Saturday, May 31, 2014

အိုဘာမား လမ်းဘေးဆင်းပြီး ဟမ်ဘာဂါစားတာနဲ့ ဝန်ကြီး ငပိရည်ကျိုစားတာ.. ဒီနှစ်ခုဟာ အတူတူပါဆိုတာ သက်သေပြချင်ရင် နောက်ခံလူနေမှုအဆင့်အတန်း တူအောင် အရင်ညှိပါ အဘရေ..

ဒါလေးက နည်းပညာနဲ့ မဆိုင်ပါဘူး။ စာသားကြိုက်လို့ ပါ။


 
စားဝတ်နေရေးမပြေလည်တဲ့ မိသားစုဆီက ထမင်းကပ်စားပြီး လူတန်းစား မခွဲခြားတတ်ပါဘူးဆိုတာမျိုး လုပ်ပြတာထက်..

ပြည်သူတိုင်းဟာ စားဝတ်နေရေးမပူပင် မကြောင့်ကြရတဲ့၊ ထမင်းဟင်းစုံစုံလင်လင်နဲ့ စားနိုင်တဲ့ လူလတ်တန်းစားတွေအဖြစ် မြှင့်ပေးနိုင်အောင် လုပ်ပေးရမှာ..

အဲဒီလိုမှ မဟုတ်ဘဲ ခင်ဗျားတို့စားသလို ကျုပ်လည်း စားနိုင်ပါတယ်ဗျာဆိုပြီး ကိုယ်စားသလို စားနိုင်အောင် သူတို့ပါဆွဲတင်တာမျိုး မဟုတ်ဘဲ ကိုယ်ပါ စားပြတာတာမျိုးတော့ လက်ခုပ်သံချူတယ်ပဲ မှတ်ပါရစေ..

ကျောင်းဝေးတဲ့ကလေးတွေကို ဆယ်ခါတစ်ခါ လမ်းကြုံလို့ ဖြစ်ဖြစ်၊ မကြုံကြုံအောင် အတင်းခေါ်ပြတာဖြစ်ဖြစ်.. အဲဒါမျိုးလေးတွေထက် အစတည်းက လမ်းကြုံတင် ခေါ်စရာမလိုတဲ့ ရွာတွေမှာ စာသင်ကျောင်းအလုံအလောက်ရှိတဲ့ ပညာရေးစနစ်မျိုးပဲ ကျောင်းသားတွေနဲ့ သူတို့မိဘတွေက လိုလားမှာပါ..

ခုများတော့ဖြင့် ပြည်သူက ဘာလိုချင်လို့ လိုချင်မှန်း မသိ.. ကင်ဆာအရင်မကုဘဲ လူမြင်ကောင်းအောင် ခြင်ကိုက်ဖု လာကုနေတယ်ပဲ ပြောပါရစေ..

အိုဘာမား လမ်းဘေးဆင်းပြီး ဟမ်ဘာဂါစားတာနဲ့ ဝန်ကြီး ငပိရည်ကျိုစားတာ.. ဒီနှစ်ခုဟာ အတူတူပါဆိုတာ သက်သေပြချင်ရင် နောက်ခံလူနေမှုအဆင့်အတန်း တူအောင် အရင်ညှိပါ အဘရေ..

မယ် ပိုး
=======
You might also l

No comments:

Post a Comment