Android One နဲ့ပေါင်းစပ်ထားတဲ့ i-mobile iQ II ဟာ 5 လက်မ မျက်နှာပြင်အကျယ် ၊ ကျောဘက် ကင်မရာ 8MP နဲ့ အတွင်းဘက် ကင်မရာ 2 MP တို့ပါဝင်ပါတယ် ။ အခြားနိုင်ငံမှာ ရှိတဲ့ မိုဘိုင်း နက်ဝက်ခ် တိုင်းက 4G ဖြစ်တာကြောင့် 4G အထောက်ပံ့ပေးနိုင်အောင် ထုတ်လုပ်ပေးထားပါတယ်။ OS အနေနဲ့ Android OS 5.1.1 Lollipop ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ Android One ရဲ့ အာရှ ဈေးကွက်ထိုးဖောက်မှု အရ နောက်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ i-mobile iQ II ကို မှာယူချင်သူများအနေနဲ့ သတ်မှတ်ထားတဲ့ မြို့နယ်များနဲ့ အွန်လိုင်းစတိုးတွင် မှာယူခြင်းများဖြင့်သာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ထိုင်းဘတ်ငွေ 4,444 THB နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။
Ref : Android One
Aung Ko Htet (MMAS)
#akh_mmas
No comments:
Post a Comment