Saturday, July 30, 2016

ဖုန်းဘားတန်းလေးကို ကာလာအစုံဒီဇိုင်းအစုံနဲ့ အသုံးပြုနည်းလမ်းညွန်



ပုံထဲမှာတွေ့တဲ့အတိုင်း ဖုန်းရဲ့အပေါ်ဘားတန်းလေးကို ဒီဇိုင်းလှလှလေးနဲ့ ထားလို့ ရတဲ့အပြင် ဓာတ်ပုံထည့် ကာလာထည့်ပြုလုပ်လို့ ရပါတယ်။
သဘောကျလို ပြန်လည်မျှဝေလိုက်ပါတယ်။
အသုံးပြုရတာလည်းလွယ်ကူပြီး ဖုန်းမှာ Root မရှိလည်းသုံးလို့ရပါတယ်။
အသုံးပြုနည်းလေးကို ဖတ်လိုက်ရအောင်....
ဆော့ဝဲလ်ထဲဝင်ပါ။
ဆော့ဝဲလ်ထဲဝင်ဝင်ချင်းတွေ့တဲ့ ခလုတ်အားလုံကို အမှန်ပေးလိုက်ပါ။
ပြီးရင် "Themes" ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ရင် ဖုန်းဘားတန်းဒီဇိုင်းမျိုးစုံထွက်လာပါမယ်။မိမိကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို တစ်ချက်နှိပ်လို့ ဖုန်းအပေါ်ဘားတန်းလေးပြောင်းသွားရင် ဖုန်းရဲ့ Home ခလုတ်ကိုနှိပ်ပြီး ထွက်လိုက်ပါ။ဒါဆိုရင် ဖုန်းဘားတန်းလေးကို ဒီဇိုင်းလန်းလန်းလေးနဲ့ ကာလာတွေနဲ့ လန်းလို့ ရပါပြီ။
Home ခလုတ်နှိပ်ပြီးထွက်ပါ Back ခလုတ်ကိုနှိပ်ပြီးထွက်ရင် ဖုန်းဘားတန်းလေးကိုပျောက်သွားပါလိမ့်မယ်။ ဒါကြောင့် ဖုန်းဘားတန်းလေးမှာပေါ်လာပြီဆိုရင် Home ခလုတ်ကိုနှိပ်လိုက်ရင် လန်းလို့ ရပါပြီ။
အားလုံးဘဲ သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။
ဆော့ဝဲလ်လေးကိုတော့အောက်မှာဒေါင်းယူလိုက်ပါ။
 
 
 
 
 

No comments:

Post a Comment