ကျွန်တော်တို့ဖုန်းတွေရဲ့ အရွယ်အစား ကြီးမားလာတာနဲ့အတူ လက်တစ်ဖက်တည်းနဲ့
အသုံးပြုဖို့ဆိုတာ ပိုပြီးခက်ခဲလာပါတယ်။ Apple ကတော့
လက်တစ်ဖက်တည်းနဲ့အသုံးပြုရတာ ပိုလွယ်ကူအောင် feature တချို့ကို
မိတ်ဆက်လိုက်ပြန်ပါပြီ။
သတင်းကောင်းပါပဲ။ လက်တစ်ဖက်တည်းနဲ့ ရိုက်လို့ရမဲ့ one-handed keyboard ဟာ iOS မှာ ဖျောက်ထားပါတယ်။ သတင်းဆိုးကတော့ သင်တကယ်အသုံးပြုလို့မရတာပါပဲ။
Developer Steve Troughton-Smith ဟာ သင့်စိတ်ကြိုက် ကီးဘုတ်ကို ဘယ်ညာတွန်းလို့ရမဲ့  iOS အတွက် one-handed keyboard ရဲ့ ဖျောက်ထားတဲ့ ကုတ်တချို့ကို တွေ့ခဲ့ပါတယ်။ အဲဒါကို edge swipe လုပ်ပြီး ဖွင့်နိုင်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ Apple ကတော့ အဲဒီ feature ကို iOS မှာ တရားဝင်မိတ်မဆက်ခဲ့ပါဘူး။ ထူးဆန်းတာက ၂၀၁၄ခုနှစ်လောက်က မိတ်ဆက်ခဲ့တဲ့ iOS 8 မှာတည်းက ရှိနေတယ်လို့ Troughton-Smith က ပြောကြားခဲ့တာပါပဲ။
ဒါပေမယ့်လောလောဆယ် သာမန် user တွေအနေနဲ့သုံးလို့မရတာကတော့ တော်တော်ကိုဆိုးတာပါပဲ။
iPhone 6 Plus ကို မိတ်ဆက်တုန်းက လက်တစ်ဖက်တည်းနဲ့အသုံးပြုတဲ့ သုံးစွဲသူတွေအတွက် ပိုမိုလွယ်ကူစေမဲ့နည်းလမ်း ရှာခဲ့ပါတယ်။ အခုထိ အဲဒီကီးဘုတ်ကို တရားဝင်မလုပ်သေးတာကတော့ အဓိပ္ပာမရှိပါဘူး။ Apple အနေနဲ့ ကီးဘုတ်ရဲ့အတွေ့အကြုံခံစားမှုကို သဘောမကျဘူးဆိုရင်လည်း ဖြုတ်မပစ်ဘဲ ဘာဖြစ်လို့ ဖျောက်ထားလဲဆိုတာ စဉ်းစားမရပါဘူး။
သင့်အနေနဲ့ စမ်းသပ်ချင်တယ်ဆိုရင်တော့ Jailbreak လုပ်ပြီးတော့ ဖွင့်လို့ရတယ်လို့ Troughton-Smith ကပြောပါတယ်။ ဒါမှမဟုတ် ပိုကောင်းတဲ့ Microsoft’s Windows Phone keyboard for iOS ကို download ဆွဲပြီး အသုံးပြုကြည့်နိုင်ပါတယ်။
Aung Phyo Oo (Myanmar Mobile App)

No comments:
Post a Comment