Android ဖုန်းများတွင် “Android is starting” or “Android is upgrading”? များဖြစ်နေခဲ့လျှင်
မိမိဖုန်းများကို အလွယ်တကူ ဖြေရှင်းနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကြုံဖူးကြမှာပါ Android is starting ပဲပေါ်နေပြီးတော့ အချိန်အကြာပြီး Boot ကိုတက်မလာတော့တာ
Android is upgrading လည်းထိုနည်းအတူပါပဲ၊ နာရီပေါင်းများစွာ ထိုင်စောင့်လည်း တက်မလာတော့ပါ
ဒီတော့ အတွေ့အကြုံပိုင်းအရ ဒီလိုမျိုး ပြသနာ မကြုံဖူးသေးရင်တော့ ဖုန်းမှာ

Firmware လစ်သ သွားပြီလားမသိဘူး Firmware ပြန်ရေးရတော့မယ်၊
ဘယ်လိုလုပ်ရမလဲ ဆိုပြီး အုံးစားမယ့် ခြေလှမ်းစတင်ပါပြီ။
ဒီပြသနာ ဖြစ်လေ့ရှိတာက ဖုန်းကို Perform ကောင်းအောင်ဆိုပြီး

Factory reset ချလိုက်ရင် “Android is starting” or “Android is upgrading”? စသည်ဖြင့် မြင်နေရပြီး ရှေ့ဆက်တက်မလာတော့ပါ။
ဒီတော့ Firmware ရေးပေးရမယ့်ကိန်းလား (သို့) တည်းမဟုတ် ဖုန်းမှာ Firmware ကြွသွားပြီလား ဆိုတဲ့
Fear စိတ်ကို ခနမေ့ထားပြီး ယခုကျနော်ပြောပြမယ့် နည်းလမ်းလေးကိုသာ အရင်စမ်းသပ်ကြည့်လိုက်ပါလို့
ညွှန်းလိုပါတယ်၊ ကျနော့်တုန်းကတော့ အဆင်ပြေသွားတယ်၊ Firmware ကြွသွားတာလည်းမဟုတ်သလို
Firmware ထပ်တင်ပေးနေစရာလည်းမလိုပါ၊ Boot ထဲမှ cache များကို ရှင်းထုတ်ပေးလိုက်ရုံပါပဲ။

“Android is starting” ဖြေရှင်းနည်း
=====================
၁. ဖုန်းကို ပါဝါပိတ်လိုက်ပါ။
=====================
၁. ဖုန်းကို ပါဝါပိတ်လိုက်ပါ။
၂။ Recovery Mode သို့ဝင်လိုက်ပါ။
၃။ Recovery Mode တွင် Wipe cache ကို
ရွေးချယ်လိုက်ပြီး Clear or Delete ပြုလုပ်ပေးလိုက်ပါ။
၎။ Process ပြီးသွားရင် ဖုန်းကို Reboot ချပေးလိုက်ပါ။
၅။ ပြန်တက်လာရင် “Android is starting” or “Android is upgrading” ကို
အလွယ်တကူပဲ ဖြေရှင်းနိုင်ပြီဖြစ်တဲ့အတွက် Normal ဖြစ်သွားပါလိမ့်မယ်။
Samsung ဖုန်းများအတွက် Bootloop ဖြစ်နေခဲ့လျှင်
အလွယ်တကူ ဖြေရှင်နည်းကို ဆက်လက် တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ဇူးနစ်(နည်းပညာ)
No comments:
Post a Comment