Wednesday, March 8, 2017

♪ “အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ” ♫


Image may contain: one or more people, phone and text
မေး - အစ်ကိုရေ ညီမလေးဖုန်းက အခု Sim မသိတော့ပါဘူး။ No Sim ဖြစ်နေတယ်။ အရင်ကဆို Ooredoo, Telenor, MPT ကြိုက်တာထည့် Sim သိတယ်။ ကျေးဇူးပြု၍ ပြောပြပေးပါဦးအစ်ကို။
ဖြေ - ဟုတ်ကဲ့။ ညီမလေးရေ အဲ့လို Ooredoo ထည့်လိုက်၊ Telenor ထည့်လိုက် ခဏခဏလုပ်နေပြီး MPT ထည့်ရင် Sim မသိဘဲဖြစ်သွားတတ်တယ်။ အဲ့လို Sim Card ကို ခဏခဏချိန်ပြီး မသုံးသင့်ပါဘူး။ ညီမလေး ဖုန်းလည်း အခုအဲ့လို Sim Card ခဏခဏချိန်သုံးလို့ Phone ရဲ့အတွင်းထဲမှာ Hardware Error တတ်သွား တာပါ။ Service ဆိုင်မှာပြမှ အဆင်ပြေပါမယ်။ ညီမလေးရေ ညီမလေးအနေနဲ့ နောက်ဆို အဲ့လိုခဏခဏ ထုတ်လိုက်၊ ထည့်လိုက် မလုပ်ပါနဲ့လို့ အစ်ကို့အနေနဲ့ အကြံပြုပါရစေ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G730 ဖုန်းပါ။ ကျွန်တော်က ဖုန်းနဲ့ဂိမ်းတော့ဆော့တယ်ဗျ။ အစပိုင်းတုန်းက ဘက်ထရီက အား ခံပါသေးတယ်။ ခု အားသွင်းလည်း မ၀င်တော့ဘူး။ ဘက်ထရီက ကောင်းပါသေးတယ်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက ဘက်ထရီက အစ်ကိုဂိမ်းဆော့တာများပြီး ဘက်ထရီရဲ့ Ampera Cell တွေ သေသွားတာပါ။ အရင်ဆုံး အစ်ကို့ဖုန်းရဲ့ဘက်ထရီကို အသစ်လဲသုံးကြည့်ပါ။ မရရင်တော့ နီးစပ်ရာ Service ဆိုင်ကိုသွားလိုက်ပါဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G610 ပါ။ GSM နှစ်ကတ်ထိုးပါ။ Sim 1က သုံးရပြီး Sim 2 က တက်လိုက် ကျလိုက်ဖြစ်နေတယ်။ တစ်ခါတစ်ရံမှသုံးလို့ရတယ်။ အဲ့ဒါ ဘယ်လိုဖြစ်တာလဲ။ ရှင်းပြပေးပါခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Sim 1 က အလုပ်လုပ်ပြီး Sim 2 က အလုပ်မလုပ်ဘူးဆိုတော့ ဖုန်းဆားကစ် ပြားပေါ်မှာပါတဲ့ Network ပိုင်းက အလုပ်မလုပ်နိုင်ဘူးလို့ ယူဆလို့ရပါတယ်။ ဖုန်းကို Factory Rest ချကြည့်ပါ။ မရရင် နီးစပ်ရာ Service ဆိုင်ကိုသွားလိုက်ပါ။

မေး - ဆရာ ကျွန်တော့်ဖုန်းက G6 Huawei ဖုန်းပါ။ Sim ကတ်ထည့်လိုက်ရင် ပါဝါကီးနှိပ်လည်း မနိုးတော့ပါ ဘူး။ ဖုန်းစကားပြောမရတဲ့ဖုန်း ဖြစ်နေပါပြီ။ အဲ့ဒါ ဘယ်လိုကြောင့်ပါလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Sim ထည့်လိုက်မှ ပါဝါသေတာဆိုတော့ ဖုန်းဆားကစ်ပြားထဲက Sim လမ်း ကြောင်းလျှော့ကျနေလို့ပါ။ နီးစပ်ရာ Service ဆိုင်ကို သွားပြလိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။

မေး - ညီလေးဖုန်းက Huawei C8813 လေးပါ။ 3G မတက်တော့ဘူးအစ်ကို။ ပြင်ရင် ဘယ်လောက်ကျမလဲ ခင်ဗျာ။
ဖြေ - ညီလေးရယ် ပြင်ရင်တော့ 1000 လောက်ကျမယ်။ PA IC လဲရမယ်။ အခြေအနေရှိတယ်။ Software ပိုင်းနဲ့လုပ်ရင်တော့ရနိုင်ပါတယ်။ Software ပိုင်းနဲ့ဆိုရင် ရနိုင်ပါတယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက အားသွင်းကြိုးထိုးလိုက်ရင် Power သေသွားတယ်။ အားသွင်းကြိုးမထိုးရင်တော့ ဘာမှမဖြစ်ဘူး။ သုံးလို့ရတယ်။ ဘာဖြစ်တာလဲဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို အဲ့ဟာက USB ခေါင်းက အစွန်ဆုံးနှစ်ပင်ကိုချန်ထားပြီး အလယ်ပင်တွေကို အောက်ခြေအထိုင်နဲ့မထိအောင်လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ Data နဲ့ပတ်သက်တဲ့လမ်းကြောင်းတွေ မှာ Short ကျနေလို့ပါ။

မေး - Huawei 730U00 တစ်လုံး Earpeace မကောင်းလို့ပါ။ လဲချင်ပါတယ်။
ဖြေ - ကျွန်တော်က Earpeace ကို လဲလှယ်ပေးပေမယ့် ဖုန်းက Speaker မှာ အသံမထွက်တော့ပါဘူး။ တစ်ခါ Speaker ထပ်လဲပေးရပါတယ်။ ပြောချင်တာက Earpeace ဟာ Speaker ကြောင့် Error တက်ပါတယ်။ Earpeace က တကယ်တမ်းကောင်းပါတယ်။ Earpeace ကို သူ့ Original ပဲပြန်ထည့်တော့ အဆင်ပြေပါတယ်။ Speaker ကြောင့်လည်း Earpeace မှာ မကောင်းဘူးဆိုတာလည်းရှိပါတယ်။

မေး - ကျွန်တော့်ဖုန်းက G610 Huawei ဖုန်းပါ။ Touch ပေါ်မှာမရွေ့ရဘဲ Software တွေထဲဝင်သွားတယ်။ ပြီးတော့ ဂဏန်းတွေလည်း လျှောက်ပြေးနေတယ်။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - အရင်ဆုံး Factory Data Reset အရင်ချကြည့်ပါ။ မရရင်တော့ Touch လဲရပါမယ်။ တစ်ခါတစ်လေမှာ Touch အသစ်လဲကြည့်တယ်။ အဆင်မပြေတာမျိုးကြုံရပါတယ်။ ဒါကြောင့် Touch စလဲပြီဆိုကတည်းက Double Tape ကို နှစ်ထပ်ကပ်ရပါမယ်။ နှစ်ထပ်ကပ်တာ တစ်ခါတစ်လေမှာ Tape တစ်ထပ်တည်းနဲ့ အဆင်မပြေတာမျိုးကြုံလို့ပါ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment