
မိုး သူ ကျနော်စက် run box မပြလို့ အကို အဲဒါဘယ်လိုလုပ်ရမလဲ ခင်ဗျာ..
-
ကိုမိုးသူလိုဘဲ. Windows 7 မှာ Run Box မပေါ်တဲ့သူတွေအတွက် လုပ်နည်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်.. တစ်နည်းဆိုရင်ကို ပေါ်ပါတယ်.. ၃ နည်းပြလိုက်ပါမယ်..
ပထမနည်း
ဒီနည်းကတော့ Stare Menu ကိုပြင်တဲ့နည်းဖြစ်ပါတယ်..
1. ကွန်ပျူတာရဲ့ အောက်ဆုံးက Task Bar ကိုညာကလစ်ထောက်လိုက်ပြီး Properties ကိုနှိပ်ပါ..

2. ကျလာတဲ့ဘောက်ထဲက အပေါ်တန်းမှာ Start Menu ကိုနှိပ်ပြီး အထဲက Customize ကိုနှိပ်ပါ..

3. Customize Start Menu Box ထဲမှာ Run Command ကို အမှန်ခြစ်လိုက်ပြီး OK ကိုနှိပ်ပါ..

ကဲ.. ဒါဆိုရင်တော့ Run Command ပေါ်လာပါပြီ.. Run Box ကိုခေါ်လို့ရပြီခင်ဗျ..

ဗျာ.. ပြန်ဖျောက်ချင်တယ်ဟုတ်လား.. သြော်. မိတ်ဆွေရယ်. အဆင့်(၃)ထိ လုပ်ပြီး Run Command ကို အမှန်ခြစ်ဖြုတ်လိုက်ပြီး OK ပေးလိုက်ပါ.. ပျောက်ရော..
ဒုတိယနည်းလမ်း
ဒီနည်းကတော့ Batch File လေးရေးပြီး Run ပေးရမှာပါ...
1. Notepad ကိုဖွင့်ပြီး အောက်ကစာသားကို ကူးထည့်လိုက်ပါ..
@ECHO Off
REG delete HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer /v NoRun /f
2.ပြီးရင်တော့ Save as ကိုနှိပ်ပြီး Show Run.bat လို့နာမည်ပေးပြီး သိမ်းလိုက်ပါ.. ဒါဆို Show Run.bat ကို Run လိုက်ရင် Run Command ပေါ်ပြီခင်ဗျ.. Show Run ဆိုတဲ့နာမည်မှာ ကိုယ်ကြိုက်တာပေးလို့ရပါတယ်.. နာမည်နောက်က .bat ဆိုတာတော့ ပါရမှာဖြစ်ပါတယ်..
ဗျာ.. Disable (ဖျောက်ချင်တာ)ဟုတ်လား.. Notepad ထဲမှာ
@ECHO OFF
REG add HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer /v NoRun /t REG_DWORD /d 1 /f
လို့ရေးပြီး Disable Run.bat နဲ့သိမ်းပြီး Run ပေးလိုက်ပါခင်ဗျ.. ပျောက်ရော..
တတိယနည်းလမ်း
ဒီနည်းလမ်းကတော့ Registry Entry ထည့်ပေးလိုက်ရုံပါပဲခင်ဗျ.
အောက်ကလင့်မှာ Run ကို ဖေါ်ချင်ရင် Enable Run ကိုဒေါင်းပြီး Run လိုက်ပါ.. Run ကိုပိတ်ထားချင်ရင်တော့ Disable Run ကို ဒေါင်းပြီး Run လိုက်ပါ...
ပေါ်လိုက်ပျောက်လိုက်ဖြစ်ရောဗျ..
#kolinn
No comments:
Post a Comment