ကိုယ်တိုင် စာတန်းထိုးကြည့်ချင်လာတယ်၊ ဘယ်လိုစလုပ်ရမှန်းမသိ
 
ဟိုရှာ ဒီရှာ နဲ့ အင်တာနက်တစ်ခွင် ယောင်ခြောက်ဆယ် ဖြစ်နေတယ်၊
 
ပညာရှင်တွေ ထိုးပေးထားတာလေးတွေကို ကြည့်ရင်း ဒီစာတန်းထိုးတွေကို
 
ဘယ်လိုလုပ်တယ်မသိဖူးဆိုတဲ့ မေးခွန်းနဲ့အတူ အခုနောက်ပိုင်း
 
လူငယ်တွေ အထူးသဖြင့် မြန်မာတန်းထိုးချင်လို့ srt တွေကို လိုက်ရှာနေကြတဲ့
 
ဘော်ဒါများအနေဖြင့် အသိချင်ဆုံးသော မေးခွန်းလေးဖြစ်မယ်ထင်ပါတယ်။
 
မလွယ်တဲ့အရာတစ်ခုပါ ကိုယ်နှစ်က အင်္ဂလိပ်စာ ကျွမ်းကျင်မှုတော့လိုပါလိမ့်မယ်
 
ကျွမ်းကျင်ရုံလောက်လေးနဲ့ကလည်း အဆင်မပြေသေးပြန်ဘူး၊ ဘာသာပြန်တတ်တဲ့
 
အလေ့အထလည်း ထပ်ဆင့်လိုနေပြန်တယ်၊ အလေ့အထလည်းရှိတယ်၊
 
အမြဲတစေလည်း လေ့လာသင်ယူနေတယ်ဆိုရင်တော့ အချိန် တစ်နာရီ သို့...နှစ်နှစ်နာရီလောက်
 
ပေးဆပ်လိုက်ရင် အဆင်ပြေနိုင်ပါတယ်၊ ဒါက စကားအဖြစ်ပါ လက်တွေ့ကြတော့
 
အလွယ်ကြီးမဟုတ်ပါ၊ ကဲဘာပဲဖြစ်ဖြစ် စိန်ခေါ်မှုတိုင်းမှာ လွတ်မြောက်မှုနဲ့ အောင်မြင်ဆိုတာ
 
ရှိနေပြီးသားပါ၊ ဆန်းသစ်တီထွင်မှုတွေနဲ့ လူသားကမ္ဘာကို အလှဆင်နေကြတဲ့
 
Today technology ရဲ့ အံမခန်းမှုတွေက ကျနော်တို့ရဲ့ ဘ၀အမောလေးတွေကို
 
တစ်နည်းမဟုတ် တစ်နည်းဖြင့် ဖြေရှင်းပေးနေကြတာပါ။
 
အခုကျနော် ပြန်လည်မျှဝေပေးလိုက်တဲ့ Apk လေးကတော့ မိမိစမတ်ဖုန်းမှာ
 
အင်စတောလုပ်ထားပြီး ကမ္ဘာကျော် ရုပ်ရှင်ကားကြီးတွေကို
 
ဘာသာပေါင်းမျိုးစုံသို့ ဘာသာပြန်ယူနိုင်မယ့် တစ်ခုတည်းသော ဆော့ဝဲလေး
 
ဖြစ်ပါတယ်ခင်ဗျာ။ ခက်ခဲလှတဲ့ Theory တစ်ခုဟာ သင်သွာလေရာကို
 
ပါနေတဲ့ အပျင်းပြေကလစ်ရာ တစ်ခုဖြစ်တဲ့ သင့်ဖုန်းလေမှာ ဒီဆော့ဝဲလေးသာ
 
ရှိနေခဲ့ရင် အများခေါင်းစားပြီး လိုက်ရှာနေကြရတဲ့ ပညာရှင်တို့ရဲ့ srt လေးကို
 
အလွယ်တကူဖန်တီးယူနိုင်ပါပြီ။ တစ်ချို့သော ရုပ်ရှင်ကားတွေမှာ တိုက်ရိုက်စာတန်းထိုး
 
တွေမပါလာတတ်ပါဘူး ဒီလိုမျိုး ဇာတ်ကားတွေကိုလည်း ကိုယ်တိုင်အလွယ်တကူ
 
ဖန်တီးယူနိုင်မှာဖြစ်ပါတယ်၊ အထူးသဖြင့် မြန်မာစာအတွက် UTF.8: Unicode ပါတာကိုက
 
ဒီ ဆော့ဝဲလေးကို ရေးဆွဲထားတဲ့ Developer ကို ကျေးဇူးတင်မဆုံးပါ၊
 
ကဲဗျာ အခုတလော ခေတ်စားနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားကြီးတွေမှာ စာတန်းထိုးဆိုတဲ့
 
Srt,.ssa, .ass လေးတွေကို ဘယ်လိုဖန်တီးယူသလဲ၊ သို့မဟုတ် မိမိဖုန်းလေးထဲမှာ
 
ကိုယ်တိုင် Srt ဖန်းတီးသူ Pro ကြီးတစ်ယောက်ဖြစ်ချင်ရင်တော့
 
ကျနော် တင်ပေးထားတဲ့ ဆော့ဝဲလေးကိုသာ အင်စတောလုပ်ပြီး
 
စိတ်ကြိုက်စမ်းသပ် ကလစ်နိုင်ပါပြီ။ Size  1.8 MB ရှိပါတယ်။
 
2.3 အထက် ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။
 

 
 
 
 
 
 
Key features

 Supported formats: SubRip (.srt) and SubStation Alpha (.ssa/.ass)
 Supports multiple characters encoding
 Lines can be added, removed and modified one by one
 Apply a time offset to all lines or a subset of lines
 Load files from the external storage
 Launch the associated video directly from the application
 (if there is a video file with the same name)

Content on the advanced mode (available as in-app purchase)
 Split files
 Merge 2 subtitle files
 Create files
 Delete files
 Search in the subtitle
Multiple line selection

 
ပြုလုပ်ထားပြီးသာ Srt နဲ့ ရုပ်ရှင်ကားများကို
 
MX Player Pro နဲ့ကြည့်မှ အဆင်ပြေမှာဖြစ်ပါတယ် 
 
ဒီ Player မှာလည်း စာတန်းထိုးကို ပြုလုပ်နိုင်ပါသေးတယ်
 
အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါ

Download Here

 
စာတန်းထိုး Srt များကို ဖန်တီးနိုင်တဲ့ Easy Subtitles v1.8.3 လေးကိုတော့
 
အောက်ကလင့်တွေမှာ ဒေါင်းယူလိုက်ပါ။


Download Here

OR

Download Here

OR

Download Here

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)





**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

No comments:

Post a Comment