Thursday, December 10, 2015

♪ “လေဆိပ်၊ ဟိုတယ် နှင့် တယ်လီနောအရောင်းဆိုင်များတွင် ကျပ်(၁၂၀၀၀)တန် တိုးရစ်ဆင်းကတ်များ ရရှိနိုင်” ♫

https://www.telenor.com.mm/images/tourist-sim-h.jpg
တယ်လီနောမှ တစ်ကတ်လျှင်ကျပ် ၁၂၀၀၀ဖြင့်ရရှိနိုင်သော Tourist SIM များကိုကုမ္ပဏီမှတိုက်ရိုက် ဖွင့်ထား သော (COCO)ဆိုင်များ၊ ဖရန်ချိုက်စ် စနစ်ဖြင့်ဖွင့်ထားသော (FOFO) ဆိုင်များ၊ လေဆိပ်များ၊ ဟိုတယ်များနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများတွင်ရရှိနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါကျပ် ၁၂၀၀၀တန် Package တွင် 1GB Smart Internet နှင့် ၅၀၀၀ ကျပ်တန်သောဖုန်းခေါ် ဆိုမှုနှင့်ဒေတာအသုံးပြုခွင့်၊ Facebook ကိုအကန့် အသတ်မရှိအခမဲ့ အသုံးပြုနိုင်ခွင့်တို့ပါဝင်ပြီးဖြစ်သည်။ SIM ကိုပထမဦးဆုံး ဖုန်းခေါ်ဆိုမှုဖြင့် Activate ပြုလုပ်ပြီးပါက ၁၄ရက်အထိ အသုံးပြုနိုင်မည်ဖြစ် သည်။ ၁၄ရက်ကျော် လွန်ပါကသို့မဟုတ် ဆင်းကတ်တွင်ပါဝင်သော အသုံးပြုနိုင်သည့် ငွေပမာဏကုန်သွားပါက ရက် ၃၀ အတွင်း ထပ်မံ ငွေဖြည့် ပါကပုံမှန် SIM Card အတိုင်းဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

အသုံးပြု သူများအနေဖြင့် အရေးပေါ်ငွေချေးသည့်ဝန်ဆောင်မှု(ကြိုသုံး)မှလွဲ၍ တယ်လီနော၏အခြား ၀န်ဆောင်မှုများနှင့် ပရိုမိုးရှင်းအားလုံး ကိုအသုံးပြုနိုင် ရန်စီစဉ်ထားပါသည်။ ပြည်တွင်းဖုန်းခေါ်ဆိုခမှာ မည်သည့် အော်ပရေတာ ကိုမဆိုတစ် မိနစ် ၂၅ ကျပ်သတ်မှတ်ထားပြီး SMS တစ် စောင် ၁၅ ကျပ် သတ်မှတ်ထားသည်။

ဈေးအသက်အသာဆုံးနိုင်ငံတကာဖုန်းခေါ်ဆိုမှုများကိုကနေဒါနိုင်ငံသို့ တစ်မိနစ် ၁၀၀ ကျပ်၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ကို တစ်မိနစ် ၂၀၀ကျပ်တို့ဖြင့် ခေါ်ဆိုနိုင်မည်ဖြစ် သည်။ နိုင်ငံတကာခေါ်ဆိုမှုနှုန်းထားအားလုံးကိုတယ်လီနောမြန်မာ Website ဖြစ်သည့် www.telenor.com.mm/page/ SIM-Top-Up/57 တွင်ကြည့်ရှု နိုင်ပြီး နိုင်ငံတကာ SMS ပေးပို့မှုမှာ မည်သည့် နိုင်ငံကိုမဆိုတစ်စောင် ၃၀ကျပ်သာကျသင့်မည်ဖြစ်သည်။ တယ်လီနောမြန်မာ၏ Chief Marketing Officer ဖြစ်သူ Joslin E Myrthong က “ မြန်မာနိုင်ငံမှာခရီးသွားလာရေးလုပ်ငန်း တစ်ဟုန်ထိုးမြင့်တက်လာနေပါတယ်။

အခုဝန်ဆောင်မှုအသစ်က မြန်မာနိုင်ငံကိုလာရောက်လည်ပတ်သူတွေအတွက် အိမ်မှာကျန်ခဲ့တဲ့ မိသားစု၊ သူငယ် ချင်းတွေနဲ့ အမြဲတမ်းချိတ်ဆက်နေနိုင်ဖို့လွယ်ကူပြီး စိတ်ချမ်းမြေ့စွာအသုံးပြုနိုင်အောင် ပြုလုပ်ပေး ထားတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့တာဝါတိုင် ၃၈၀၀ကျော်ကို စိုက်ထူနိုင်ပြီး ဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံရဲ့နေရာတော်တော်များများမှာ အသုံးပြုသူတွေ အတွက် အင်တာနက်ဒေတာ အသုံးပြုမှုကိုကောင်းမွန်စွာ ပေးအပ်နိုင်ပြီ ဖြစ်ပါတယ်”ဟုပြောသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment