
တယ်လီဖုန်းဝန်ဆောင်မှုများအတွက် ငွေဖြတ်တောက်မှုအပေါ် ဆက်သွယ်ရေးအော်ပရေတာများအား
သုံးစွဲသူ များက ဝေဖန်ပြောဆို နေကြမှုများရှိနေသည်ကို တွေ့မြင်နေရပြီး
တယ်လီနောသုံးစွဲသူများ အနေဖြင့် ငွေကြေး ပိုမိုဖြတ်တောက်မှုများရှိကြောင်း လတ်တလောတွင် ပြောဆိုနေကြသည့်အပေါ် တယ်လီနောအနေဖြင့် ရှင်းလင်းမှုများပြုလုပ် ခဲ့သည်။ တယ်လီနောသုံးစွဲသူများအနေဖြင့်
တယ်လီနော၏ ကွန်ရက်အခြေအနေ၊ ၀န်ဆောင်မှုများနှင့် ကျသင့်ငွေကို သင့်မသင့်
မရှင်းလင်းပါက တယ်လီနော၏ လူမှုကွန်ရက် Facebook စာမျက်နှာ၊ Facebook
Messenger နှင့် မေးမြန်းစုံစမ်းရန်စင်တာ၊ တယ်လီနော အရောင်းဆိုင် များနှင့်
care@ telenor.com.mmတို့သို့ မိမိတို့ကြုံတွေ့ရသည့်အခြေ အနေ၊ နေ့ရက်၊
အချိန်၊ နေရာနှင့် ဖုန်းနံပါတ်စသည့် အသေးစိတ် အချက်အလက်များကို
ပေးပို့မေးမြန်းနိုင်ပြီး သုံးစွဲသူများ နားလည် သဘောပေါက်သည်အထိ
ရှင်းလင်းပြန်ကြားပေးမှုများကို
ဆောင် ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။မိုဘိုင်းဖုန်းများ၏ အဆင့်မြင့်မား
လာမှုနှင့်အတူ application များကို ပိုမိုအသုံးပြုလာမှုများက
အင်တာနက်ဒေတာသုံးစွဲမှုများအပေါ်
သက်ရောက်မှုရှိနေပြီး ယင်း applications များမှအလိုအလျောက်
အဆင့်မြင့်မှုများကြောင့် မလိုလား အပ်ဘဲ မိမိကိုယ်တိုင် မသုံးစွဲမိလိုက်ဘဲ
မိုဘိုင်း ဒေတာများ ကုန်ဆုံးမှု မပေါ်ပေါက်စေရန် နားလည်တတ်ကျွမ်းသူများအားပြသ၍သော် လည်းကောင်း၊ မိမိကိုယ်တိုင်သော် လည်းကောင်း
ဖုန်း၏ background data restriction ကို ပြုလုပ်ထားခြင်း၊ မိမိဖုန်း၏
hotspot ကို password ဖြင့် ကာကွယ်ထားခြင်းနှင့်
အခြားသောကန့်သတ်ခြင်းတို့ကို လုပ်ဆောင် ထားသင့်ကြောင်း ပြောသည်။ ကောင်းမြတ်ရာ Mobile Guide Journal (Every Monday) https://www.facebook.com/officialmobileguidejournal

Endorsed by : Vivo
ဖုန်းအသုံးပြုသူတွေဟာ သက်ဆိုင်ရာ Company က ပေးအပ်ထားတဲ့ သတ်မှတ် Warranty
(အာမခံချက်) တွေကို ချိုးဖောက်ထားမယ်ဆိုရင် ကိုယ်ရရှိသင့်တဲ့ အခွင့်အရေးက
ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ နိုင်ငံတိုင်းလိုလိုက ထုတ်ကုန်တိုင်းလိုလိုဟာ
သတ်မှတ်ထားတဲ့ အာမခံချက်စံနှုန်းနဲ့ ကိုက်ညီမှသာ ပြန်လည်ပြုပြင်ပေးကြတာ
ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ အာမခံစနစ်ကို E-warranty စနစ်ပါ
လုပ်ထားလို့ရတာကိုကြည့်ရင် အာမခံချက်ဆိုတာ ဘယ်လောက်ထိ အရေးပါလဲလို့
သိနိုင်ပါတယ်။ အာမခံချက်ပျက်တာနဲ့ပတ်သက်ရင်
မသိလို့ ချိုးဖောက်မိတာက များပါတယ်။ ဟိုအရင်တုန်းက ဖုန်းအသုံးပြုသူ
အတော်များများက root ဖောက်ကြပါတယ်။ ဒီလိုလုပ်လိုက်ရင်တော့ အာမခံချက်ကို
ချိုးဖောက်တယ်လို့ သတ်မှတ်ခံရမှာဖြစ်ပြီး Software error ဖြစ်လာရင်
warranty အကျိုးကျေးဇူးကို ခံစားရတော့မှာ မဟုတ်ပါဘူး။ တချို့လည်း third
party app တွေသွင်းမိရင်း အာမခံပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။
အကောင်းဆုံးကတော့ upgrade လုပ်မယ်ဆိုရင်တောင် ကိုယ်မကျွမ်းကျင်ဘူးဆိုရင်
service center ကို သွားသင့်ပါတယ်။ software ပိုင်း အာမခံချက်ပျက်တာမျိုးက
မသိလိုက်ဘဲနဲ့ ဖြစ်သွားတတ်ပါတယ်။
Hardware ပိုင်း
အာမခံချက်ကတော့ User fault မဟုတ်ဘူးဆိုရင် သေချာပေါက်
ပြန်လဲပေးတတ်တာမျိုးပါ။ ဥပမာ - Vivo ဟာ သူတို့ရဲ့ စမတ်ဖုန်းတွေအတွက် ၁ နှစ်
အာမခံပေးထားပါတယ်။ ထုတ်ကုန်ရဲ့ လုပ်ဆောင်ချက်ဆိုင်ရာ
ပျက်စီးမှုတစ်ခုခုရှိခဲ့မယ်ဆိုရင်
ဒါမှမဟုတ် ဆက်စပ်ပစ္စည်းတွေရဲ့ အရည်အသွေးပိုင်းဆိုင်ရာ ချို့ယွင်းမှု
ဖြစ်ခဲ့မယ်ဆိုရင် ၀ယ်တဲ့နေ့ကနေ ၁၅ ရက်အတွင်း အခမဲ့ အစားထိုး
လဲလှယ်ခွင့်ပေးထားပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးအတွက် အာမခံချက်မှာ
ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွကိုတော့
မချိုးဖောက်မိဖို့ လိုအပ်ပါတယ်။ တကယ်တော့ အာမခံချက်ဆိုတာဟာ
ဝယ်ယူသုံးစွဲသူအတွက် အပိုဆောင်းအခွင့်အရေးလို့ ဆိုရမှာပါ။ ဒီအခွင့်အရေးကို
ရယူဖို့အတွက် သတ်မှတ်စည်းကမ်းကို မချိုးဖောက်မိဖို့ အထူးပဲ သတိထားရပါမယ်။
ဒါမှ ကိုယ့်ရဲ့အခွင့်အရေးကို အပြည့်အ၀ရယူနိုင်မှာပါ။
စမတ်ဖုန်းတွေ ၀ယ်ယူကြတဲ့အခါ warranty ထည့်သွင်းပေးထားပြီး ၁၂ လ၊ ၂၄ လ စတဲ့
အာမခံချက်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထုတ်လုပ်ရေး လုပ်ငန်းစုကြီးတွေက
သူတို့ရဲ့ထုတ်ကုန်ကို ၀ယ်ယူသုံးစွဲတဲ့ customer တွေ ယုံယုံကြည်ကြည်၊
စိတ်ချလက်ချသုံးစွဲနိုင်စေဖို့ Warranty ကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အာမခံချက်မှာလည်း စည်းမျဉ်းစည်းကမ်းတွေတော့ရှိပြီး customer တွေကလည်း လိုက်နာဖို့တော့ လိုအပ်ပါတယ်။ တချို့အမှတ်တံဆိပ်တွေမှာတော့ ဘက်ထရီ၊ နားကြပ် စတဲ့ အပိုပစ္စည်းအချို့ကိုတော့ ကာလတိုအာမခံချက်ပဲ ပေးထားတတ်ပါတယ်။
အာမခံချက်က ဘာအတွက် အသုံးဝင်လဲဆိုတာတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။
ကိုယ့်ရဲ့ဖုန်းက ၀ယ်ထားတာ မကြာသေးပေမယ့် (performance) စွမ်းဆောင်ရည်
မကောင်းတော့ဘူး၊ ကောင်းကောင်း အလုပ်မလုပ်တော့ဘူး ဒါမှမဟုတ် လုံးဝကို
သုံးလို့မရတော့ဘူးဆိုရင် သက်ဆိုင်ရာ service center မှာ
သွားရောက်ပြုပြင်နိုင်ခွင့်ရှိပါတယ်။
service center က သတ်မှတ်ထားတဲ့ အာမခံချက်နဲ့ကိုက်ညီရင်
အခမဲ့ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ Vivo smart phone တွေမှာဆိုရင်တော့ setting
ထဲက more setting ကို သွားကြည့်မယ်ဆိုရင် After Sales Service ဆိုတာကို
တွေ့ပါလိမ့်မယ်။ အဲဒီမှာ ကမ္ဘာတစ်ဝှမ်းလုံးက Vivo Service center တွေ
ရှိတဲ့နေရာကို လိပ်စာအတိအကျနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပါ ထည့်ပေးထားတာကို
တွေ့ရပါလိမ့်မယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

ဟက်ကာများက Instagram ရဲ့ လုံခြုံရေးဟာကွက်တစ်ခုကနေဆယ်လီ များ အပါအ၀င် User ၆ သန်းရဲ့ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ အီးမေးစတဲ့ သတင်းအချက်အလက်များကိုရယူနိုင်ခဲ့ပြီးအင်တာနက်မှာရောင်းချခဲ့ကြပါတယ်။ အခုတော့ ကုမ္ပဏီကလုံခြုံရေးဟာကွက်ကိုဖာထေးခဲ့ပြီး ဖြစ်ပါ တယ်။ဟက်ခံရတဲ့ ဒေတာများထဲမှာ Password များ မပါဝင်ပါဘူး။
ဟက်ကာများက Doxagram
ဝက်ဆိုက်ကနေ ဆယ်လီတစ်ယောက်ရဲ့ သတင်းအချက်အလက်ကို ၁၀ ဒေါ်လာဖြင့်
ရောင်းချခဲ့ကြပါတယ်။ လက်ရှိ မှာအဲဒီ ၀က်ဆိုက်ဟာ ပိတ်သိမ်းသွားပြီ
ဖြစ်ပေမယ့် ဆယ်လီများရဲ့ Contact Information များအွန်လိုင်းမှာ
ပြန့်နှံ့နေပါတယ်။
Contact Information များအွန်လိုင်းမှာပေါက်ကြားသွားတဲ့ ဆယ်လီများ ထဲမှာသရုပ်ဆောင်များဖြစ်တဲ့
Emma Watson, Emilia Clarke, Zac Efron, Leonardo DiCaprio, Channing
Tatumတို့ ပါဝင်ပါတယ်။Harry Styles, Ellie Goulding, Victoria Beckham,
Beyoncé, Lady Gaga and Rihanna, Taylor Swift, Katy Perry, Adele, Snoop
Dogg, Britney Spearsစတဲ့ အဆိုတော်များရဲ့ ဒေတာများလည်းထွက်ပေါ်ခဲ့ ပါတယ်။
အားကစားသမားများထဲမှာFloyd Mayweather, Zinedine Zidane, Neymar, David
Beckham, Ronaldinho တို့ပါဝင်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal