Facebook က အွန်လိုင်း ဗီဒီယို ၀က်ဆိုက် YouTube ကို ယှဉ်ပြိုင်ဖို့
ကြိုးစားနေပါတယ်။ YouTube မှာတော့ ကြည့်ဖူးခဲ့တဲ့ ဗီဒီယိုများကို
ပြန်ရှာရတာ လွယ်ကူပါတယ်။ ဒါပေမယ့် Facebook မှာ ကြည့်ဖူးခဲ့တဲ့
ဗီဒီယိုများကို ပြန်ရှာရတာ အနည်းငယ်ရှုပ်ထွေးပါတယ်။ အထူးသဖြင့် ဗီဒီယိုကို
Share လုပ်သူ ၊ ဗီဒီယို တင်ထားတဲ့ Page အမည် စတာတွေကို မမှတ်မိရင်
အခက်တွေ့ပါပြီ။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ အဲဒါတွေကို မမှတ်မိရင်တောင်
ကြည့်ခဲ့ဖူးတဲ့ ဗီဒီယိုတွေကို ပြန်ရှာနိုင်တဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။
(၁) သင့်ရဲ့ Facebook App ကို ဖွင့်ပါ။ ညာဘက်ထိပ်မှ Menu ကို နှိပ်ပြီး Activity Log ကို နှိပ်ပါ။

(၂) Activity Log ထဲရောက်ရင် Filter ကို နှိပ်ပါ။

(၃) နောက်အဆင့်မှာ Videos Watched ကို နှိပ်ပါ။

(၄) ဒါဆိုရင် သင်ကြည့်ခဲ့ဖူးတဲ့ ဗီဒီယိုများကို လ၊ နေ့ရက်များ အလိုက် ခွဲခြား ပြသပေးထားပါတယ်။

(၅) သင် ပြန်ကြည့်ချင်တဲ့ ဗီဒီယိုကို ရှာတွေ့ရင် တစ်ချက်နှိပ်ပါ။ ဒါဆိုရင် အဲဒီ ဗီဒီယိုကို ပြန်ကြည့်နိုင် မှာ ဖြစ်ပါတယ်။

(၆) Activity Log ထဲ ပြန်သွားပါ။ ဗီဒီယိုတစ်ခုရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Delete ကို နှိပ်ရင် အဲဒီဗီဒီယိုကို Activity Log ထဲကနေ ဖျက်ပေးမှာဖြစ်ပါတယ်။

No comments:
Post a Comment