Tuesday, June 11, 2019

⚠ Inbox ထဲဝင်လာတဲ့ Email တိုင်းကို မယုံလိုက်ပါနဲ့ ⚠


တခါတလေ ကိုယ် မသိတဲ့ Email address တွေကနေ အကြောင်းအရာ ဆီလျော်မှုမရှိတဲ့ Email တွေ၊

 အရမ်းအရေးကြီးလို့ အခုချက်ချင်း လုပ်ပေးပါဆိုတဲ့ Email တွေ၊ ပေးထားတဲ့ Link တွေကို နှိပ်ပေးပါ 

အစရှိတဲ့ Email တွေကို လက်ခံရရှိနေတယ်ဆိုရင် ပြောတဲ့ အတိုင်း အလောတကြီး မလုပ်လိုက်ပါနဲ့ 

ဘာလို့လဲဆိုတော့ Phishing email တွေဖြစ်နိုင်လို့ပါ။

Phishing Email ဆိုတာ မသမာသူတွေက email ကနေ ဆက်သွယ်ပြီး မိမိရဲ့ အရေးကြီး 

အချက်အလက်တွေဖြစ်တဲ့ Bank နဲ့ Credit card အချက်အလက်တွေ၊ Username Password တွေ၊ 

Personal information တွေကို တဖက်လှည့်ခိုးယူတာဖြစ်ပါတယ်။

🤨 Phishing Email ဟုတ်မဟုတ် အခုလိုစစ်ဆေးကြည့်နိုင်ပါတယ်။


ပို့လာတဲ့ “From” Email Address က ကိုယ်သိ့တဲ့ ကုမ္ပဏီ အဖွဲ့အစည်းနာမည်တွေနဲ့

ခပ်ဆင်ဆင်ဖြစ်နေတက်ပါတယ်။ ဥပမာ။ admin@abc.com အစား administrator@a-bc.com

“Urgent action required” “Your account will be closed” အစရှိတဲ့ အခုချက်ချင်းပြုလုပ်ပေးဖို့

 ခြိမ်းခြောက်တဲ့ ပုံစံနဲ့ Subject မှာ ရေးတက်ကြပါတယ်။

Phishing လုပ်တဲ့ အခါမှာ မသမာသူတွေက တစ်ကြိမ်မှာ ထောင်ချီတဲ့ Email တွေကို ပို့တဲ့ အတွက်


Email မှာ ကိုယ့်နာမည်အစား Dear Customer (သို့) Dear Member အစရှိတဲ့ ယေဘုယျဆန်တဲ့

အသုံးမျိုးသုံးတက်ပါတယ်။

Phishing Email မှာ Link တွေပါတက်ပါတယ် အဲဒီ Link တွေကို

 နှိပ်ကြည့်လိုက်မယ်ဆိုရင် ကိုယ် အသုံးပြုနေကျ Website နဲ့ ပုံစံတူ Website

 အတုဆီကို ခေါ်ဆောင်သွားပါတယ်။


အဲဒီ Website ကို ယုံကြည်ပြီး Username နဲ့ Password တွေကို ထည့်သွင်းလိုက်မယ်ဆိုရင်

မိမိ အချက်အလက်တွေဟာ မသမာတွေရဲ့ လက်ထဲရောက်ရှိသွားမှာပါ။

Phishing Email တွေရဲ့ သိ့သာ ထင်ရှားတဲ့ အချက်က စာလုံးပေါင်းမှားနေတာ၊ သဒ္ဒါအသုံးပြုမှု

မှားယွင်းနေတာ၊ Attached file တွေပါ နေတာ အစရှိတဲ့ မှုမမှန်တဲ့ အချက်တွေပါရှိနေတက်ပါတယ်။

ဒါကြောင့် Email အသုံးပြုရာမှာ အရေးကြီးအချက်လက်တွေ လုံခြုံစိတ်ချမှုရှိစေဖို့

 Inbox ထဲ ဝင်လာတဲ့ Email တိုင်းကို ဂရုတစိုက် လေ့လာပြီးမှ အသုံးပြုဖို့ အကြံပေးလိုက်ပါတယ်။

#crd_zcm

#kolinn
 

No comments:

Post a Comment