Android နဲ့ iOS တို့အတွက် ဖန်တီးပေးထားတဲ့ Facebook Mobile Apps
များမှာပီစီများမှာတောင် မရတဲ့
စွမ်းဆောင်ချက်များပါပါတယ်။အချို့စွမ်းဆောင်ချက်များဟာထူးခြားပြီးအင်တာနက်
မရှိဘဲနဲ့တောင် Facebook ပေါ် ပို့စ်တင်နိုင်ပါတယ်။ ဒါ့အပြင် သတင်း၊
ဆောင်းပါး၊ Link များကိုသိမ်းနိုင်ပါတယ်။ ပို့စ်အသစ်များကိုလည်း
ကြည့်နိုင်ပါတယ်။ တင်ထားပြီးသားပို့စ်များကို Edit လည်းလုပ်နိုင်ပါတယ်။ ဒီ
Tutorial မှာတော့ အဲဒီနည်းလမ်းများအသုံးပြုနည်းကိုရေးသားပေးလိုက်ပါတယ်။
(၁) အင်တာနက် မရှိဘဲပို့စ်တင်နည်း
သင့်မှာဖုန်းဘေလ်ကုန်နေလို့ပဲဖြစ်ဖြစ်၊
အင်တာနက် မရှိုလို့ပဲဖြစ်ဖြစ် Facebook ပေါ် ပို့စ်တင်ချင်ရင်
နည်းလမ်းရှိပါတယ်။ Facebook App မှ Status Button ကို နှိပ်ပါ။ ရေးချင်တဲ့
စာသားများရေးပါ။ ဓါတ်ပုံများကိုလည်းတင်နိုင်ပါတယ်။ ပြီးရင် Post Button ကို
နှိပ်ပါ။ ဒါဆိုရင် သင့်ပို့စ်ကိုသိမ်းပေးထားမှာ ဖြစ်ပြီးအင်တာနက် ရတာနဲ့
အလိုလိုတင်ပေးမှာ ဖြစ်ပါတယ်။ Android Device များမှာ Offline
ဖြစ်နေရင်တောင် ပို့စ်များကို Like လုပ်ထားနိုင်ပါတယ်။ Online ဖြစ်ချိန်မှာ
Like များကိုအလိုလိုလုပ်ပေးမှာပါ။
(၂)ဓါတ်ပုံ၊ ဗီဒီယို၊ သတင်း၊ Links များကိုသိမ်းဆည်းနည်း

Facebook မှာဓါတ်ပုံ၊ ဗီဒီယို ၊ သတင်း၊ Links များကိုသိမ်းဆည်းထားနိုင်ပါတယ်။ တစ်နည်းအားဖြင့် သင်နှစ်သက်တဲ့ ပို့စ်များကိုသိမ်းထားနိုင်တာပါ။ ပို့စ်တစ်ခုရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပါ။ Save link ကိုရွေးချယ်ပေးပါ။ သိမ်းထားတဲ့ပို့စ်များကို ပြန်လည် ကြည့်ရှုချင်ရင် ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ Saved ထဲသွားပါ။
(၃) ပို့စ်အသစ်များကိုဖတ်ပါ။

သင် Facebook App ကိုဖွင့်လိုက်တာနဲ့ သင်ကြိုက်မယ်ထင်တဲ့ ပို့စ်များ၊ See First လုပ်ထားတဲ့ သူငယ်ချင်းနဲ့ Pages များမှ ပို့စ်များကို ပြသပေးတာဖြစ်ပါတယ်။ အဲဒီအစားမကြာသေးခင်ကတင်ထားတဲ့ ပို့စ်များကိုဖတ်ချင်ရင်တော့ Menu ထဲသွားပါ။ Most Recent ကို နှိပ်ပေးပါ။
(၄) ပို့စ်များကို Edit လုပ်ပါ။

သင် ပို့စ်တစ်ခုကိုတင်ပြီးတဲ့အခါမှာစာသားများကို ပြန်ပြင်နိုင်အောင်လည်း Facebook က ပြုလုပ်ပေးထားပါတယ်။ သင့်ရဲ့ Timeline ထဲသွားပါ။ Edit လုပ်ချင်တဲ့ ပို့စ်ကိုရှာပါ။ ပို့စ်ရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပါ။ Edit Post ကို နှိပ်ပါ။ ပြင်ဆင်မှုများ ပြုလုပ်ပါ။ Save နှိပ်ပါ။ တစ်ခုမှတ်ထားရမှာကသင့် သူငယ်ချင်းများကသင်ပို့စ်တင်တဲ့ အချိန်ဘေးနားမှ Edited Link ကို နှိပ်မှသာ ပြင်ဆင်ထားတာတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။

No comments:
Post a Comment