Sunday, June 9, 2013

ဆေးမကူဘဲ စိတ်ကြည်လင်စေမည့် နည်းလမ်းများ

 
Myanmar News Update
ဆေးမကူဘဲ စိတ်ကြည်လင်စေမည့် နည်းလမ်းများ
(၁) အားရပါးရရယ်ပါ
- တစ်နာရီခန့် ဟက်ဟက်ပက်ပက် ရယ်ခြင်းသည် အားကစားနာရီဝက် လုပ်ခြင်းနှင့် ညီမျှစွာကယ်လိုရီများကို လောင်ကျွမ်းစေနိုင်သည်။
- သည်းထိတ်ရင်ဖို ရုပ်ရှင်ကြည့်လျှင် လည်း အဒရီနယ်လင်ဟော်မုန်းထွက် ရှိခြင်းကြောင့် နာရီဝက်လမ်းလျှောက် ထွက်သကဲ့သို့ ကယ်လိုရီလောင် ကျွမ်းစေသည်။
(၂) တိုးတက်မှုအနည်းငယ်မျှပင် ဖြစ်ပါစေဂုဏ်ယူပါ
- အဝတ်အစားဝတ်တဲ့အခါ နည်း နည်းလေးချောင်လာတာ၊ မျက်နှာ အနည်းငယ်သွယ်လာတာ၊ ပေါင်ချိန် လျှင်(၂)ပေါင်ခန့်ကျသွားတာ စသည် ဖြင့် တိုးတက်မှုအနည်း ငယ်သာဖြစ် သော်လည်း ဝမ်းသာအားရဂုဏ်
... ယူပါ။
-လုပ်စရာအလုပ်များကို စာရင်းချ ရေးထားပြီး အလုပ်တစ်ခုပြီးတိုင်း အားရပါးရ ခြစ်ချပါ။
(၃) အနားယူချိန်များ၌ပါ သွက်သွက် လက်လက်နေပါ
- ရုပ်မြင်သံကြားကြည့်စဉ်ထိုင်နေ ပြီး ကြော်ငြာဝင်လျှင် လမ်းထလျှောက် ပါ။
- အနားယူစာဖတ်ချိန်တွင် ပက်လက် မလှဲဘဲ ထိုင်လျက်ဖတ်ပါ။
- နေရောင်ခြည်မရသည့် နေ့များ၌ စိတ်လေးလံ ထိုင်းမှိုင်းတတ်ရာ အလင်းရောင် ကောင်းကောင်းမ ရသည့်နေရာများ၌ နေထိုင်ပါ။
(၄) အစားလွန်ခြင်းကို ထိန်းသိမ်းပါ
- စိတ်ဖိစီးလျှင် အစားလွန်တတ် သည်။ ထိုအချိန်သည် အမှန်တကယ် ဗိုက်ဆာခြင်း မဟုတ်သောကြောင့် ရေသောက်လျှင်ဆာလောင်မှုပြေ ပျောက်စေသည်။
(၅) နေရောင်ခံပါ
- မိုးအုံ့သည်ဖြစ်စေ၊ မိုးရွာသည် ဖြစ်စေခေတ္တမျှ အပြင်ဘက်လမ်း လျှောက်ပါ။ နေရောင်ခြည်စိုးစဉ်မျှထိ တွေ့သည်ဖြစ်ပါစေ၊ လမ်းလျှောက် ခြင်းနှင့်ယှဉ်တွဲပါက စိတ်ကိုလန်း ဆန်းတက်ကြွစေနိုင်သည်။
ဇော်ကို
Source:RD

No comments:

Post a Comment