Facebook မှာနေ့စဉ်နဲ့အမျှ အသုံးပြုနေကြတဲ့ လူတွေအမြောက်အများရှိတဲ့အထဲကမှ တစ်ဦးတစ်ယောက်အနေနဲ့ အပျော်တမ်း အသုံးပြုကြတဲ့ လူတွေရှိသလို Facebook ပေါ်မှာ အွန်လိုင်းစတိုးတွေဖန်တီးပြီး စီးပွားရေး ပြုလုပ်သူတွေလည်း ရှိကြပါတယ်။ ဒါကြောင့် Facebook မှ အွန်လိုင်း စတိုးဖန်တီးသူတွေအတွက် Facebook မှာ တစ်နေရာတည်းကနေပြည့်ပြည့်စုံစုံ ရောင်းဝယ်နိုင်မဲ့ feature အသစ်တစ်ခုကို ဆစ်ဒ်နီ ၊ သြစတြေးလျ နဲ့ အော့က်လန် (နယူဇီလန်) တို့မှာ စမ်းသပ်အသုံးပြုခွင့်ပေးခဲ့ပါတယ်။
Facebook အွန်လိုင်းစတိုးရဲ့ ဝက်ဘ်ဆိုဒ်ပုံစံက Pinterest နဲ့ ဆင်တူပြီး အဝတ်အစား ၊ အလှပနှင့် ကျန်းမာရေး ၊ အိမ်အသုံးအဆောင်ပစ္စည်းများ ၊ ကလေးငယ်အသုံးအဆောင်ပစ္စည်းများ ၊ ကွန်ပျူတာ နှင့် အီလက်ထရောနစ်ပစ္စည်း အမျိုးအစားများကိုရောင်းချနိုင်ပါတယ်။ Facebook အွန်လိုင်းစတိုးရဲ့ feature ကို Facebook ရဲ့ ဘယ်ဘက်မှာ Buy & Sell Button ဖြင့်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
Ref : Mashable
Aung Ko Htet (MMAS)
#akh_mmas
No comments:
Post a Comment