Thursday, May 9, 2019

Pc ရဲ့ Chrome Browser ကို ဘယ်လိုမြန်အောင် လုပ်မလဲ

No photo description available.No photo description available.

Chrome browser အသုံးပြုနေတဲ့သူတွေ တစ်ခါတစ်ရံမှာ browser အတွင်းက cache တွေ

မရှင်းတဲ့အခါမျိုးမှာ memory အသုံးပြုမှုနှုန်းတွေ မြင့်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

Browser အတွင်းက cache တွေ၊ cookie တွေနဲ့ history တွေကို မရှင်းတာနဲ့ အမျှ system memory

သုံးစွဲမှုနှုန်းကလည်း မြင့်တက် လာနိုင်ပါတယ်။ ဒါကြောင့် Chrome browser ကို ပိုမိုမြန်ဆန်စွာနဲ့

အသုံးပြုချင်တဲ့သူတွေအတွက် ဖော်ပြထားတဲ့ နည်းလမ်းအတိုင်း လုပ်နိုင်ပါတယ်။

ပထမဦးဆုံး Chrome browser ကို ဖွင့်ပါ။ ပြီးရင် address bar မှာ http://bit.ly/2q8CcfI ဆိုတဲ့

ဝက်ဘ်ဆိုက်လိပ်စာကိုရိုက်ထည့်ပါ။ ဒါမှမဟုတ် Chrome browser ရဲ့ Web store ကိုသွားပါ။

search box မှာ click&clean ဆိုတဲ့ keywoard ကိုရိုက်ထည့်ရပါမယ်။

ဖော်ပြထားတဲ့ link ကို သွားပြီးပြီဆိုရင် Add to Chrome ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။

ဒါဆိုရင် သက်ဆိုင်ရာ extension ကို download လုပ်သွားပါလိမ့်မယ်။

Click&clean extension ကို download လုပ်ပြီးပြီဆိုရင် ညာဘက်ထောင့်အပေါ်နားမှာ

icon ကိုတွေ့ရ ပါလိမ့်မယ်။

အဆိုပါ icon ကို နှိပ်လိုက်ပါ။ ပြီးရင် cache ဒါမှမဟုတ် history အစရှိတဲ့ ခလုတ်တွေအပေါ် mouse

pointer တင်ပြီး အမှိုက်ပုံး ပုံကို နှိပ်လိုက်ရင် cache တွေ history တွေကို ရှင်းလင်းပေးသွားပါလိမ့်မယ်။

ဒါဆိုရင် Chrome brower ကို အသုံးပြုရတဲ့အခါမှာ အရင်ထက် ပိုမိုမြန်ဆန်စွာနဲ့ အသုံးပြုနိုင်မှာဖြစ်သလို

system memory သုံးစွဲမှုနှုန်းလည်း ကျဆင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။

#Credit to Original

#kolinn

No comments:

Post a Comment