Facebook က Messenger မှာ Chat Bots များကို စတင် ခွင့်ပြုလိုက်တဲ့ ဧပြီလနောက်ပိုင်းမှာ Programmers များက ကျန်းမာရေး အကြံပြုချက်များ ပံ့ပိုးခြင်း၊ Uber အငှားယာဉ်ကို ခေါ်ခြင်း၊ သတင်းများကို ပြသပေးခြင်း စတဲ့ ဆော့ဝဲ စက်ရုပ်များကို တီထွင်ခဲ့ကြပါတယ်။
အခုတော့ အရေးပေါ် အခြေအနေများမှာ အမေရိကန် ရဲတပ်ဖွဲ့ထံသို့ အကူအညီတောင်းနိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ အရေးပေါ် အခြေအနေ ဖြစ်ပွားပြီလို့ သင်က စာပေးပို့လိုက်တာနဲ့ စက်ရုပ်က မှုခင်းဖြစ်ပွားတဲ့ နေရာမှ ဓါတ်ပုံများနဲ့ အခြားသတင်းအချက်အလက်များကို တောင်းခံမှာပါ။ သူက သင့်ရဲ့ တည်နေရာနဲ့ ဖုန်းနံပါတ်ကိုလည်း မှတ်တမ်းရယူမှာပါ။ အဲဒီနောက်မှာ စက်ရုပ်က သင့်အစား ရဲတပ်ဖွဲ့ထံသို့ ဖုန်းခေါ်ဆိုပေးမှာဖြစ်ပါတယ်။
911Bot က အရေးပေါ် အခြေအနေအပေါ် မူတည်ပြီး လမ်းညွှန်ချက်များကိုလည်း ပံ့ပိုးပေးမှာပါ။ 911 ထံ ဖုန်းခေါ်ဆိုဖို့ ခက်ခဲတဲ့ အရေးပေါ် အခြေအနေမှာ Messenger ကနေ 911Bot မှ တစ်ဆင့် ရဲ တပ်ဖွဲ့ထံ ဆက်သွယ်ရတာ ပိုမို အဆင်ပြေစေမှာဖြစ်ပါတယ်။
Credit to ==> Myanmar Digital Life Journal
No comments:
Post a Comment