Wednesday, December 2, 2015

♪ ကမ္ဘာလှည့်ခရီးသွားများ အတွက် ဆင်းမ်ကတ်ကို သီးသန့်ရောင်းမည် ♫

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း MPT သည် ကမ္ဘာလှည့် ခရီးသွားများအတွက် သီးသန့်ရည်ရွယ်၍ မိုဘိုင်း ဆင်းမ်ကတ်များကို ထုတ်လုပ် ရောင်းချသွားမည်ဟု ကြေညာခဲ့သည်။

ကမ္ဘာလှည့် ခရီးသွားများအတွက် ရည်ရွယ်ထားသည့် မိုဘိုင်း ဆင်းမ်ကတ်များကို ငွေကျပ် တစ်သောင်းဖြင့် ရောင်းချမည်ဖြစ်ပြီး အဆိုပါ ဆင်းမ်ကတ်၌ အင်တာနက် အသုံးပြုခွင့်၊ အသံခေါ်ဆိုခွင့်နှင့် စာတိုပေးပို့ခွင့်တို့ပါရှိကြောင်း သိရသည်။

အင်တာနက်အသုံးပြုခွင့်ကို 1.5 GB အထိ အသုံးပြုနိုင်ပြီး အသံခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုအတွက် လက်ကျန်ငွေ ၅ ထောင်ကျပ်ကိုလည်း ထည့်သွင်းပေးထားသည်ဟု သိရသည်။ စတင်ဝယ်ယူစဉ်က ထည့်သွင်းပေးထားသည့် အဆိုပါက ပမာဏကို အသုံးပြုသူအနေဖြင့် ၁၀ ရက်အတွင်း ကုန်ဆုံးအောင် အသုံးပြုရမည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကန့်သတ်ထားသည်။

ဆင်းမ်ကတ်ဝယ်ယူစဉ်က ပါဝင်လာသည့် အင်တာနက်အသုံးပြုခွင့်၊ အသံခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုများ ကုန်ဆုံးသွားပါက ကမ္ဘာ့လှည့် ခရီးသွားများသည် ပြည်တွင်းရှိ ဆွေသဟာ အသုံးပြုသူများနည်းတူ ကြိုတင်ငွေဖြည့်စနစ်ဖြင့် ထပ်မံဖြည့်သွင်း အသုံးပြုရမည်ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် အဆိုပါ ဆင်းမ်ကတ်များကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ရောင်းချသွားမည်ဖြစ်ပြီး နောက်ပိုင်း ကာလများ၌ ကမ္ဘာလှည့်ခရီးသွားများ အဝင်အထွက် များပြားသည့် ဟိုတယ်များနှင့် အခြားသော နေရာ များ၌ပါ ရောင်းချသွားရန် စီစဉ်နေကြောင်း သိရသည်။

Credit to ==> Internet Journal
 
 

No comments:

Post a Comment