စမတ်ဖုန်ုးသုံးသူများအတွက် ဖုန်းထဲမှ ကိုယ်ရေးကိုယ်တာ
သတင်းအချက်အလက်များ လုံခြုံစေဖို့ဆိုတာ အရေးကြီးပါတယ်။ အဲဒီအတွက်
စမတ်ဖုန်းများမှာ ဖုန်းကို Lock လုပ်နိုင်တဲ့ စွမ်းရည်များ
ထည့်ပေးထားပါတယ်။ Android မှာလည်း PIN, Password, Pattern များ သတ်မှတ်ပြီး
ဖုန်းကို Lock လုပ်နိုင်ပါတယ်။ ဒီထက်ပိုပြီး လွယ်ကူအဆင်ပြေစေဖို့
ဘာမှရိုက်ထည့်စရာမလိုဘဲ မျက်နှာနဲ့ Unlock လုပ်နိုင်တဲ့ နည်းလမ်းကိုလည်း
ထည့်ပေးထားပါတယ်။ သင့်ဖုန်းက သင့် မျက်နှာကို မှတ်မိစေတဲ့ နည်းပညာပါ။
ဒီစွမ်းဆောင်ချက်ကို Android 5 Lollipop မှာ စတင်ထည့်ပေးလိုက်တာဖြစ်ပါတယ်။
(၁) အရင်ဆုံး သင့်ဖုန်းမှ Screen Lock ကို On ပေးပါ။ ပြီးရင် Settings> Smart Lock ထဲသွားပြီး On ပေးပါ။ Trusted face ကို နှိပ်ပါ။

(၂) Set Up ကို နှိပ်ပါ။

(၃) သင့်မျက်နှာကို ဖုန်းက မှတ်မိအောင် အာရုံခံမှာဖြစ်ပါတယ်။ အဲဒီအတွက် အလင်းရောင် မနည်းလွန်း၊ မများလွန်းတဲ့ နေရာကို ရွေးချယ်ပါ။ ဘဲဥပုံ အစက်ထဲမှာ သင့်မျက်နှာ အံဝင်ခွင်ကျဖြစ်အောင် ထားပေးပါ။ စက္ကန့်ပိုင်းလောက် စောင့်ပေးပါ။

(၄) Face added လို့ စာပေါ်လာရင်တော့ သင့်မျက်နှာကို ဖုန်ုးက မှတ်မိပါပြီ။ သင့်မျက်နှာနဲ့ ဖုန်းကို Unlock လုပ်နိုင်ပါပြီ။

သင့်ဖုန်ုးကို Lock လုပ်ပါ။ သင့်ဖုန်းကို တစ်ချက်စိုက်ကြည့်လိုက်တာနဲ့ Unlock လုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Swipe လုပ်ရတာ၊ PIN, Password များ ရိုက်ထည့်ရတာနဲ့ Pattern များ ဆွဲပေးရတာတို့လို အလုပ်ရှုပ်မှုများ မရှိတော့ပါဘူး။

Credit to ==> Myanmar Digital Life Journal
No comments:
Post a Comment