Facebook က သူ့ရဲ့ လူမှုကွန်ရက်က ဗီဒီယိုတွေကို Download လုပ်ဖို့
နည်းလမ်းကို မပေးထားပါဘူး။ ဒါပေမယ့် Facebook က ဗီဒီယိုတွေကို
ဒေါင်းလို့ရတဲ့ နည်းလမ်းများရှိပါတယ်။ အဲဒီအထဲကမှ ဖုန်းကနေ Facebook
ဗီဒီယိုတွေကို ဒေါင်းနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းကို
ရေးသားပေးလိုက်ပါတယ်။ ဒီနည်းလမ်းမှာ Video Downloader for Facebook ဆိုတဲ့
Android App ကို အသုံးပြုမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်က သူ့ထဲကနေ သင့်
Facebook News Feed ကို ကြည့်နိုင်တာဖြစ်ပြီး ကြိုက်တဲ့ ဗီဒီယိုတွေ့ရင်
ဒေါင်းလိုက်ရုံပါပဲ။ Video Downloader for Facebook ကို အောက်ပါ Link ကနေ
ရယူပါ။
https://goo.gl/V5mSBA
(၁) Video Downloader for Facebook ကို သင့်ဖုန်းမှာ Install လုပ်ပြီး ဖွင့်ပါ။ အသုံးပြုနည်းကို ပြသပေးမှာ ဖြစ်ပါတယ်။ အောက်ခြေမှ Got It ကို နှိပ်ပါ။
(၂) Home Screen ရဲ့ အောက်ခြေမှ Browse Facebook ခလုတ်ကို နှိပ်ပါ။
(၃) နောက်အဆင့်မှာ သင့် Facebook အကောင့်ရဲ့ Username, Password ကို ရိုက်ထည့်ပေးပါ။ Login ခလုတ်ကို နှိပ်ပါ။
(၄) သင့်ရဲ့ News Feed မှ နှစ်သက်ရာ ဗီဒီယိုကို တွေ့ရင် တစ်ချက်နှိပ်ပါ။
(၅) ဗီဒီယိုကို ကြည့်ချင်ရင် Watch ကို နှိပ်ပါ။ Download ကို နှိပ်ရင် ဒေါင်းပေးမှာ ဖြစ်ပါတယ်။
(၆) ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး Downloading ထဲသွားရင် ဒေါင်းနေတဲ့ ဗီဒီယိုများကို တွေ့နိုင်ပါတယ်။ Download ပြီးစီးမှုကိုလည်း ရာခိုင်နှုန်းနဲ့ ပြသပေးထားပါတယ်။ Download လုပ်ထားတဲ့ ဗီဒီယိုများကိုလည်း အဲဒီနေရာမှာပဲ ကြည့်နိုင်ပါတယ်။ Music Video များကို MP3 အဖြစ် ပြောင်းလဲချင်ရင် ဗီဒီယိုကို တစ်ချက်နှိပ်ပါ။ Convert to MP3 ကို နှိပ်ပါ။
No comments:
Post a Comment