အစ်ကိုတစ်ယောက်မေးထားလို့ MYSTERY ZILLION မှ ပို့စ်ကို တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်..
Amazon Kindle မှာ ဇော်ဂျီဖောင့်နဲ့ ဖတ်ကြမယ်
*****************************
Amazon က ထုတ်တဲ့ Kindle ebook reader တွေကတော့ နာမည်ကြီးတွေပါ။ စာအုပ်တွေ အလွယ်တကူ ဒေါင်းလော့ လုပ်နိုင်တာ၊ စာအုပ်အမျိုးအစားစုံ ရနိုင်တာ၊ အမေရိကမှာဆိုရင် Library မသွားပဲ kindle ebook reader လေးရှိရုံနဲ့ စာကြည့်တိုက်တွေက စာအုပ်ငှားနိုင်တာ စသဖြင့် အားသာချက်တွေကတော့ အများကြီးပါပဲ။ ဘယ်လိုပင်အားသာချက်တွေ များများပေါ့လေ၊ kindle ebook reader လေးတွေပိုင်တဲ့ မြန်မာတွေကတော့ မြန်မာဖောင့်နဲ့ စာအုပ်လေးတွေကို kindle ပေါ်မှာ ဖတ်ချင်ကြမှာပါ။ ဒါပေသိ အဲလိုမျိုးစာအုပ်တွေက Amazon ၀ဘ်ဆိုဒ် မှာလဲ မရနိုင်၊ ပိုဆိုးတာက kindle က မြန်မာဖောင့်ကို ကောင်းကောင်း support မလုပ်နိုင်တာပါ။ ကောင်းကောင်း support မလုပ်နိုင်လို့ရေးရတာက ဇော်ဂျီဖောင့်ဆိုရင် ဖတ်လို့ကိုမရပါဘူး။ ယူနီကုဒ်ဖောင့်ဆိုရင်တော့ “က၊ ခ၊ ဂ၊ … အစရှိသဖြင့် ၃၃ လုံးသော အက္ခရာတွေက ကောင်းကောင်းပေါ်ပါတယ်။ ဒါ့အပြင် တစ်ခြား ယပင့် တို့ ဘာတို့လည်း ပေါ်ပါတယ်။ ကျွန်တော် သတိထားမိသလောက် ယူနီကုဒ်ဖောင့်စာတွေ ကို ကောင်းကောင်းမဖော်ပြနိုင်တာက ယရစ်တို့၊ သေ၀ထိုးတို့ပါ။ screen shot လေးတွေမှာ ကြည့်လိုက်ရင် ပိုရှင်းပါတယ်။
ယူနီကုဒ်ဖောင့်တွေကို ဘာ customize မှမလုပ်ပဲ ဖတ်လို့အနည်းငယ်ရနေတော့ ဖောင့် customize လုပ်ရရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါရော။ အဲလိုနဲ့ပေါ့လေ … ကျွန်တော်လည်း kindle မှာ ဖောင့်ကို ဘယ်လို customize လုပ်လို့ရမလဲ ဆိုပီး အားရင် google ကနေ ရှာဖွေပါတော့တယ်။ တွေ့တဲ့ဆိုဒ်တွေကတော့ မျိုးစုံပါပဲ။ hack လုပ်ပီး font နဲ့ screen saver တွေပြောင်းတာတွေ တွေ့တယ်။ hack လုပ်ပီး တစ်ခြားလုပ်လို့ရတာတွေ လည်းရှိတယ်။ အမှန်ပြောရရင် ကျွန်တော်က ဒီနည်းပညာတွေအတွက် ဝါသနာရှင်အဆင့်ပဲရှိတယ်။ ပညာရှင်အဆင့်မဟုတ်လေတော့ kindle ကို hack လုပ်တာ ဘာတွေကောင်းလဲ၊ ဘာအကျိုးပိုရှိလဲဆိုတာ သေချာမသိပါဘူး။ ကိုယ့်ရဲ့ စက်ကလေးကို hack လုပ်ရမယ်ဆိုတော့လဲ မလုပ်ချင်ပြန်ဘူး။ hack လုပ်ပီးရင်လဲ မြန်မာဖောင့်ဖတ်ရမယ်လို့ သေချာတာမှ မဟုတ်ပဲ နော့… ။

ရှာရင်းဖွေရင်းနဲ့ kindle အတွက် alternative OS တစ်ခုသွားတွေ့ပါလေရော။
သူ့နာမည်က Duokan Lite တဲ့။ တရုတ်က ထွင်တာဗျ။ (တရုတ်ကတော့ သူများနောက်က
ဟက်ကမယ်ဆို ထိပ်ပဲနော် )။ စိတ်ဝင်စားစရာတစ်ချက်က သူကို install
လုပ်မယ်ဆိုရင် မူရင် kindle OS ကိုလည်း အချိန်မရွေး restart လုပ်ပီး
အချိန်မရွေး ပြန်သုံးလို့ရတယ်တဲ့။ kindle ပေါ်မှာ dual software
တင်ထားသလိုမျိုးပေါ့၊ ဒီတော့ ကျွန်တော် နဲနဲ စိတ်ဝင်စားသွားတယ်။
နောက်ထပ်စိတ်ဝင်စားစရာ အချက်က သူက kindle က support မလုပ်တဲ့ Epub format
ebook တွေ support လုပ်တယ်ဆိုတာကိုး။ စိတ်ဝင်စားမိတာက ဒီလို။ ကို saturngod
ရဲ့ ၀ဘ်ဆိုဒ်မှာ epub format မြန်မာစာအုပ်တွေ လုပ်လို့ရတဲ့ ပိုစ့်လေးတွေ
ဖတ်ဖူးတာကိုး။ ဒါနဲ့ စမ်းကြည့်မယ်ဆိုပီး Duokan ကို install
လုပ်လိုက်တယ်ဆိုပါတော့။ ပီးတော့ တက်ကြွစွာနဲ့ပဲ ကိုsaturngod ဆိုဒ်က
ရွှတိဂုံ ဆိုတဲ့ epub book လေးကို ဒေါင်းလော့ဆွဲပီး Duokan မှာ အားရ၀မ်းသာ
ဖွင့်ကြည့်လိုက်တော့ ….. လား လား…ဘာမျှမပေါ်ပဲ blank screen
ကြီးပဲပေါ်နေပါလေရော။
(မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါလားနော် )။ ဒါပေမယ့် Duokan
ရဲ့ကောင်းကွက်က pdf အတွက်တော်တော်ကောင်းတယ်ဗျ။ kindle က မလုပ်နိုင်တဲ့
blank margin တွေ ဖျောက်ပစ်တာ၊ page ကို column တွေခွဲပီး ဖတ်ချင်ရင်
ဖတ်လို့ရတာ…အဲဒါတွေတော့ အားသာချက်ရှိတာတွေ့ရတယ်။ မြန်မာ pdf စာအုပ်တွေ
ဖတ်မယ်ဆို ပိုကောင်းတယ် ပြောရမလားပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ google ပေါ်မှာ
font customize လုပ်ဖို့ ရှာဖွေမှုကတော့ ရပ်မသွားသေးဘူး ခင်ဗျ။ ကိုယ်က
software တွေအကြောင်း နကန်းတစ်လုံး နားမလည်လေတော့ တတ်တဲ့သူတွေ
ရေးထားမလားဆိုပီး ရှာရတာပေါ့ဗျာ။ တစ်ရက် အဲဒီလို ရှာရင်းနဲ့ပဲ ဒီ
mysteryzillion ဆိုဒ်မှာ kokoblackspy ဆိုတဲ့သူက Is Myanmar Unicode
available for kindle? လို့မေးထားတာလေးတစ်ခုတွေ့တော့ အားရ၀မ်းသာ
ဘယ်သူတွေများ အဖြေပေးထားမလဲလို့ ဖွင့်ကြည့်ပါလေရော။ အဲဒီမှာပဲ ကိုsaturngod
ရဲ့ အဖြေကိုတွေ့လိုက်ရတော့ အားတော်တော် ငယ်သွားတယ်။
ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့အတိုင်းပဲ hack လုပ်စရာမလိုပဲ font customize လုပ်လို့ရတယ်ဆိုတာ တစ်ခုတွေ့လာတယ်။ hack လုပ်စရာမလိုဘူးဆိုတော့ စမ်းကြည့်မယ်ပေါ့။ စစချင်း ယူနီကုဒ်ဖောင့် Myanmar3 နဲ့ စမ်းကြည့်လိုက်တယ်။ မူရင်း font customize မလုပ်ခင်က ဖတ်ရနေတာတောင် ဖတ်မရတော့ဘူး ဖြစ်သွားတယ်။
နောက် ဖောင့်အကြောင်းလည်း နားမလည်တော့ font တစ်ခုထဲကိုပဲ အဲဝဘ်ဆိုဒ်မှာ ပြောတဲ့အတိုင်း နာမည် လေးမျိုး ခွဲပေးလိုက်တာ kindle ပါ hang သွားတယ်။ အဲဒီအတိုင်းပဲ zawgyi font နဲ့ စမ်းကြည့်တယ်။ wow…ဇော်ဂျီကို ကောင်းကောင်း display လုပ်တယ်ခင်ဗျ။ တော်တော် ပျော်သွားတယ်…ကိုယ့်ရဲ့ စမ်းသပ်ချက်လေး အောင်မြင်တာကိုး။ အဲဒါနဲ့ kindle ရဲ့ user guide ကိုပြန်ဖွင့်ကြည့်တယ်။ ဇော်ဂျီဖောင့်လေးနဲ့ ဘယ်လို ပေါ်မလဲပေါ့။ ဒါပေမယ့် ဖွင့်မရတော့ဘူး။ ဘယ်လိုဖြစ်တာလဲပေါ့နော်။ တော်တော် အဖြေရှာလိုက်ရတယ်။

အဓိကကတော့ font အကြောင်းနားမလည်လို့ font တစ်ခုထဲကို နာမည် လေးမျိုး
ခွဲပီးပေးလိုက်လို့ ဖြစ်တာမှန်း ရှာတွေ့သွားတယ်။ မှားပုံက ဒီလို… font
customize လုပ်ဖို့ ဆိုဒ်ရဲ့ အညွှန်းမှာက ကိုယ်သုံးချင်တဲ့ font
လေးမျိုးရှာပီး နာမည်ပြောင်းခိုင်းတယ်။ ကျွန်တော်က မသိတော့ zawgyi font
တစ်ခုထဲကိုပဲ သူပေးခိုင်းတဲ့ နာမည် လေးမျိုး ဖြစ်တဲ့ alt-Regular.ttf,
alt-Bold.ttf, alt-Italic.ttf, alt-BoldItalic.ttf ဆိုပီးပေးပစ်လိုက်တာ။
အားလုံးပဲ ဇော်ဂျီနဲ့ပေါ်စေပေါ့ ဟီး…အဲလိုမျိုး နည်းပညာ ကျွမ်းကျင်တာ။ ကဲ
ကဲ…ကျွန်တော် နိဒါန်းပျိုးတာတွေ များသွားပီ။ ကျွန်တော့လိုပဲ kindle ပေါ်မှာ
မြန်မာစာ ဖတ်ချင်သူတွေ အဆင်ပြေအောင် ဒီပိုစ့်လေး ရေးတင်လိုက်တာပါ။
လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကိုတော့ မူရင်း ၀ဘ်ဆိုဒ်တွေမှာပဲ ၀င်ဖတ်လိုက်ပါ။
ကျွန်တော် link တွေ ထည့်ပေးပါမယ်။
http://almost-a-technocrat.blogspot.com/2012/01/customize-amazon-kindle-keyboard-fonts_01.html
တကယ့်မူရင်းဆိုဒ်ကတော့ ဒီကပါ..
http://www.mobileread.com/forums/showthread.php?t=99355
သိပ်မခက်ပါဘူး။ သူက kindle ရဲ့ reader.pref ဖိုင်လေးကို edit လုပ်လိုက်တာပါ။ အဲဖိုင်လေးကို notepad ဒါမှမဟုတ် wordpad နဲ့ ဖွင့်လို့ရပါတယ်။ သြော်မေ့တော့မလို့…ကျွန်တော့လိုပဲ နည်းပညာနဲ့အလှမ်းကွာသူ လူတွေအတွက် kindle ရဲ့ system ဖိုင်ကို တွေ့ဖို့အတွက် Tools>>Folder Options>>Hide protected operating system files (Recommended) ကို uncheck လုပ်ထားဖို့ လိုပါလိမ့်မယ်။ reader.pref ကို edit လုပ်ပီးပီဆိုရင်တော့ ကိုယ်သုံးချင်တဲ့ font file ကို create လုပ်ရပါလိမ့်မယ်။ fonts ဆိုတဲ့ ဖိုင်လေးကို ဘယ်နေရာမှာ create လုပ်ရမလဲဆိုတော့ ခုန system ဖိုင်တို့ document ဖိုင်တို့ တွေ့တဲ့ နေရာမှာ လုပ်ရမှာပါ။ fonts တွေကတော့ ကိုယ်သုံးချင်တဲ့ font တွေကို ရွေးပေးပေါ့။ ကျွန်တော်ကတော့ fonts တွေကို ခုလို သုံးလိုက်တယ်…
alt-Regular.ttf - ZawgyiOne.ttf
alt-Bold.ttf - Calibri Bold.ttf
alt-Italic.ttf - Calibri Italic.ttf
alt-BoldItalic.ttf - Calibri Bold Italic.ttf
ဒီနေရာမှာ alt-Regular.ttf အတွက် ဇော်ဂျီဖောင့်ကိုသုံးပီး ကျန်တဲ့ alt-Bold.ttf, alt-Italic.ttf, alt-BoldItalic.ttf font တွေက ကိုယ်သုံးချင်တာ သုံးနိုင်ပါတယ်။ အဲဒီ fonts folder ကို create လုပ်ပီးပီဆိုရင်တော့ kindle ကို ကွန်ပျူတာကနေ ဖြုတ်ပီး restart လုပ်လိုက်ပါ။ ပီးရင် ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ ဖိုင်တစ်ခုလောက် ဖွင့်ကြည့်လိုက်ရင် အားလုံးအဆင်ပြေနေတာ တွေ့ရမှာပါ။
ဗျာ….ဇော်ဂျီနဲ့ ရေးထားတဲ့ဖိုင်ကို ဘယ်လို format နဲ့ kindle ထဲကို ထည့်ရမလဲ… ဟုတ်လား??? ဟုတ်ကဲ့ အလွယ်ဆုံး နည်းလေးတစ်ခု ပြောပြပါမယ်။ ကျွန်တော် ခုပြောမယ့်ဆိုဒ်လေးကိုလည်း googling လုပ်ရင်းနဲ့ပဲ ရှာတွေ့တာပါ။ ဆိုဒ်နာမည်က kindleit တဲ့။ အပြည့်အစုံကတော့ http://fivefilters.org/kindle-it/ တဲ့။ အဲဒီဆိုဒ်မှာ ပေးထားတဲ့ url ထည့်တဲ့ box လေးမှာ ကိုယ်ဖတ်ချင်တဲ့ မြန်မာဆိုဒ်ပေချ့်လိပ်စာကို ထည့်လိုက်ပါ။ ဇော်ဂျီနဲ့ ရေးထားတာတော့ ဖြစ်ပါစေနော်။

ပီးရင် preview ကို click လိုက်ပါ။ ပီးရင်တော့ send to ဆိုတဲ့ box မှာ
ကိုယ့် kindle ရဲ့ email address ကိုထည့်ပေးပါ။ @ နောက်ကဟာကိုတော့
free.kindle.com ကိုပဲ ရွေးပေးပါ။ ပီးတော့ဘယ် email ကပို့ချင်လဲဆိုတာ
ထည့်ပေးပါ။ ပို့ချင်တဲ့ email က ကိုယ့် kindle အကောင့်ထဲမှာ approve
ဖြစ်ပီးသား ဖြစ်ရပါမယ်။ အဲဒါကိုတော့ Amazon web site မှာ Manage your
kindle ရဲ့ personal document setting မှာ ၀င်ရောက်ပြင်ဆင်လို့ ရပါတယ်။
အဲလိုပို့ပီးပီ ဆိုရင် ကိုယ့်ရဲ့ kindle မှာ wireless ဖွင့်ထားပီး sync
& check for items ဆိုတာကို menu ဖွင့်ပီး ကလစ်လိုက်ရင် ခုနပို့ထားတဲ့
webpage က ကိုယ့်ရဲ့ kindle ထဲကို .azw format (kindle format) နဲ့
ရောက်လာပါလိမ့်မယ်။ ကဲ…ဒါဆိုရင် ကိုယ်လိုချင်တဲ့ မြန်မာလိုရေးထားတဲ့ ebook
လေးတစ်ခု ရပီပေါ့။ ဟန်ကျလိုက်တာဗျာ …
မှတ်ချက်။ ယူနီကုဒ်နဲ့ ရေးထားတဲ့ စာတွေကိုလည်း ဇော်ဂျီဖောင့်ပြောင်း, google document မှာ paste လုပ်၊ ပီးတော့ ကိုယ့်ရဲ့ kindle ထဲကို email attachment အနေနဲ့ပို့ပီးလည်း ဖတ်နိုင်ပါတယ်။ thevoiceweekly ရဲ့ ဆောင်းပါးတွေကို အဲဒီလိုနည်းနဲ့ ဖတ်နေပါကြောင်း
PS: တစ်ခု သတိပေးဖို့ မေ့သွားတယ်ဗျ။ ဒီလိုပါ…ခုန ဇော်ဂျီဖောင့် ပြောင်းထားတာကို မပျက်စေချင်ရင် kindle ရဲ့ AA key ကနေ Type Face ကို သွားမချိန်းမိဖို့ပါပဲ။ ချိန်းမိရင်တော့ font customize လုပ်ထားတာ ပျောက်သွားပီး မူရင်း font နဲ့ပဲ ပြန်ပေါ်ပါလိမ့်မယ်။ အဲလိုဖြစ်ခဲ့လို့ font customize ပြန်လုပ်ချင်လဲ မခက်ပါဘူး။ reader.pref မှာ အပေါ်မှာ ပြထားတဲ့ဆိုဒ်တွေကလို Allow_User_Font=true ဆိုတာကို ပြန်ရေးလိုက်ရုံပေါ့။ တစ်ခြား Line spacing တွေ word per line တွေကိုတော့ ချိန်းနိုင်ပါတယ်။ နောက်ပီး font customize က kindle ရဲ့ Home Screen ကို affect ဖြစ်မှာ မဟုတ်ပါဘူး။ Home screen ကတော့ နဂိုဖောင့်နဲ့ပဲ ပေါ်ပါလိမ့်မယ်။

ခုဒီပိုစ့်အတွက် Credit ပေးရမယ့်ဆိုဒ်တွေကတော့ ခုန အပေါ်မှာ ကျွန်တော်ပေးထားတဲ့ ဆိုဒ်တွေအားလုံးပါပဲ။ အဲဒီဆိုဒ်တွေမှာ ခုဒီပိုစ့်မှာ ပါတဲ့ အကြောင်းအရာတွေအပြင် kindle နဲ့ဆိုင်တဲ့ တစ်ခြား အကြေင်းအရာတွေကိုလဲ ဆက်လက်လေ့လာ ဖတ်ရှုနိုင်ကြောင်း သတင်းကောင်းပါးပေးလိုက်ပါတယ်။ သူငယ်ချင်းများလဲ ခုဒီပိုစ့်လေးဖတ်ပီး ထပ်မျှေဝချင်တာလေးတွေရှိရင် မျှေဝပေးကြပါလို့ ဒီနေရာကပဲ တောင်းဆိုလိုက်ပါတယ်။
Source:www.mysteryzillion.org
No comments:
Post a Comment