ယခုတလော ဆိုင်ကို ပြသနာတွေနဲ့
လာကြပါတယ်။ဘာပြသနာလဲဆိုတော့ အင်တာနက်တွေ auto ပွင့်တယ် download
တွေauto ဆွဲတယ် lock screen,wallpaper,launcher တွေ ကိုယ်
မပြောင်းဘဲနဲ့ သူဘာသာ auto ပြောင်းတယ် ဖုန်းက တအား hung တယ်
စသည့်ဖြင့် အမျိုး အထွေထွေ တွေ့ရပါတယ်။အလာများတာကတော့
huawei,samsung,oppo တွေပါ။ဒီလိုတွေ မဖြစ်ရအောင် ကိုယ်ဖုန်း ကို
တစ်ခု ခု ပြင်ဆင်မူလေးတွေလုပ်ထားဖို့ လိုပါတယ်။အဲ့ဒီ
လိုတွေဖြစ်တာကတော့ virus၊mailware၊adware
တို့ကြောင့်ဖြစ်ရပါတယ်။အဲ့ဒါတွေဖုန်းထဲဝင်ပါပြီဆိုရင်တော့ သာမန်
user level နဲ့ ရှင်းဖို့ မလွယ်ပါ။တစ်ခုခု ပုံမမှန်တာ ဖြစ်လာရင်
တော့ ဖုန်းရဲ့ appliction manager ထဲကို ၀င်ပြီး ဖော်ပြပါ application
တွေရှိမရှိဝင်စစ် ပေးပါ။ရှိနေရင်တော့ သေချာပါပြီ။
စောင့်ကြည့် app များကတော့
စောင့်ကြည့် app များကတော့
Backup Tool
com.andriod.providers.network
Kapk
Monkey Test
Settings(not system)
Sync
TimeService
တို့ဖြစ်ပါတယ်။ဒီ app တွေ ဖုန်းမှာ တွေနေပြီဆိုရင်တော့ တစ်ချိန်ချိန်မှာ ဒုက္ခပေးပါတော့မယ်။အဲ့လို့ဖြစ်လာရင်တော့ ဖော်ပြပါ app တွေကို ဖျက်ပစ်ပါ။ဖျတ်လို့မရရင် disable လုပ်ပါ။ဒါမှ မရရင်တော့ ဖုန်း frimware ပြန်ရေးမှကို ရပါတော့မယ်။

ဒီလို တွေမဖြစ်ခင်မှာ
ဖုန်းကိုကာကွယ်မူလေးတွေလုပ်ထားဖို့ လိုပါတယ်။အဓိကကတော့
အင်တာနက်သုံးတဲ့ အခါ ကြော်ငြာတွေဝင်လေရှိပါတယ်။အဲ့ထဲ က
ကြော်ငြာတစ်ခုခု install လုပ်မိသွားတာဖြစ်ဖြစ် သုံးနေကြapp ထဲ
adware ၀င်တာဖြစ်ဖြစ်ဆိုရင် တော့ ဒီပြသနာ စပါပြီ။
ကာကွယ်မူကတော့ အင်တာနက်သုံးရင် ကြော်ငြာထိုးတာတွေကို
install မလုပ်မိပါစေနဲ့(ဥပမာ browser ကိုဝင်သုံးရင် သင့်ဖုန်း virus
ကိုက်နေပြီ ဒီ appliction ကို အမြန်install လုပ်ပါတို့ ဒီ appliction
ကိုသုံးရင် သင့် ဖုန်း အဆ တစ်ရာ မြန်ဆန်သွားမယ်ဆိုတာ တို့ ...)
ဒီလို အရာတွေ့ က fake တွေပါ။အဲ့လို အရာတွေကို install မလုပ်မိပါစေနဲ့
ဒီလို အရာတွေ့ က fake တွေပါ။အဲ့လို အရာတွေကို install မလုပ်မိပါစေနဲ့
Antivirus သုံးပါ
အရင်တုန်းက ကျွန်တော် ဖုန်း antivirus ကို လုံးဝမသုံးပါဘူး။ခုတော့ လိုအပ်လာပါပြီ သုံးကို သုံးရပါ့မယ်။
Antivirus တော်တော်များများ ကတော့ play store မှာ free ပေးထားပါတယ်။နာမည် ရှိတဲ့ antivirus app တွေကတော့
AVG,Kaspersky,Avset,Trust go,Dr.Web စသည့် တို့ဖြစ်ပါတယ်။
Antivirus တော်တော်များများ ကတော့ play store မှာ free ပေးထားပါတယ်။နာမည် ရှိတဲ့ antivirus app တွေကတော့
AVG,Kaspersky,Avset,Trust go,Dr.Web စသည့် တို့ဖြစ်ပါတယ်။
မိမိဖုန်း virus မ၀င်အောင်လို့ ကျွန်တော်ပြောတာလေးတွေသတိထားပေးပေါ့ဗျာ။
No comments:
Post a Comment