Thursday, November 8, 2018


















<Unicode>
ဓာတ်ပုံကို ဓာတ်ပုံကောင်းကောင်းထွက်အောင် ဖုန်းနဲ့ ဘယ်လိုဓာတ်ပုံရိုက်မလဲဆိုတော့ စိတ်ရှုပ်သွားလားမသိဘူး.. Print ထုတ်ပြီးသား ဓာတ်ပုံတစ်ပုံ သို့မဟုတ် စာရွက်တစ်ရွက်ကို ဓာတ်ပုံ သို့မဟုတ် စာရွက်ရဲ့ ပုံစံလုံးဝမပျက်ဘဲ Image ဖိုင်လိုချင်ရင် Scanner နဲ့ဖတ်ရတယ်.. Scanner မရှိဘဲ ဓါတ်ပုံကို ဓာတ်ပုံရိုက်လိုက်ရင် စောင်းတာတွေ၊ အလင်းအမှောင်မမှန်တာတွေဖြစ်တယ်လေ.. ဒါပေမယ့် စိတ်မပူပါနဲ့ Google က ထုတ်ထားတဲ့ Photoscan ဆိုတဲ့ apk လေးရှိရုံနဲ့ ဓာတ်ပုံကို ဖုန်းနဲ့ Scan ဖတ်နိုင်ပါပြီ.. ကိုယ် Scan ဖတ်ချင်တဲ့ ဓာတ်ပုံ သို့မဟုတ် စာရွက်ကို ချိန်ပြီး တစ်ချက် ရိုက်လိုက်.. အဝိုင်းလေး ၄ ခုပေါ်လာမယ်.. အလယ်က အဝိုင်းကြီးကို အဲဒီ အဝိုင်းလေးတွေနဲ့ တစ်ခုချင်း လိုက်ထပ်ပေးလိုက်ပါ.. ပထမ အဝိုင်းလေးကို လိုက်ထပ်ပေးလိုက်ရင် အစဉ်လိုက် လိုက်ထပ်ရမယ့် အဝိုင်းလေးတွေကို မြားပြပေးထားလိမ့်မယ်.. အဲဒီအတိုင်း လိုက်ထပ်ပေးလိုက်.. ရိုးရိုးဓာတ်ပုံရိုက်သလိုမဟုတ်တော့ဘဲ Scan ဖတ်ထားသလို ပုံတွေကို Scan ဖတ်ပြီးသားရလိမ့်မယ်...

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Download Photoscan v1.5.1.182070924.apk : 30.52 MB


 #kolinn(ဎ)



No comments:

Post a Comment