Wednesday, December 2, 2015

Google Official Gappas များဒေါင်းလော့နည်း



ဒီပိုစ့်ကို တကယ်တော့ တင်ပေးသွားဖို့အစီအဉ်မရှိပါ
ဒါပေမယ့် အွန်လိုင်း ရှာဖွေရေးကို အားနည်းတဲ့သူတွေအတွက်
တစ်ဖက်တစ်လမ်းက အဆင်ပြေရလောင်အောင် တင်ပေးလိုက်တာပါ

ဒီတော့ ဘာထူးခြင်းသလဲ အရေးပေါ်အခြေအနေတော့မဟုတ်ပါ
မသိမဖြစ်သိထားသင့်လို့ပိုစ့်တစ်ခုအဖြစ်ရေးပေးလိုက်ခြင်းဖြစ်ပါတယ်။


ဒီ Gappas ရဲ့ဆိုလိုရင်းနဲ့ ဗားရှင်းအစုံကိုကျနော်တင်ပေးထားပြီးသားပါ
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်

Android Custom ROMS များအတွက် Gapps apps များကိုဗားရှင်းအစုံဒေါင်းလော့ရယူပါ

Android 6.0 Marshmallow custom ROMs တွင်
Google Gapps ကို ထည့်သွင်းနည်းကိုအောက်ကလင့်မှာကြည့်ပါ

Android 6.0 Marshmallow custom ROMs တွင် Google Gapps ကို ထည့်သွင်းနည်း

ယခုကျနော် ပြန်လည်လက်ဆင့်ကမ်းမျှဝေချင်တာလေးကတော့
သင့်ဖုန်းအတွက် သို့မဟုတ် ကလစ်ဖို့ရန်အတွက် Google ရဲ့ Official Gapps များကို
တစ်နေရာတည်းမှာ အလွယ်တကူဒေါင်းလော့ရယူချင်တယ်ဆိုရင်တော့ ဒီပိုစ့်ကိုဖတ်ကြည့်ပါ။
Unofficial Web များရဲ့ Upload file များသည် အချိန်နဲ့တစ်ပြေးညီ
ပျက်စီးဆုံးရှုံးနေတတ်ပါတယ်၊ ဒါကြောင့် အရေးပေါ်လိုအပ်တဲ့အခါ 
မိမိအတွက် ရှာဖွေရေးကအခက်ဖြစ်လာနိုင်ပါတယ်၊ ဒီအတွက် Offcial Web ထဲကို
သွားလိုက်ပြီး ဒေါင်းလော့ရယူနည်းကို သိထားခဲ့ရင် ဘယ်အချိန်မဆို ရယူနိုင်ပါလိမ့်မယ်။
How to Download Google Gapps 
===================
၁။ အောက်မှာပေးထားတဲ့လင့်ကိုတစ်ချက်နှိပ်ဝင်သွားလိုက်ပါ
၂။ အောက်ပါပုံအတိုင်း ဒေါင်းလော့ရယူနိုင်မယ့် နေရာကိုမြင်နေရပါလိမ့်မယ်။
၃။ Download ဆိုတဲ့ Option ရဲ့အောက်မှာ Sub Contents သုံးခုရှိပါတယ်။
Platform, Android, Variant ဖြစ်ပါတယ်။
Platform: သည် ဖုန်းရဲ့ မာမိုရီကိုညွှန်းပေးထားခြင်းဖြစ်သည်
Android: သည် ဖုန်းရဲ့ ဗားရှင်းကိုညွှန်းပေးထားခြင်းဖြစ်သည်
Variant: သည် မိမိဖုန်းအတွက် Official Web မှဒေါင်းလော့ရယူနိုင်တဲ့ 
အမျိုးအစားကို ညွှန်းပေးထားခြင်းဖြစ်ပါသည်
၅။ မိမိဖုန်းရဲ့ အမျိုးအစားနဲ့ Android version အပေါ်မှာမူတည်ပြီး 
Platform နေရာမှာ ARM ဆိုပြီးထားပေးပါ။
Android ဆိုတဲ့နေရာမှာ ရယူလိုတဲ့ Version ကိုရွေးချယ်ပါ
Variant နေရာမှာ မိမိအတွက်လိုအပ်မယ့် အမျိုးအစားကိုရွေးချယ်လိုက်ပါ။
၆။ အားလုံးအသင့်ဖြစ်တယ်ဆိုရင်တော့ File ဆိုပြီး
 အနီဖြင့် ၀ိုင်းထားတဲ့နေရာကို တစ်ချက်နှိပ်လိုက်ပါ
၇။ အောက်ပါပုံအတိုင်း ဒေါင်းလော့လင့်က တိုက်ရိုက်ကျလာပါလိမ့်မယ်
Start Download & Save ဆိုပြီး မိမိတို့ရဲ့ Browser အခြေအနေအရ 
ဒေါင်းလော့ရယူနိုင်ပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

No comments:

Post a Comment