
Windows 10 တင်တဲ့အခါ Hard Disk တွေ Dynamic ဖြစ်နေလို့ တင်လို့မရခဲ့ရင် ဖြေရှင်းနည်း
တစ်ခုကို ပြန်လည်မျှဝေလိုက်ပါတယ်.. Hard Disk တွေ Dynamic
ဖြစ်နေတဲ့အခါ Format
လည်းချလို့မရတော့သလို Windows ကိုလည်း
အတင်မခံတော့ပါဘူး..
အဆင်ပြေ စမ်းသပ်ပြီး နည်းလမ်းလေး တစ်ခုပါ...
.
1. Windows ခွေ သို့မဟုတ် Stick ကိုထည့်ပြီး Boot ခေါ်ပြီးတဲ့အခါ Language
.
1. Windows ခွေ သို့မဟုတ် Stick ကိုထည့်ပြီး Boot ခေါ်ပြီးတဲ့အခါ Language
ရွေးတဲ့အဆင့်ရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ Install Now ဆိုတဲ့အဆင့်ကိုရောက်ရင်
Repair your computer ကိုနှိပ်ပါ..

2. Troubleshoot ကိုနှိပ်ပါ..

3. Advanced Options ကိုနှိပ်ပါ...

4. Command Prompt ကိုနှိပ်ပါ..

5. Computer က Reboot ကျပြီး ပြန်တက်လာပါမယ်.. အဲဒီမှာ ကိုယ့် ကွန်ပျူတာရဲ့
နာမည်ကို မြင်ရပါမယ်.. အဲဒါကိုနှိပ်ပါ.. Password တောင်းတဲ့အခါ ကိုယ့်
Password ကိုရိုက်ထည့်ပေးလိုက်ပါ...


6. Command Prompt ထဲကိုရောက်လာပါပြီ.. command တစ်ခု ရိုက်ပါမယ်..
diskpart လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ..

7. DISKPART ထဲကိုရောက်သွားမှာဖြစ်ပါတယ်.. list disk လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ.
( list နဲ့ disk ကြားမှာ space တစ်ချက် ခြားပါတယ်..)

8. ကိုယ့်စက်မှာ တင်ဆင်ထားတဲ့ HDD စာရင်းကိုဖေါ်ပြပေးပါတယ်..
HDD
တစ်လုံးတပ်ထားရင် Disk 0 နဲ့ဖေါ်ပြပေးမှာဖြစ်ပြီး တစ်လုံးထက်ပိုရင်တော့
Disk
1, Disk 2 စသည်ဖြင့် ဖေါ်ပြပေးမှာဖြစ်ပါတယ်.. Windows တင်ဖို့တွက်
ပုံမှန်အားဖြင့်
Disk 0 သာဖြစ်ပါတယ်.. ကျွန်တော်ပြတဲ့စက်မှာက Disk
တစ်လုံးသာ တပ်ထားတဲ့အတွက်
Disk 0 ပြနေပါတယ်.. အဲဒီ HDD ကိုရွေးဖို့ Command
တစ်ခု ရိုက်ရပါမယ်.. select disk 0
လို့ရိုက်ပြီး Enter ခေါက်ပါ.. (
select နဲ့ disk ကြားမှာ Space တစ်ချက်၊ disk နဲ့ 0 ကြားမှာ Space
တစ်ချက်စီခြားပါတယ်)

9. Disk 0 is now the selected disk ဆိုပြီးပြပါတယ်.. Disk 0 ကိုရွေးပြီးသွားပြီးပေါ့..
Command ဆက်ရိုက်ပါမယ်.. ရိုက်ရမယ့် Command က
clean ဖြစ်ပါတယ်..
clean ရိုက်ပြီးရင် Enter တစ်ချက် ခေါက်ပေးလိုက်ပါ...

10. DiskPart succeeded in cleaning the disk လို့ပေါ်လာရင် ကိုယ့် HDD ကို Clean
လုပ်ပြီးပါပြီ... exit နဲ့ထွက်ပြီး ပုံမှန်အတိုင်း Windows
ပြန်တင်နိုင်ပါပြီ...

#kolinn
No comments:
Post a Comment