Thursday, December 10, 2015

♪ မိုဘိုင်းဖုန်းဆိုင်ရာအမေးများနဲ့အဖြေများ ♫

“ Mobile Q & A “
Android M လို့အမည်ပေးထားတဲ့ Marshmallow (Android Version 6.0) မှာ Lollipop (Android Version 5.0) နဲ့ မတူညီတဲ့ Features လေး တွေပါဝင်လာပါတယ်။

(၁) Battery Life မှာ Marshmallow ဟာ Lollipop ထက် ဘက်ထရီသက် တမ်း ၃ ဆပိုကြာရှည်ခံတယ်လို့ Google ရဲ့ဖော်ပြချက်အချို့မှာတွေ့ ရပါတယ်။ ပြီးတော့ Google ဟာ Lollipop တင်ထားတဲ့ သူတို့ရဲ့ Nexus 5 တစ်လုံးနဲ့ Marshmallow တင်ထားတဲ့ Nexus 5 တို့ကိုနှိုင်းယှဉ်သုံးစွဲစမ်းသပ်တဲ့အခါမှာလည်း Marshmallow ဟာ Lollipop ထက် ဘက်ထရီသက်တမ်း ၃ ဆပိုမိုကြာရှည်ခံတာတွေ့ရပါတယ်။

(၂) Speed မှာဆိုရင်တော့ Marshmallow တင်ထားတဲ့ Nexus 6 နဲ့ Lollipop တင်ထားတဲ့ Galaxy S6 Edge နဲ့နှိုင်းယှဉ်စမ်းသပ်ခဲ့တဲ့အခါမှာလည်း Marshmallow ဟာ အရင်ထွက်ထားတဲ့ Lollipop, KitKat, Jelly Bean စတဲ့ Version တွေထက် Operating System Speed မှာ ပိုမိုမြန်ဆန်မှုကိုတွေ့ရ ပါတယ်။
(၃) Finger Print ကို Marshmallow မှာ Support ပေးထားပြီး Mobile Payment တွေအတွက် ပိုမိုအဆင်ပြေအောင်မွမ်းမံထားပါတယ်။

(၄) New Android Pay မှာဆိုရင်လည်း Samsung Pay နဲ့ Apple Pay တို့လို မဟုတ်ဘဲ မည်သည့် Android Phone မှာမဆို အသုံးပြုနိုင်ကြမှာဖြစ် ပါတယ်။

(၅) Individual App Permissions မှာလည်း Application တစ်ခုလုပ်ပြီးတိုင်း User တွေစိတ်တိုင်းကျ Permission တွေပေးနိုင်ဖို့ Edit Tab တွေ ပါဝင်လာပါတယ်။

(၆) Google Now on Tap ဆိုတဲ့ Google Now အတွက် Tap တစ်ခုကို Marshmallow မှာ ထည့်သွင်းပေးထားပါသေးတယ်။

(၇) Very Simplified Volume Controls - Marshmallow မှာ Apps, Music နဲ့ Alarm တွေအတွက် တစ်ခုချင်းစီကို Volume Control လုပ်လို့ရမှာပါ။

(၈) New Power Saver Mode - Marshmallow မှာ Doze လို့ခေါ်တဲ့ Power Saving Mode သစ်တစ်ခုပါဝင်လာပါတယ်။ Google ရဲ့ဖော်ပြချက်အရ Nexus 9 မှာ Doze Mode ကို On ထားမယ်ဆိုရင် သာမန်ထက် သက်တမ်း ၂ ဆ ပိုကြာရှည်ခံတယ်လို့သိရပါတယ်။

မေး - ကျွန်တော်က Sony ဖုန်း Crazy တစ်ယောက်ပါ။ ကျွန်တော့် ရဲ့ Sony Xperia M4 က မြန်မာစာထည့်လို့မရလို့ပါ။ ဖုန်း Service ဆိုင်ကပြောတာကတော့ Root ဖောက်ပြီးမှ ထည့်လို့ရမယ်လို့ ပြောပါတယ်။ ကျွန်တော်မေးချင်တာက Sony ဖုန်းတွေကို အခြား Huawei, Samsung တွေလို root မဖောက်ဘဲ မြန်မာစာထည့်လို့ရပါလား။

ဖြေ - ဟုတ်ကဲ့။ Sony ဖုန်းတွေမှာ Official ၀င်တဲ့အလုံးနဲ့ အပြင်လုံးတွေရှိပါတယ်။ Official အလုံးတွေက မှတ်ပုံတင်ပြီးတရားဝင်သွင်းတဲ့အတွက် မြန်မာစာ Original ပါပါတယ်။ ထပ်ထည့်စရာမလိုပါဘူး။ တရားဝင် မဟုတ်တဲ့ Sony တွေကတော့ မြန်မာစာဖောင့် သုံးချင်တယ်ဆိုရင် Bootloader Unlock လုပ်၊ Root ဖောက်ပြီးမှ မြန်မာဖောင့်ထည့်ပြီးမှ သုံးလို့ရမှာပါ။

မေး - iPhone 6 တွေမှာ ဘာကြောင့် LCD ပျောက်ပြီး အသံပဲလာတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ - iPhone 6 တွေဟာ IOS ဆော့ဖ်ဝဲတွေအသုံးများပြီး သုံးထားတဲ့ဆော့ဖ်ဝဲတွေပြန်ပြီး Clean ပြန်လုပ်ပေးရင် အဲ့ဒီလို LCD ပိတ်ပြီး အသံမလာတဲ့ Error တွေမဖြစ်နိုင်ပါဘူး။

မေး - ကျွန်တော့်ဖုန်းက G730 U00 Huawei ဖုန်းပါ။ ဖုန်းကပြောလို့ရတယ်။ အင်တာနက်လည်းသုံးလို့ရ တယ်။ ဒါပေမဲ့ပုံပေါ်တာက မွဲမွဲလေးပဲပေါ်တယ်။ ပြီးတော့ သိပ်မမြင်ရဘူး။ ဘာဖြစ်တာလဲမသိဘူးဗျ။

ဖြေ - အရင်ဆုံးလုပ်ရမှာကတော့ LCD အသစ်လဲကြည့်ပါဗျ။ တကယ်လို့ အဆင်မပြေဘူးဆိုရင် LCD ကိုထောက်ပံ့ပေးတဲ့ Back Light ပိုင်းကိုစစ်ရပါမယ်။ Backlight ပိုင်းမှာအဖြစ်များတာက Diode လေးပါ။ Diode လေးလဲလိုက်တယ်။ အလင်းခဏလေးလာတယ်။ ပြန်ပျောက်သွားတယ်ဆိုရင် Diode လေးကို ထပ်လဲပါ။ Diode လဲလို့မှအဆင်မပြေဘူးဆိုရင် Coil ကိုလဲပါ။ အဆင်မပြေခဲ့ရင်အဆင့်ဆင့်လဲပြီး Backlight IC ထိလဲပါ။ အဆင်ပြေပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung Note III ပါ။ အားသွင်းမရလို့ပါ။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - အရင်ဆုံး Charger ကြိုးလဲကြည့်ပါ။ Charger ကြိုးလဲလို့အဆင်မပြေဘူးဆိုရင် USB ခေါင်းမှာ 5V ရောက်မရောက်တိုင်းကြည့်ပါ။ 5V ရောက်တယ်ဆိုရင် USB ခါင်းနားလေးက Component လေးတွေ ကို တိုင်းပါဗျ။ အဆင်မပြေဘူးဆိုရင်တော့ Power IC ကိုလဲရပါမယ်။

ဤကဏ္ဍအတွက် Today Mobile (ဖုန်း - ၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁) မှကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment