Friday, January 5, 2018

ဖုန်းစက်ပြားပေါ်ရှိ Component များ အလုပ်လုပ်ပုံနှင့်တိုင်းတာနည်း

ဖုန်းစက်ပြားပေါ်ရှိ Component များ
အလုပ်လုပ်ပုံနှင့်တိုင်းတာနည်း 🤔
#About_Diode (သေသေချာချာဖတ်စေချင်ပါတယ်)😎
******************************************************
#အလုပ်လုပ်ပုံ
=========
Diode ​တွေမှာ Anode နဲ့ Cathode ဆိုပြီး
အ​ပေါင်းအနှုတ်​ရှိပါတယ်​။
Anode(A) ကအ​ပေါင်း
Cathode(K) ကအနှုတ်
Diode တွေဟာ DC ဗို့ အားကို
တစ်ဖက်တည်းကိုပဲဖြတ်သန်းခွင့်ပြုတယ်။
AC ကနေ DC ကိုပြောင်းလဲပေးနိုင်တယ်။
ဥပမာ - တစ်ဖက်က အေစီဝင်လာတယ်ဆိုရင်
တစ်ဖက်က ဒီစီပြန်ထွက်သွားမယ်။
ဖုန်းမှာအသုံးပြုထားတဲ့ Diode 6 မျိုးရှိတယ်။
#Zener_Diode
DC ဗို့ ကိုလျော့ချပေးဖို့ လိုတဲ့နေရာတွေမှာသုံးတယ်။
အပေါင်း နဲ့ အနှုတ်ကိုခွပြီးတပ်ဆင်ထားတဲ့အတွက်
သူ Short ကျပြီဆိုတာနဲ့ အပေါင်း နဲ့ အနှုတ်
ပူးသွားပြီးပါဝါသေသွားတယ်။
#LED ( Light Emitting Diode )
ဗို့ အားတစ်ခုဖြတ်စီးသွားတာနဲ့ 
အလင်းရောင်ထုတ်ပေးတဲ့အလုပ်ကိုလုပ်တယ်။
လိုအပ်တဲ့ ဗို့ ပမာဏမရောက်ရင်
LCD မှိန်မှိန်လေးပေါ်နေတာတို့ ၊
ဟိုတစ်ကွက် ဒီတစ်ကွက်လင်းနေတာတို့ ၊
လုံးဝမလင်းတော့တာတို့ ၊
Screen တစ်ခုလုံးဖွေးနေတာတို့ ဖြစ်တယ်။
#Schottky_Diode
Frequency မြင့်တဲ့လှိုင်းတွေကိုတုန့် ပြန်ပေးနိုင်တယ်။
Back Light ပိုင်းမှာသုံးတဲ့ Frequency က
1.2 MHz လောက်ရှိတဲ့အတွက်
အဲဒီနေရာမှာတွေ့ တဲ့ ဒိုင်အုပ်တွေဟာ
Schottky Diode တွေဖြစ်တယ်။
Back Light ပိုင်းမှာ Boot Driver
အနေနဲ့ သုံးတဲ့အတွက်သူတို့ ပျက်ပြီဆိုရင်
ပါဝါတော့မသေပါဘူး။
ဒါပေမယ့် LCD အလုပ်မလုပ်နိုင်တော့ပါဘူး။
#ESD/TVS Diode
Electrostatic Discharge (တည်ငြိမ်လျှပ်စစ်အား) နဲ့ 
Spark (မီးပွင့်လို့ ဖြစ်လာတဲ့လျှပ်စစ်ဓါတ်အား)တွေ
စီးဝင်လာတာကိုကာကွယ်ပေးနိုင်တယ်။
ဘာလို့ လဲဆိုတော့ဖုန်းထဲမှာသုံးနေတဲ့
တစ်ချို့ အိုင်စီတွေက တည်ငြိမ်လျှပ်စစ်စီးဝင်မှုကို
2V လောက်ပဲခံနိုင်ရည်ရှိတယ်။
လူ့ ကိုယ်ကနေထွက်နေတဲ့တည်ငြိမ်လျှပ်စစ်ဟာ
2V ကျော်ပြီဆိုတာနဲ့ CMOS IC တွေပျက်သွားနိုင်ပါတယ်။
ဒါ့ကြောင့် User Interface (UI) ပါတ်လမ်းတွေမှာ
ESD Diode တွေကိုသုံးထားပေးတာပါ။
သူတို့ ပျက်ပြီဆိုရင်
Touch ကြောင်တာတွေဖြစ်လာနိုင်ပါတယ်။
#Photo_Diode
သူတို့ ကို ပါတ်လမ်းပေါ်မှာ Sensor အနေနဲ့ သုံးတယ်။
အလင်းရောင်ကိုအာရုံခံပြီး
55 KHz ပမာဏခန့် ရှိတဲ့ Frequencyကို
အိုင်စီတွေဆီထုတ်ပေးတဲ့အလုပ်ကိုလုပ်တယ်။
သူတို့ Short ကျပြီဆိုရင်တော့
ပါဝါသေသွားတာတွေ ၊
Firmware ကျနေသလိုမျိုး Logo မှာပဲရပ်နေတာတွေ ၊
Touch မရတာတွေ
နောက်ပြီး တစ်ဖက်လူက ဖုန်းချမှ
ကိုယ့်ဖက်ကဖုန်းချလို့ ရတာတွေ ဖြစ်တတ်ပါတယ်။
#Rectifier_Diode
ဗို့ အားကိုတစ်ဖက်တည်းစီးစေတဲ့အတွက်
Battery အ၀င်လမ်းတို့ 
USB အ၀င်လမ်းကြောင်းတို့ မှာအဓိကသုံးတယ်။
ဗို့ ပေးသွင်းတဲ့နေရာမှာ အပေါင်း အနှုတ်
မှားပြီဆိုတာနဲ့ အိုင်စီတွေပျက်တတ်တော့
အိုင်စီတွေအပျက်အစီးနည်းအောင်
သူတို့ ကိုအဖြည့်ခံအဖြစ်သုံးတယ်။
အပေါင်း အနှုတ် မှားပြီဆိုတာနဲ့ 
အိုင်စီတွေမပျက်အောင်သူတို့ ကိုခံထားတဲ့အတွက်
သူတို့ Short ကျပြီဆိုတာနဲ့ ပါဝါသေသွားတယ်။
#ပျက်တတ်ပုံ
========
အပေါင်းအနှုတ်မှားပေးလိုက်ရင်ပျက်တယ်။
ဒါက ရိုးရိုးရှင်းရှင်းလေးပြောတာပါ။
#တိုင်းတာပုံ
=======
မီတာမှာ ဒိုင်အုပ်စကေးမှာထား
ဘယ် Diode တိုင်းတိုင်းနော်😎
အနီလက်တံကို ဂရောင်းချ
အနက်နဲ့ ဟိုဖက်ထိပ် ဒီဖက်ထိပ် တစ်လှည့်စီထောက်
►တစ်ဖက်ပဲ တန်ဖိုးပြနေတယ်ဆိုရင်ကောင်းတယ်။👍
►နှစ်ဖက်စလုံးတန်ဖိုးပြနေတယ်ဆိုရင် ရှော့ကျနေတယ်။😒
►နှစ်ဖက်စလုံးတန်ဖိုးမပြဘူးဆိုရင် ပျက်နေပြီလို့ သာမှတ်။😭

Google Play က Free App တွေကို ကွန်ပျူတာသို့ Download ချနည်း အခုပြောမယ့်နည်းလေးကတော့ ဖုန်းကနေ google play ကိုဝင်ပြီး download ဆွဲရတာအဆင်မပြေတဲ့သူတွေအတွက်ပါ ဘာကြောင့်လဲဆို့ မြန်မာမှာဆို လက်ကို မခံတာ အားလုံးတော့ မဟုတ်ဘူးပေါ့လေ တော်တော်များများ ၉၈%လောက်က မရပါဘူး ဒီတော့ ဘယ်လိုဒေါင်းမလဲ ဆိုတာကို ခဏခဏလာလာမေး တတ်ကြပါတယ် ဒီပြသနာကို အဆင်ပြေအောင်လို့ ပိုစ့်တစ်ခု တင်ပေးလိုက်တာပါ ဘာမှ ခက်တာတော့ မဟုတ်ပါဘူး မသိလို့ သိရင်လွယ်တယ် မဟုတ်လား ဟီး ပထမ လိုအပ်တာလေးတွေက တော့ Google Chrome version 20.0 နှင့် အထက် web browsers ကို စက်မှာ အင်စတော လုပ်ထားပါ ဒါကိုတော့ တင်မပေးတော့ပါဘူး အလကားရတာ ဘယ်မှာဒေါင်းဒေါင်းရတယ်လေ နောက် Apkdownloader လေး ဒေါင်းရပါမယ် အောက်မှာ ထည့်ပေးလိုက်ပါတယ် ကဲ Google Chrome ကို စက်မှာထည့်ထားပြီးပြီလို့ ယူဆထားလိုက်ပြီ ဆက်ကြည့်လိုက်ရအောင် ဒတ်စတော့ပေါ်က Google Chrome အိုင်ကွန်မှာ မြှားတင်ပြီး ညာကလစ်နှိပ်ပါ နောက် Properties ကို နှိပ်ပါ ပေါ်လာတဲ့နေရာမှာ Shortcut Tab ကိုရွေးလိုက်ပါ နောက် Target : နေရာက ဘောက်မှာ စာတွေ ရှိပါတယ် အဲစာမှာ ပြင်ရပါမယ် Gtalk ပွားတာနဲ့ ဆင်တူပါတယ် ဖြည့်တဲ့ စာပဲ ကွာသွားတာ ဘာဖြည့်ရမလဲ ဆိုတော့ Chrome.exe နေရာမှာ spacebar ခြားပြီး --ignore-certificate-errors ဆိုတာလေးထည့်ပေးလိုက်ပါ နောက် OK နှိပ်ပြီး Google Chrome ကို ပြန်ဖွင့်လိုက်ပါ နောက် Google Chrome ဘယ်ဖက်မှာ Extensions ဆိုတာ ရှိပါတယ် အဲဒါကိုနှိပ်ပါ Apkdownloader လေးမရှိရင် ရှာပေးလိုက် နောက် Apkdownloader အောက်က Option ကို နှိပ်ပါ နောက် မိမိ မေးလ်ရယ် ပတ်ဝရယ်အဲမှာ ဖြည့်ရမယ် နောက်တစ်ခုက Android ID ကိုဖြည့်ရပါမယ် Android ID က ၁၆ လုံးရှိပါတယ် ဒါကို မိမိ ဖုန်းကနေ ရှာရမှာပါ ရှာပြီးထည့်ပါ မတတ်ရင်လဲ တတ်တဲ့ သူရှာခိုင်းလိုက်နော် ဖုန်းအားလုံးအတွက် ကျွန်တော် ရေးလို့ အဆင်မပြေလို့ပါ ဖြည့်ပြီးတာနဲ့ login လုပ်ပါ နောက် Sim Operator ဆိုတဲ့နေရာလေးမှာ မိမိကြိုက်ရာနိုင်ငံနဲ့ ဖုန်းလိုင်းကို ရွေးပေးလိုက်ပါ နောက် Save Setting ကိုနှိပ်ပါ ဒါဆိုရင် ဒေါင်းလို့ရပါပြီ အဲ မရဘူးဆိုရင်တော့ login လုပ်တာကို ပြန်ထွက်ပြီး နှစ်ခါသုံးခါလောက် ပြန်ဝင် ပြန်ထွက်လုပ်ပေးပါ အဆင်ပြေသွားပါလိမ့်မယ် Download Apkdownloader Mediafire

Cheap Offers: http://bit.ly/gadgets_cheap

No comments:

Post a Comment