Wednesday, December 2, 2015

♪ အမေးများသော မိုးဘိုင်းဆိုင်ရာပြသာနာများ ♫


မေး - အစ်ကိုကျွန်တော့်ဖုန်းမှာ Number တွေနဲ့ Keyboard တွေ အသုံးပြုတဲ့အခါမှာ လေးနေပြီး Number တွေနဲ့ Keyboard တွေကို သုံးချက်လောက်ဆက်တိုက်နှိပ်တဲ့အခါမှာ Number နဲ့ Keyboard နဲ့ Screen Display တွေကကြီးလာတယ်။ အဲ့ဒါဘာဖြစ်တာလဲမသိ လို့။ သိရင်ပြောပြပေးလို့ရမလားခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့ဒီလိုဖြစ်တာက ဖုန်းရဲ့ Setting ထဲက System တစ်ခုကိုဖွင့်ထားမိလို့ဖြစ်တာပါ။ ဖုန်း Setting ထဲကိုဝင်ပါ။ Setting ထဲ က Accessibility ထဲက Magnification Gestures ကိုပိတ်လိုက်ပါ။ တကယ် လို့ Accessibility ထဲမှာမရှိဘူးဆိုရင် Magnification Gestures ကိုရှာပြီး ပိတ် လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

မေး - Samsung ဖုန်းတွေကို အတုအစစ်ဘယ်လိုခွဲခြားလဲဆိုတာ မသိလို့ ပြောပြပေးလို့ရမလားခင်ဗျာ။

ဖြေ - ဟုတ်ကဲ့။ Samsung ဖုန်းတွေကို အတုအစစ် ခွဲခြားတဲ့နည်း လမ်းရှိပါတယ်။ ဖုန်းမှာ * #0 *# လို့နှိပ်ပါ။ အဲ့ဒီမှာ ဖုန်းရှဲ့Setting ပိုင်း ဆိုင်ရာစစ်နိုင်ပြီး ဖုန်းရှဲ့Setting ထဲက Display ထဲမှာ Font Style ဆိုတာ ပါရင် အစစ်လို့သတ်မှတ်နိုင်ပြီး Font Style ဆိုတာမပါရင်တော့ အတု လို့သတ်မှတ်နိုင်ပါတယ်။

မေး - ကျွန်တော့် iPhone 5 iOS Version နောက်ဆုံးထွက်တင်လို့ ရပါသလားခင်ဗျာ။ Error လေးများရှိလား။ ကောင်းကွက်လေး များရောပါလာသလားခင်ဗျာ။ တစ်ချက်ရှင်းပြပေးပါ။

ဖြေ - iPhone 5 ကိုနောက်ဆုံးထွက် Version iOS 9.1 တင်လို့ရပါတယ် ခင်ဗျာ။ Error ကင်းပါတယ်။ အသစ်ပါဝင်လာတာကတော့ iOS Version 9 မှာ Power Save Mode ပါဝင်လာပြီး ဘက်ထရီအားတော်တော်ကြာ ရှည်ခံလာတာကို တွေ့ရပါတယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei 730 ပါ။ ဖုန်းပြောရင် ခဏလေးနဲ့ပူတယ်။ ဘယ်လိုလုပ်ရမလဲဗျ။

ဖြေ - အရင်လုပ်ကြည့်ရမှာက ဖုန်းဘုတ်ပြားပေါ်မှာရှိတဲ့ Coil, R, C အစရှိတဲ့ Component လေးတွေကို Digital Metre နဲ့သေချာတိုင်းပါ။ ဒီ Component လေးတွေကြောင့်လည်း ဖုန်းပူလာပါတယ်။ အကယ်၍ ဒီ Component လေးတွေမှာ Short မတွေ့ခဲ့ဘူးဆိုရင် Networkု ပိုင်းမှာရှိတဲ့ PA IC ကိုဖြုတ်လဲလိုက်ပါ။ ဒီ IC ကြောင့်ပူတာမျိုးတွေ့ဖူးလို့ပါ။ Power ICm EMMC ဒီ IC တွေကြောင့်လည်း ဖုန်းပူတတ်ပါတယ်။
မေး - ကျွန်တော့် iPad ထဲမှာ Level အလိုက်တစ်ခန်းပြီးတစ်ခန်း ဆော့ရတဲ့ဂိမ်းကို ကစားနေပါတယ်။ ဒါပေမဲ့ အဲ့ဒီဂိမ်းတွေက အခန်းတွေကုန်သွားတဲ့အခါ အခန်းအသစ်ထပ်တက်လို့မရဘူး ဖြစ်နေတယ်။ အခန်းသစ်တက်ချင်ရင် ဂိမ်းထဲမှာပဲပိုက်ဆံရှာပြီး ကိုယ်ကစားမယ့်အခန်းအတွက် ပိုက်ဆံပေးဝယ်ရပါတယ်။ ဒါပေ မဲ့အဲ့လိုဝယ်လိုက်ရင်လည်း အွန်လိုင်းချိတ်ပြီး iTune ပေါ်မှာပိုက် ဆံပေးပြီးကစားခိုင်းပြန်ပါတယ်။ အဲ့ဒီလိုမျိုးမ၀ယ်ဘဲနဲ့ Hack ပြီးကစားလို့ရတဲ့နည်းလမ်းရှိလားလို့သိချင်ပါတယ်။ ကျေးဇူးပြု ပြီးတော့ပြောပြပေးပါ။

ဖြေ - ဟုတ်ကဲ့။ iDevices ဖုန်းတွေအတွက် ယေဘူယျအားဖြင့်ရမယ် လို့တော့ပြောလို့ရပါတယ်။ ဒါပေမဲ့ ဂိမ်းတိုင်းတော့မရပါဘူး။ ရာခိုင် နှုန်း ၈၀ လောက်တော့အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို Hack ပြီးသုံးနိုင်ဖို့အတွက် မိမိရဲ့ iDevices ကို Jailbreak လုပ်ထားဖို့တော့လို အပ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် Cydia ထဲမှာ သွားခိုးရမှာမို့လို့ ပါ။ ခိုးတဲ့ Application တွေရပြီဆိုရင် ကိုယ်ကစားချင်တဲ့ဂိမ်းတွေမှာ လိုအပ်တဲ့အခန်းတွေကို ခိုးလို့ရနိုင်ပါပြီ။ ဒါပေမဲ့ iDivices တွေမှာ အွန်လိုင်းချိတ်ကစားရတဲ့ဂိမ်းတွေကိုတော့ ခိုးလို့မရပါဘူး။ Offline ကစားရတဲ့ဂိမ်းတွေကိုပဲ ခိုးလို့ရပါတယ်။ တစ်ခုတော့သတိထားရပါ မယ်။ ဒီလိုခိုးပြီးကစားတဲ့ Application တွေကိုအသုံးပြုပြီးရင် နောက် ထပ်ဘာဂိမ်းကိုမှထည့်ပြီးကစားလို့မရတော့ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ခိုးထားတဲ့ဂိမ်းတွေကို အသုံးပြုရတဲ့ Application ကြောင့် နောက် ထပ်အသုံးပြုမယ့်ဂိမ်းဖိုင်တွေမှာ အဆင်မပြေတော့ပါဘူး။ Offline ဂိမ်း တွေထည့်ရင်တောင် အဆင်မပြေနိုင်တော့ပါဘူး။

မေး - ကျွန်တော့်ဖုန်းက Huawei C8815 ပါ။ ပါဝါတော့လာတယ် ခင်ဗျာ။ ဒါပေမဲ့ အစ်ကိုရေ စက်တစ်ခုလုံးပူနေတယ်။ အဲ့တာ ဘယ်လိုလုပ်ရမလဲခင်ဗျာ။

ဖြေ - ကျွန်တော်အဲ့ဒီဖုန်းတစ်လုံးပြင်ပေးဖူးပါတယ်။ Model လည်း အတူတူပါပဲဗျာ။ ဘယ်လိုဖြစ်လဲဆိုရင် ပါဝါပိုင်းမှာရှိတဲ့ Condencer တစ်လုံးကြောင့်ဖြစ်နေပါတယ်။ Network ပိုင်းမှာရှိတဲ့ Condencer လေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ပါဝါပိုင်းက Condencer လေး လဲပေးလိုက်တာ အဆင်ပြေသွားပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment