Wednesday, July 9, 2025

အခုပဲ ​ပျော်​အောင်​နေလိုက်ပါ


ပိုက်ဆံ ဘယ်လောက်ရမှ ပျော်မယ်
အိမ်ကောင်းကောင်းနေနိုင်မှ ခရီးသွားတော့မယ်
ကားဝယ်စီးနိုင်မှ သူ့ဆီသွားမယ်
ကျမတို့တွေ အဲလိုတွေ တွေးတတ်ကြတယ်နော်  
တကယ် ပိုက်ဆံတွေ ရှိလာတော့ ပျော်စရာလည်း သိပ်မကောင်းတော့ဘူး
အိမ်ကောင်းကောင်းရှိတဲ့ အခါ နေမကောင်းလို့
ခရီး မသွားနိုင်တော့ဘူး
ကားကောင်းကောင်း စီးနိုင်တဲ့အခါ သူမရှိတော့ဘူး
အဲလိုမျိုးတွေ ဖြစ်တတ်ပါတယ်
ရှိတဲ့ အချိန်တိုင်း အချိန်တိုင်း အဖိုးတန်ပါတယ်
တန်ဖိုးထားပါ အကောင်းဆုံး ကြိုးစားပါ
ကိုယ် ချစ်တဲ့သူနဲ့ ပျော်အောင်နေပါ
ရေစက်ကုန်သွားရင် ပြန်ဆုံဖို့ မလွယ်တော့ဘူးလေ နော်။
#​ပျော်​အောင်​နေပါ