Tuesday, July 9, 2019

Apple ID ရဲ့ မမှတ်တော့တဲ့ Security Questions ကို Reset ပြုလုပ်နည်း


Apple ID ရဲ့ မမှတ်တော့တဲ့ Security Questions ကို Reset ပြုလုပ်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် How to Reset Forgotten Apple ID Security Questions ဆိုတဲ့
(article) ပိုစ့်တစ်ခုကို နားလည်သလောက် ဘာသာပြန်ပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။

iPhone, iPad ဆိုတာနဲ့ Apple ID ကြီးကို အားလုံးသူ သတိထားမိနေကြမှာပဲဖြစ်ပါတယ်၊
ဟုတ်ပါတယ် iOS Devices ဆိုရင်တော့ Security ပိုင်းအရ Apple ID တစ်ခုက အရေးပါလှပါတယ်။



ကိုယ်ပိုင် Apple ID တစ်ခုရှိနေပါမှ အသုံးပြုရတာ ပိုအဆင်ပြေသလို Security ပိုင်းတွင်လည်း
owner တစ်ယောက်အတွက် Professional protect ကိုပြုလုပ်ထားပေးခြင်းလည်းဖြစ်နိုင်ပါတယ်။

iPhone, iPad ကိုစတင်အသုံးပြုမယ့် သူတိုင်းမှာ Apple ID အကောက်တစ်ခုကို ပြုလုပ်ကြတဲ့အခါ
Team က Security အနေဖြင့် Questions သုံးခု ဖြည့်စွက်ခိုင်းလေ့ရှိပါတယ်၊ ဖွင့်လှစ်တုန်းကတော့
လွယ်ကူပြီး မှတ်မိလောက်တဲ့ Questions & Answer များကို ရွေးချယ်ပြီး ဖွင့်ကြတာများပါတယ်။

ဒါပေမယ့် အချိန်ကြာလာသည်နှင့်အမျှ ဟိုအရင်တုန်းက Questions အတွက် 
Answer ကိုမှတ်မိနေဖို့ဆိုတာ တကယ်မလွယ်တော့တဲ့အရာဖြစ်ပါတယ်၊
 (Note စသည်တို့တွင် ရေးမှတ်သိမ်းဆည်းထားခြင်းမျိုးမဟုတ်)

Apple ID အကောက်တစ်ခု ဖွင့်ရတာ အခက်ကြီး မဟုတ်ဘူးဆိုပေမယ့် 
ပိုင်ဆိုင်ထားတဲ့ Apple ID သာ Password ကိုမေ့သွားရင်တော့ လေပါပြီဆရာပဲ... 
Bypass way ကိုမသိသေးသ၍တော့ iOS ရဲ့ Security ပိုင်းကို လွယ်ကူပြီး ကျော်ဖြတ်နိုင်ဖို့ဆိုတာ... 
ဘယ်ပြောကောင်းမလဲ မနက်သာလင်းသွားမယ်...မိုင်တိုင် တွေ ကုန်သွားမယ်။

တကယ်လို့ Apple ID အကောက်ရဲ့ Password ကိုမေ့နေခဲ့ရင်တော့ Software များဖြင့် 
Hardware နည်းများဖြင့် အခြားသော Tip & Trick များဖြင့် Bypass way ကို 
မကျွမ်းကျင်းဘူးဆိုရင်တော့ ရိုးရိုးလေးအတိုင်း မေ့နေတဲ့  Password ကို Reset ချပေးပြီး
 ပြန်လည် New Password တစ်ခု ဖန်တီးယူကြမှာပဲဖြစ်ပါတယ်။

New password တစ်ခုကို အလွယ်တကူ ပြန်လည် ရယူနိုင်ဖို့က ပြောသလလောက်မလွယ်ကူတဲ့ Security ပိုင်းကတော့ iOS Device ပဲဖြစ်မှာပါ၊ Step တွေကျော်ဖြတ်ပြီးလို့ Security Questions ပိုင်းကို ရောက်တဲ့အခါ ပြသနာက စတော့တာပါပဲ...

Questions များအတွက် ပေးထားခဲ့တဲ့ Answer တွေကိုသာ မမှတ်မိရင်တော့ 
Old password ကို Reset ပြုလုပ်ပြီး New တစ်ခု ပြန်လည်ဖွင့်ယူဖို့ဆိုတာ iOS ရဲ့ 
Security Team ကို အိမ်မက်နဲ့ သရဲခြောက်မိနေသလို ဖြစ်နေမှာပါ။


သတိထားရမည့်အပိုင်း
============
Apple ID စဖွင့်တုန်းက Restore Point ကို အောက်ပါ အချက်အလက်များဖြင့်
Security Team မှ ချပေးထားပါတယ်၊ လေ့လာကြည့်လိုက်ပါ။


1။ Three Questions
2. Recovery G-mail
3. Phone number


Restore Point ကိုလည်း သတိရပါလျှက်နဲ့ ဘယ်လိုမှ မမှတ်မိနိုင်လောက်တော့တဲ့ 
Security Questions တွေကို ပြန်လည် Reset တစ်ခု ပြုလုပ်ယူချင်တယ်ဆိုရင်တော့
 အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်ရယူနိုင်မှာပဲဖြစ်ပါတယ်။


Apple ID Security Questions ကို Reset ပြုလုပ်နည်း
=============================
Apple ID Security Questions ကို Reset ပြုလုပ်နိုင်ရန်အတွက် Restore point အတိုင်း
Official မှချပေးထားသည့် နည်းလမ်းများအတိုင်း Recovery Gmail ကိုသာ အဓိကထားပြီး
Reset ပြုလုပ်ယူရမှာပါ၊ ဒီတော့ အောက်ပါ Step လေးများအတိုင်း ပြုလုပ်ကြည့်လိုက်ပါ။

၁။အောက်ပါလင့်တွင် (သို့) မိမိဖုန်းရဲ့ Browser များတွင် Apple ID ကို Sign in ပြုလုပ်လိုက်ပါ။

 appleid.apple.com


 ၂။ “Change Questions” ဆိုတာကို နှိပ်လိုက်ပါ။

 “Reset your security questions” ဆိုတာကိုထပ်နှိပ်ပါ။

 ၄။ မိမိ Gmail inbox ကိုစစ်ကြည့်လိုက်ပါ၊ Security Team မှ ပို့ပေးထားသော
Reset ချရန်လင့် ရောက်နေပါလိမ့်မယ်၊ (အချိန်မကြာပါ ချက်ချင်းပို့ပေးပါတယ်)

၅။  “Reset Now” ဆိုတာကိုနှိပ်ပေးလိုက်ပါ၊ အောက်ထပ် စာမျက်နှာတစ်ခု ပွင့်သွားပါလိမ့်မယ်၊
 Apple ID အကောက်ကို တစ်ကြိမ်ထပ်ဝင်ခိုင်းဦးမှာဖြစ်တဲ့အတွက် sign-in လုပ်ပြီး ထပ်မံဝင်ပေးလိုက်ပါ။

၆။ Apple ID ကို ထပ်မံ Sign in ပြုလုပ်ပြီးရင်တော့ အောက်ပါပုံအတိုင်း Apple ID ရဲ့
security questions များကို အသစ်တစ်ခုထပ်မံ ပြုလုပ်ရယူနိုင်ပါပြီ။


၇။ Security Question များအတွက် မှတ်မိလွယ်မယ့် Answer များကို စိတ်ကြိုက်
ရွေးချယ်ပေးပြီးရင်တော့ Continue >Update ဆိုပြီး ဆက်လက် ပြုလုပ်ပေးလိုက်ပါ။


(မှတ်ချက်) ဖေါ်ပြပါ နည်းလမ်းသည် Password မေ့နေတဲ့ Apple ID ၏
Security Questions များကို Reset ချနည်းမဟုတ်ပါ။


လက်ရှိအသုံးပြုနေဆဲ Password သိပြီး အကောက်အသစ်ဖွင့်လှစ်တုန်းက
ပေးထားခဲ့တဲ့ Security Questions များကို Reset ပြုလုပ်ပြီး အသစ်တစ်ဖန်
ပြန်လည် ပြုလုပ်ရယူနည်းပဲ ဖြစ်ပါတယ်။




အားလုံးကိုကျေးဇူးတင်ပါတယ်



Ref-www.unlockboot.com




ဇူးနစ်(နည်းပညာ)
 
#kolinn
 
 

No comments:

Post a Comment