
သင်ဟာ Facebook သုံးစွဲသူတစ်ယောက်ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ
ဘာမှမရှိပါဘူး။ လွန်ခဲ့တဲ့ ၁၂နှစ်အလွန် ၂၀၀၄ခုနှစ် လောက်တုန်းက
ဟားဗတ်တက္ကသိုလ် ကျောင်းသားတစ်စု ပြုလုပ်ခဲ့တဲ့ Facebook လူမှုကွန်ယက်ဟာ
ယခုအချိန်မှာ လူတိုင်းဆီမှာရှိနေတဲ့ ကမ္ဘာ့အကြီးမားဆုံး Social Media
ကြီးအဖြစ်နဲ့ ပြောင်းလဲလာခဲ့ပါပြီ။
ဒါကြောင့်သင့်အနေနဲ့ Facebook နဲ့ ပတ်သက်တဲ့ သင်မရှိနိုင်လောက်တဲ့ အကြောင်းအရာတချို့ကို တင်ပြပေးလိုက်ပါတယ်။












၁၇) Facebook ရဲ့သုတေသနတွေအရ ခရစ္စမတ်မတိုင်မှီတစ်ပတ်အလိုအချိန်ဟာ စုံတွဲအများစုရဲ့ အသဲအကွဲဆုံးအချိန်ဖြစ်တယ်လို့သိရပါတယ်။

ကဲသင့်အနေနဲ့ ဒီလောက်ဆိုရင် သင်အသုံးပြုတဲ့ Facebook အကြောင်းကို အတော်အသင့်သိလောက်ပြီလို့ထင်ပါတယ်။ တကယ်လို့ ဒီအကြောင်းအရာက သင့်အတွက် ဗဟုသုတ ဒါမှမဟုတ်တစ်ခုခုကျန်ခဲ့မယ်ဆိုရင် Facebook မှာ share လုပ်သွားနိုင်ပါတယ်။
ဒါကြောင့်သင့်အနေနဲ့ Facebook နဲ့ ပတ်သက်တဲ့ သင်မရှိနိုင်လောက်တဲ့ အကြောင်းအရာတချို့ကို တင်ပြပေးလိုက်ပါတယ်။
၁) ၃၅.၇
Facebook တည်ထောင်သူ ဇက်ကာဘတ်ရဲ့ ကြွယ်ဝမှုပမာဏပဲဖြစ်ပါတယ်။ ဇက်ကာဘတ်ဟာ Facebook ကိုစတင်တည်ထောင်တဲ့ ပထမနှစ်မှာ ကုမ္ပဏီတည်မြဲဖို့အတွက် အသည်းအသန်ရုန်းကန်ခဲ့ရပြီး ယခုအချိန်မှာတော့ Facebook ဒေါ်လာ ၃၅.၇ဘီလျံလောက်ချမ်းသာနေပြီဖြစ်ပါတယ်။
၂) ၆၀၀,၀၀၀
တစ်ရက်အတွင်း အဟက်ခံနေရတဲ့ Facebook Profile အရေအတွက်ဖြစ်ပါတယ်။
၃) ၂၅၃
Facebook ရဲ့ တန်ကြေးဟာဒေါ်လာ ၂၅၃ဘီလျံတန်ကြေးရှိနေပြီဖြစ်ပြီး တခြား ကုမ္ပဏီကြီးတွေဖြစ်တဲ့ Netflix, Yahoo, eBay, AOL နဲ့ Zynga တို့လို ကုမ္ပဏီတွေအားလုံးပေါင်းတန်ကြေးရှိပါတယ်။
၎) ဘာသာစကားများ
Facebook ကို ဘာသာစကားမျိုးစုံနဲ့ သုံးလို့ရရုံသာမက ပင်လယ်ဓားပြတွေသုံးတဲ့ “Pirate” ဆိုတဲ့ ဘာသာစကားနဲ့ပါ အသုံးပြုနိုင်ပါသေးတယ်။
၅) သန်း ၉၀၀
ကမ္ဘာပေါ်က လူတွေဟာ Facebook ပေါ်မှာ တစ်ရက်ကို နာရီပေါင်း သန်း ၉၀၀လောက်ရှိနေကြပါတယ်။၆) Facebook ရဲ့ ပထမဆုံးပုံ
Facebook စတင်တည်ထောင်ခဲ့စဉ်အခါက Facebook Homepage Cover မှာ AL Pacino ရဲ့ပုံကို တင်ထားခဲ့ပါတယ်။
၇) သူငယ်ချင်းများ
ကမ္ဘာပေါ်က Facebook အကောင့်တွေထဲက တစ်ခုစီမှာ ပျမ်းမျှအားဖြင့် သူငယ်ချင်း ၁၃၀ခန့်ရှိကြပါတယ်။
၈) နေရာများ
၂၀၁၅ခုနှစ်အတွင်းမှာ Facebook ပေါ်မှာ check လုပ်မှုအများဆုံးနေရာတွေအဖြစ် Desneyland, Universal Studios, New York Time Square, Eiffel Tower, Niagara Falls တို့က မှတ်တမ်းဝင်ခဲ့ပါတယ်။
၉) သုံးစွဲမှု
သာမန် Facebook သုံးစွဲသူတစ်ယောက်ဟာ တစ်ရက်မှာ ၁၄ကြိမ်လောက် ဖုန်းကိုဖွင့်ပြီး Facebook ကိုကြည့်ကြပါတယ်တဲ့။ သင်ရော တစ်ရက်ဘယ်နှစ်ကြိမ်ကြည့်ဖြစ်ပါလဲ။
၁၀) မှုခင်းများ
Facebook ပေါ်မှာ Unfriend လုပ်လိုက်လို့ အပြင်မှာ လူသတ်တဲ့အထိ ဖြစ်ဖူးပါတယ်။၁၁) လုံခြုံရေး
သင့်အနေနဲ့ Facebook ကနေ Signed-Out လုပ်သွားရင်တောင်မှ သူတို့တွေဟာ သင်ဘယ်နေရာတွေကို ဝင်ရောက်ခဲ့တယ် ဆိုတာ ခြေရာခံနိုင်ဆဲဖြစ်ပါတယ်။
၁၂) ၇.၅သန်း
Facebook ရဲ့ “Like” နဲ့ “Share” ခလုတ်တွေကိုအသုံးပြုထားတဲ့ Website အရေအတွက်ပဲဖြစ်ပါတယ်။၁၃) တရုတ်
Facebook ကို တရုတ်နိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်ထားပေမယ့် Facebook ကိုအသုံးပြုနေသူ ၉၅သန်းခန့် ရှိတယ်လို့ သိရပါတယ်။
၁၄) Block လုပ်ခြင်း
တကယ်လို့ သင့်အနေနဲ့ လူတစ်ယောက်ယောက်ဒါမှမဟုတ် Page တစ်ခုခုကို Facebook ပေါ်မှာမကျေနပ်ရင် Unfriend လုပ်တာ Unfollow လုပ်တာတွေလုပ်လို့ ရပါတယ်။ ဒီထက်ပိုအဆင့်တက်ချင်ရင် အဲ့ဒါထက်အဆင့်မြှင့်တဲ့ Block လုပ်ပြီး လုံးဝတားမြစ်လိုက်လို့ရပါတယ်။ ဒါပေမယ့် Mark Zuckerberg ရဲ့ Page ကိုတော့ လုံးဝ Block လုပ်လို့မရပါဘူး။ တကယ်လို့သင့်အနေနဲ့ စမ်းချင်တယ်ဆိုရင် ဒီနေရာကိုနှိပ်ပြီး စမ်းသပ်နိုင်ပါတယ်။
၁၅) Like
မူလပထမအစမှာ Facebook ရဲ့ အင်ဂျင်နီယာတွေဟာ “Like” ခလုတ်ကို “Like” လို့မခေါ်ချင်ပဲ “Awesome” လို့ နာမည်တပ်ချင်ခဲ့ကြပါတယ်။ ဒါပေမယ့် မဖြစ်လာခဲ့ပါဘူး။၁၆) လှူဒါန်းမှု
ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက Mark Zuckerberg နဲ့ ဇနီးဖြစ်သူ Priscilla Chan တို့ဟာ သမီးလေးမွေးဖွားတဲ့ အထိမ်းအမှတ်အနေနဲ့ Facebook ရှယ်ယာတွေရဲ့ ၉၉ရာခိုင်နှုန်းအထိကို လှူဒါန်းပစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ အကြီးမားဆုံးအလှူရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။
၁၇) Facebook ရဲ့သုတေသနတွေအရ ခရစ္စမတ်မတိုင်မှီတစ်ပတ်အလိုအချိန်ဟာ စုံတွဲအများစုရဲ့ အသဲအကွဲဆုံးအချိန်ဖြစ်တယ်လို့သိရပါတယ်။

ကဲသင့်အနေနဲ့ ဒီလောက်ဆိုရင် သင်အသုံးပြုတဲ့ Facebook အကြောင်းကို အတော်အသင့်သိလောက်ပြီလို့ထင်ပါတယ်။ တကယ်လို့ ဒီအကြောင်းအရာက သင့်အတွက် ဗဟုသုတ ဒါမှမဟုတ်တစ်ခုခုကျန်ခဲ့မယ်ဆိုရင် Facebook မှာ share လုပ်သွားနိုင်ပါတယ်။

Credit to ==> Digital Times
No comments:
Post a Comment