Wednesday, July 25, 2018

SIM apk ဆင်းကဒ်အချက်အလက်လေးတွေကို ကြည့်လိုရင်


SIM Card တွေရဲ့ အချက်အလက်တွေကို သိရှိနိုင်တဲ့ ဆော့ဖ်ဝဲလေးပါ..။ ကျုပ်တို့လို သာမန်သုံးစွဲသူတွေ

အနေနဲ့ကတော့.. IMEI ဆိုတာ ဘာမှန်းမသိဘူး. ဘယ်လိုရှာကြည့်ရမှန်းလည်းမသိဘူး..လေ..။ ဒီတော့

ဒီကောင်လေးသာဆောင်သား ကိုယ့်ဖုန်းတစ်ခုခုဖြစ်ရင် မင်းဖုန်းရဲ့ IMEI က ဘာလဲ..လို့မေးလာရင်တော့

မသိဘူးဆိုရင် နဲနဲအခက်တွေ့မယ်..။ ဒီ SIM နဲ့ ပတ်သက်လို့ရတော့ ဂူးဂဲလ်မှာ များစွာ တွေ့ရှိရပါတယ်..။

ဒီကောင်လေးကတော့ ကောင်းသလားကောင်းတယ် မကောင်းသလားမကောင်းဘူးပေါ့ဗျာ..။ ကိုယ်က

ဒီဆော့ဖ်ဝဲရဲ့ အစွမ်းသတ္တိကို ပြည့်ပြည့်၀၀ နားမလည်တဲ့အတွက် သူ့ကောင်းကြောင်းကို ချီးမွမ်းပြောဆိုဖို့

ကြတော့ အားနဲသွားပြီ...။ ဖုန်းပြင်စားတဲ့သူတွေ ဖုန်းပြင်နည်းသင်တန်းတွေ တက်ရောက်နေသူတွေက

တော့ သိမှာပေါ့ဗျာ..။ ကိုယ်ကတော့ ရတတ်ရာရာလေးတွေ လိုက်ရှာပြီး တင်နေသူဆိုတော့လည်း ခွင့်

လွတ်ကြလေကုန်...။ မသိတာကို မသိဘူးပေါ့ဗျာ..။ သို့သော် ကိုယ့်အနေနဲ့ လမ်းစရုံလောက်တော့ လမ်း

ပြပေးနိုင်တာပေါ့..။ သိတဲ့သူတွေကတော့ အချိန်ရရင်ရသလို ကိုယ်သိထားတာတွေကို ရေးပေးကြဖို့လည်း

တိုက်တွန်းချင်ပါတယ်...။ ကဲ ဒါပါဘဲဗျာ...

Play Store လင့်ကတော့ SIM နှင့်ပတ်သက်လို့ များစွာသော ဆော့ဖ်ဝဲတွေ ရှိရာလင့်ကိုဘဲ ချိတ်လိုက်

တယ်ဗျာ...ရှာရတာ လွယ်ကူအောင်ပေါ့...။

 
 
#kolinn
 
 
 

No comments:

Post a Comment