သင့်ဖုန်းမှာ အသုံးများတဲ့ Apk တွေ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ Apk တွေကို
တခြားသူသုံးလို့မရအောင် သော့ခတ်ထားနိုင်တဲ့ အလွယ်ကူဆုံးဆော့ဝဲလေးကို
ရှာဖွေပေးလိုက်ပါတယ်။
ဆော့ဝဲလေးရဲ့ နာမည်ကတော့ Applock & Hide လို့ခေါ်ပါတယ်။ Root မလိုပါဘူး..
အသုံးပြုနည်း
ဆော့ဝဲလေးထဲဝင်ပါ။
Password 4 လုံးကို နှစ်ကြိမ်းထည့်ပြီး Confrem လုပ်ပါ။
အထဲရောက်ရင် Setting ထဲသွားဖို့ Ok ပြပါမယ်။ Ok နှိပ်ပြီး Applock Hide
ပုံလေးကိုတွေ့ ရင် On ပေးလိုက်ပါ။ဒါဆိုရင်တော့ မိမိ သော့ခတ်ထားချင်တဲ့
Apk တွေကို No လိုက်လုပ်ပြီး သော့ခတ်ထားနိုင်ပါပြီ။
မိမိသော့ခတ်ထားတဲ့ Apk တွေကိုဖွင့်တိုင်း Password 4 လုံးကို ထည့်ပေးမှ ၀င်လို့ရပါတော့မယ်။
ဒီဆော့ဝဲလေးကို ဖျောက်ထားချင်ရင် Hide This App နေရာကိုနှိပ်ပြီး Hide App
ကိုအမှတ်ခြစ်ပေးလိုက်ရင် ဖျောက်သွားပါမယ်။ ဒီဆော့ဝဲလေးထဲ ပြန်ဝင်ချင်တဲ့အခါ
ဖုန်းခေါ်တဲ့နေရာကနေ 111 ကို Call လိုက်ရင် ဆော့ဝဲလေးထဲရောက်လာပါမယ်။
နမူနာပုံလေးတွေမှာ ကြည့်ပြီးအသုံးပြုနိုင်ပါတယ်။
ဒီနည်းနဲ့  Apk တွေကို အခြားသူတွေ သုံးလို့မရအောင် သော့ခတ်ထားလို့ရပါတယ်။
ဆော့ဝဲအားဒေါင်းယူရန်
No comments:
Post a Comment