Android စမတ်ဖုန်းသုံးနေတဲ့သူတွေအတွက်
Facebook, Youtube, Instagram စတဲ့နေရာတွေကနေ ကိုယ်ကြိုက်တဲ့ Video တွေကို
လွယ်လွယ်ကူကူပဲ Download လုပ်နိုင်မယ့် နည်းလမ်းလေးကို
ဖေါ်ပြပေးလိုက်ပါတယ်..

ပထမဆုံး အောက်ကလင့် တစ်ခုခုကနေ Videoder ဆိုတဲ့ App လေးကို Download လုပ်ပြီး Install လုပ်ထားပေးပါ..
ပြီးရင် Facebook မှာပဲဖြစ်ဖြစ်၊ Youtube မှာပဲဖြစ်ဖြစ် ကိုယ် Download လုပ်ချင်တဲ့ Video ရဲ့ Share Button ကိုနှိပ်ပါ..


ပြီးရင် Facebook မှာတော့ More Option ကိုနှိပ်ရမှာဖြစ်ပြီး Youtube မှာတော့ အောက်ပုံအတိုင်း Share စရာ Application တွေပေါ်လာပါမယ်.. အဲဒီထဲက Downloader ကိုရွေးပေးရပါမယ်..

ပြီးရင်တော့ Video အရည်အသွေးအလိုက်ဖြစ်စေ၊ အသံပဲရယူနိုင်တယ်ဆိုရင်
အသံအရည်အသွေးအလိုက်ဖြစ်စေ ကိုယ် Download လုပ်ချင်တာကို ရွေးပေးရပါမယ်..


ပြီးရင်တော့ အပေါ်မှာ ဖိုင်နာမည်ကို ပြောင်းချင်ရင် ပြောင်းနိုင်ပါတယ်... Download Location ကိုပြောင်းချင်ပြောင်းနိုင်ပါတယ်... ပြီးရင် Start Download ကိုနှိပ်နိုင်ပါပြီ..

ခုဆိုရင်တော့ ကိုယ်လိုချင်တဲ့ Video ဖိုင်ကို အလွယ်အကူ ရရှိနိုင်ပါပြီ..

Tutorial Video
#kolinn
No comments:
Post a Comment