မြန်မာစာတန်းထိုးရုပ်ရှင်တစ်ခုဖြစ်ကိုဖန်တီးဖို့
ဒါမှမဟုတ် Bollywood နဲ့ အင်္ဂလိပ်မဟုတ်တဲ့အခြား Language
စကားပြောကားတွေကြည့်ရတာ နားမလည်ဘူးဆိုရင်စိတ်အလိုမကျပါဘူး ။
နောက်ကိုယ်ပိုင် စာတန်းထိုးဇာတ်ကားလေးတွေဖန်တီးနေသော်လည်း Encode
ဆိုတာကြီးကိုနားမလည်တော့ စာဖိုင် အသေတွဲတဲ့အချိန်ဘယ်လိုမျိုးလဲ
ဘယ်ဆော့ဝဲလ်သုံးလဲဆိုတာ သိရှိစေချင်တာပါ။ စာတန်းထိုးနည်းကို
ပုံလေးတွေနှင့်တကွပြသွားမှာဖြစ်ပါတယ်။ဘာသာပြန်တာက Smart Phone ,Tablet
,Computer ကြိုက်ရာနဲ့ပြန်လို့ရပေမယ့် စာဖိုင်တွဲခြင်း မှာတော့ Computer
မှာပဲလုပ်ရမှာဖြစ်ပါတယ်။
၁။# မိမိကြည့်ရူလိုတဲ့ရုပ်ရှင်ကိုDownload
ဆွဲရမှာဖြစ်ပြီးကျွန်တော်ကြည့်ရူ့နေကြဖြစ်တဲ့ www.fmovies.to
နှင့်www.dayt.se ရုပ်ရှင်တွေဆိုအများအားဖြင့်
အင်္ဂလိပ်စာဖိုင်တွေပါဝင်ပြီးဖြစ်တာကြောင့် စာဖိုင်တကူးတကရှာစရာမလိုပါဘူး။
စာဖိုင်သီးသန့်ရှာဖွေ ဘာသာပြန်သူတွေအနေနဲ့ကတော့
www.subscene.com,www.moviesubtitles.org ,www.opensubtitle.org
တို့်မှာလည်း မိမိလိုချင်တဲ့ Quality အတိုင်းရှာဖွေနိုင်ပါတယ်။
၂။# စာဖိုင်ရပြီဆိုရင်ဘာသာပြန်ဖို့ ယင်းစာဖိုင်ကို ကွန်ပျူတာ မှာဆို open with notepad ဖြင့်ဖွင့်ပေးပြီး Android ဖုန်းမှာဆို Subbr Pro ဆော့ဖ်ဝဲလ် နှင့်ဘာသာပြန်နိုင်ပြီး အောက်က Link မှာ Subbr Pro Apk ရယူနိုင်ပါတယ်။
ကျွန်တော်အနေနဲ့ တတ်ကျွမ်းသူတစ်ဦးအနေနဲ့မဟုတ်ပဲဝါသနာရှင်တစ်ဦးအနေနဲ့ရေးသားခြင်းဖြစ်လို့အမှား ရှိရင်ခွင့်လွှတ်ပေးပါ။ အဆင်မပြေတာရှိရင်လဲမေးမြန်းနိုင်ပါတယ်။ ကျွန်တော်လဲ ဘယ်ဆော့ဝဲလ် သုံးလဲဆိုတာ စမ်းသပ်ရင်နဲ့ စာဖိုင်တွဲခြင်းကိုသိရှိခဲ့တာပါ။ အဆင်ပြေရင်နောက်လူတွေသိရှိအောင် Like Share လုပ်ခဲ့ရင်းကူညီခဲ့ပါ။
ပုံမှာပြသထားသည့်အတိုင်း Save လုပ်ရမှာဖြစ်ပါတယ်။

အဲ့ဒီနောက်စာဖိုင်ရပြီဆိုရင် စာဖိုင်တွဲခြင်း လုပ်ဖို့ Xilisoft Video
Converter Ultimate Software ကို Computer မှာ Install လုပ်ရမှာဖြစ်ပြီး
အောက်ပါ Link မှာရယူနိုင်ပါတယ်...
ဒီ Software က Full version ဖြစ်ရမှာဖြစ်တာကြောင့် Serial Key တွေပါရှိပြီး Password တောင်းခဲ့ရင် www.ayekyaw.org ဆိုပြီးထည့်ပေးလိုက်ပါ။ ကိုအေးကျော် နည်းပညာPage ကိုလည်း Credit ပေးပါတယ်။ install လုပ်တာအဆင်မပြေရင်လည်းမေးမြန်းနိုင်ပါတယ်။

အဲ့ဒီနောက် Add မှာ ကိုယ်စာဖိုင်တွဲမယ့် Video ကိုရွေးချယ်ပေးလိုက်ပါ


နောက် Subtitle ဆိုတဲ့ကွပ်လပ်လေးကိုနှိပ်ပြီး Add Subtitle file ဆိုတာလေးကျလာပါလိမ့်မယ် ။
အဲ့ဒါ ကိုရွေးပြီးကိုယ်ဘာသာပြန်ထားတဲ့စာဖိုင်လေးကိုသွားရွေးပေးရုံပါပဲ

စာဖိုင်လဲရပြီ Video ကလဲအဆင်သင့်ဖြစ်ပြီဆို Start ကိုနှိပ်ပေးလိုက်ခြင်းဖြင့်စာဖိုင်တွဲတာကိုစတင်လုပ်ကိုင်နေပါပြီး

အောက်က preview မှာလဲ ကိုယ်တွဲလိုက်တဲ့စာဖိုင်နဲ့ Video အဆင်ပြေ မပြေကြည့်နိုင်ပါသေးတယ်။

www.fmovies.to

ကိုယ်ကြိုက်တဲ့ Quality ကို ရွေးပြီး Download ကို နှိပ်ပါ။


အောက် နားကပဲ Subtitle ကိုရွေးပြီး စာဖိုင်ရယူနိုင်ပါတယ်။


တစ်ခါတစ်ရံ မြန်မာစာတွေ Vlc Player ပေါ်မှာအဆင်မ ပြေ ဖြစ်လျင်
Vlc-tools-Preferences -Subtitle/OSD-Zawgyi ကိုရွေးပေးပါ။

Vlc-tools-Preferences -Subtitle/OSD-Zawgyi ကိုရွေးပေးပါ။

Computer ပေါ်မှာ Video file တွေ Download ဆွဲမယ်ဆိုရင် Internet Download Manager နဲ့ဆို ပိုကောင်းပါတယ်။


ကျေးဇူးတင်ပါတယ်....
No comments:
Post a Comment