Friday, February 17, 2017

♪ Facebook မှ စိတ်အနှောင့်အယှက် ဖြစ်စရာ “ On This Day “ ကို ပိတ်မယ် ♫


Facebook က သင့်ရဲ့ အတိတ်မှ ပျော်စရာ အမှတ်တရများကို ပြန်လည် ခံစားနိုင်အောင် “ On This Day “ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ ဒီစွမ်းဆောင်ချက်ဟာ ၀မ်းနည်း စရာများကိုလည်း ပြန်လည် မြင်မိစေနိုင်ပါတယ်။ အဲဒီအတွက် Facebook က “ On This Day “ စွမ်းဆောင်ချက်ကို ပိတ်ထားနိုင်တဲ့ နည်းလမ်းများကို ထည့်သွင်းပေးထားပါတယ်။ အခု Tutorial မှာ ပီစီမှာ ပြုလုပ်နည်းကို ပြသပေးမှာ ဖြစ်ပေမယ့် မိုဘိုင်းဖုန်းများကနေလည်း ပြုလုပ်နိုင်ပါတယ်။

သင့်ရဲ့ Facebook အကောင့်ကို Login ၀င်ပါ။ ဘယ်ဘက်ခြမ်းမှ “ On This Day “ ကို နှိပ်ပါ။


 
ညာဘက်အပေါ်ထိပ်မှ Preferences ကို နှိပ်ပါ။


 
Filter ကဏ္ဍအောက်မှာ People ရဲ့ ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။


အဲဒီမှာ “ On This Day “ မှာ မပြသစေချင်တဲ့ လူများရဲ့ အမည်များကို ရိုက်ထည့်ပြီး Save လုပ်ပါ။ Facebook က အဲဒီလူများနဲ့ ပတ်သက်တဲ့ အမှတ်တရများကို သင့်ရဲ့ “ On This Day “ မှာ ပြသမှာ မဟုတ်ပါဘူး။


 
Filter ကဏ္ဍထဲ ပြန်ရောက်သွားရင် People ရဲ့ ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။


Select Dates ကို နှိပ်ပြီး “ On This Day “ မှာ မပြသစေချင်တဲ့ နေ့ရက် အပိုင်းအခြားကို ရွေးချယ်ပေးပါ။ Done ကို နှိပ်ပြီး Save နှိပ်ပါ။ ဒါဆိုရင် အဲဒီနေ့ရက် အပိုင်းအခြားကို သင့်ရဲ့ “ On This Day “ မှာ ပြသပေးမှာ မဟုတ်တော့ပါဘူး။



Credit to ==>  DigitalTimes.com.mm

No comments:

Post a Comment