Friday, February 17, 2017

♪ Facebook မှာ သူငယ်ချင်းများကို ရှာဖွေနည်းများ ♫


Facebook ကို လူတိုင်းနီးပါး အသုံးပြုနေကြတဲ့အတွက် နာမည်တူ လူများစွာ ရှိနေပါတယ်။ အဲဒီအတွက် သင့် သူငယ်ချင်းရဲ့ အမည်ကို Search Box မှာ ရိုက်ထည့်၍ ရှာဖွေရတာ မလွယ်ကူပါဘူး။ ဒါပေမယ့် Facebook က သင့်သူငယ်ချင်းများကို လွယ်ကူစွာ ရှာဖွေနိုင်အောင် အဆင့်မြင့် ရှာဖွေမှု စွမ်းရည်များကို ထည့်သွင်းပေးထားပါတယ်။ Facebook က ၂၀၁၃ ခုနှစ်မှာ Filters များဖြင့် ရှာဖွေနိုင်တဲ့ Graph Search ကို ထည့်သွင်းပေးခဲ့ပါတယ်။ အခု Tutorial မှာ Graph Search ကို အသုံးပြု၍ သင့် သူငယ်ချင်းများကို ရှာဖွေနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

Facebook မှာ လူများကို ရှာဖွေနည်း
Facebook ရဲ့ Main page ကို သွားပြီး သင့်ရဲ့ အကောင့်ဖြင့် Login ၀င်ပါ။ ထိပ်မှ Search Box မှာ သင့် သူငယ်ချင်းရဲ့ အမည်ကို ရိုက်ထည့်ပါ။ ဒါဆိုရင် အဲဒီအမည်နဲ့ လူများကို ပရိုဖိုင်ဓါတ်ပုံများဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။ သာမာန်အားဖြင့် အဲဒီ Basic Search Engine က အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် သင့် သူငယ်ချင်းရဲ့ အမည်နဲ့ တူနေတဲ့ လူများစွာ ရှိရင်တော့ Filter များကို အသုံးပြုမှ အဆင်ပြေမှာပါ။

Search Filters များကို အသုံးပြုနည်း
Search Box မှာ နာမည်ရိုက်ထည့်ပြီး အန်းတား နှိပ်ပါ။ နောက်ပေါ်လာတဲ့ စာမျက်နှာရဲ့ထိပ်မှာ ကဏ္ဍများကို ပြသပေးထားပါတယ်။ Default အားဖြင့် Top ကဏ္ဍကို ရွေးချယ် ပြသပေးထားပါတယ်။ ဘယ်ဘက်မှာတော့ Filters များစွာကို မြင်ရမှာပါ။ Filter များဖြင့် လူများသာမက ပို့စ်များနဲ့ အခြားအရာများကို ရှာနိုင်ပါတယ်။ အဲဒီစာမျက်နှာရဲ့ထိပ်မှ ကဏ္ဍများအောက်မှာ People ဆိုတဲ့ ကဏ္ဍရှိပြီး လူများကို ပြသပေးထားပါတယ်။ သူ့ရဲ့ အောက်မှာ သူငယ်ချင်းများနဲ့ ဂရုများမှ ပို့စ်များကို ပြသပေးတဲ့ Posts from Friends and Groups ဆိုတဲ့ ကဏ္ဍရှိပါတယ်။



ထိပ်မှ ကဏ္ဍများထဲမှ People ကို နှိပ်ပါ။ ဘယ်ဘက်အခြမ်းမှ Filter များထဲမှ City မှာ သင့် သူငယ်ချင်း နေထိုင်တဲ့ မြို့အမည်ကို ရိုက်ထည့် ရှာဖွေနိုင်ပါတယ်။ Education မှာတော့ ကျောင်း၊ တက္ကသိုလ်နဲ့ Work မှာ အလုပ်လုပ်တဲ့ ကုမ္ပဏီ အမည်ဖြင့် ရှာဖွေနိုင်ပါတယ်။ Mutual Friends မှာ သင်နဲ့ရော သူနဲ့ပါ Friend ဖြစ်နေတဲ့ လူရဲ့ အမည်ဖြင့် ရှာဖွေနိုင်ပါတယ်။


 
အီးမေးဖြင့် ရှာဖွေနည်း
အခြား နည်းလမ်းတစ်ခုကတော့ သူငယ်ချင်းရဲ့ အီးမေးဖြင့် ရှာဖွေတာ ဖြစ်ပါတယ်။ သူက သူ့ရဲ့ အီးမေးကို ပရိုဖိုင်မှာ ထည့်သွင်းထားရင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ ဒီနည်းလမ်းက သင့်ရဲ့ Gmail Contacts များကို Facebook မှာ ရှာဖွေတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို သုံးဖို့ ဒီလင့်ကို သွားပါ။ နောက်အဆင့်မှာ သင့်ရဲ့ Gmail အကောင့်ကို Sign In ၀င်ပါ။ More Drop-Down Arrow ကို နှိပ်ပြီး Export ကို နှိပ်ပါ။

 
နောက်အဆင့်မှာ Google CSV Format ကို ရွေးပေးပြီး Export ကို နှိပ်ပါ။ အပေါ်မှာ ဖွင့်ထားတဲ့ ၀က်စာမျက်နှာမှ Choose File ခလုတ်ကို နှိပ်၍ ရလာတဲ့ ဖိုင်ကို ရွေးပေးပါ။ Upload Contacts ကို နှိပ်ပါ။ နောက်အဆင့်မှာတော့ သင့်ရဲ့ သူငယ်ချင်းများကို ပြသပေးမှာ ဖြစ်ပြီး နှစ်သက်တဲ့ လူကို ရွေးချယ်၍ Invite ကို နှိပ်ပါ။



Credit to ==> Digital Times

♪ Google Play Store အတွက် Tips & Tricks များ ♫


Android Device များမှာ မရှိမဖြစ် အသုံးပြုနေကြရတာကတော့ Google Play Store ဖြစ်ပါတယ်။ Play Store ကနေ သင်နှစ်သက်တဲ့ Apps များကို အင်စတောလုပ်နိုင်ပါတယ်။ အခြား Apps Store များ ရှိပေမယ့် Play Store က သူ့ထံမှ Apps များမှာ Virus , Malware များ ပါ၊ မပါ အမြဲ စစ်ဆေးပေးနေတဲ့အတွက် စိတ်ချရပါတယ်။ အဲဒီအတွက် သင့်ရဲ့ စမတ်ဖုန်း ၊ တက်ဘလက်များမှာ Play Store ကိုသာ အသုံးပြုသင့်ပါတယ်။ ဒီ Tutorial မှာတော့ Play Store ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မယ့် Tips & Tricks များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်နိုင်ငံအတွက် မရတဲ့ Apps များကို အင်စတောလုပ်ပါ။
သင့်နိုင်ငံအတွက် မရတဲ့ Apps များကို Virtual Private Network (VPN) Apps များ အသုံးပြု၍ အင်စတောလုပ်နိုင်ပါတယ်။ အဲဒီ Apps များက သင်နေထိုင်တဲ့ နိုင်ငံကို အမေရိကန်လို အခြားနိုင်ငံများအဖြစ် Play Store က သိအောင်လှည့်စားပေးပါတယ်။ VPN App တစ်ခုကို သင့်ဖုန်းမှာ အင်စတောလုပ်ပြီး ဖွင့်ပါ။ သင့်နိုင်ငံ မဟုတ်တဲ့ အခြားနိုင်ငံတစ်ခုကို ရွေးချယ်ပါ။ ပြီးရင်တော့ Play Store ကို ဖွင့်ရင် သင့်နိုင်ငံအတွက် မရတဲ့ Apps များကို အင်စတောလုပ်နိုင်ပါပြီ။

၂။ သင့်ရဲ့ Apps များကို စီမံခန့်ခွဲပါ။


Play Store ရဲ့ ဘယ်ဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ Apps & Games ကဏ္ဍအောက်မှ My apps & games ထဲသွားပါ။ အဲဒီမှာ သင် အင်စတောလုပ်ထားတဲ့ Apps များကို မြင်ရမှာပါ။ အဲဒီကနေ Apps များကို Update ပြုလုပ်ခြင်း၊ Uninstall ပြုလုပ်ခြင်းများကို လုပ်ဆောင်နိုင်ပါတယ်။ အပေါ်ထိပ်မှ All ကဏ္ဍထဲသွားရင် သင်အရင်က အင်စတောလုပ်ထားတဲ့ Apps များကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ Apps များကို ပြန်လည် အင်စတောလုပ်နိုင်သလို ကြက်ခြေခတ်ခလုတ်ကို နှိပ်ရင် အဲဒီ စာရင်းကနေ ပယ်ဖျက်ပေးမှာဖြစ်ပါတယ်။

၃။ Parental Lock ကို သုံးပါ။


သင့်ကလေးက Play Store ကနေ အခကြေးငွေပေးပြီး ၀ယ်ရတဲ့ Apps များနဲ့ မသင့်တော်တဲ့ Apps များကို အင်စတောလုပ်မှာကို စိုးရိမ်ရင် Parental Lock ကို သုံးနိုင်ပါတယ်။ Play Store ကိုဖွင့်ပြီး Menu ထဲသွားပါ။ Settings ကို ၀င်ပါ။ Parental controls ကို နှိပ်ပြီး Slider ကို On ပြောင်းပေးပါ။ ပြီးရင် PIN Code သတ်မှတ်ပေးပါ။ အဲဒီနောက်မှာ ကလေးအား အင်စတောလုပ်လို့ မရစေချင်တဲ့ Apps များကို သတ်မှတ်ပေးပါ။ ကလေးက အဲဒီ Apps များကို အင်စတောလုပ်တာနဲ့ PIN Code ကို တောင်းမှာ ဖြစ်ပါတယ်။

၎။ Play Store မှာ ပြန်အမ်းငွေ ရယူပါ။


Play Store မှာ အခကြေးငွေဖြင့် ၀ယ်ယူထားတဲ့ Apps များကို ၂ နာရီ စမ်းသပ်အသုံးပြုနိုင်ပါတယ်။ စမ်းသပ် အသုံးပြုပြီးလို့ မနှစ်သက်ရင် ၂ နာရီအတွင်း ငွေပြန်တောင်းယူနိုင်ပါတယ်။ သင် ၀ယ်ယူထားတဲ့ App ရဲ့ စာမျက်နှာကို သွားပါ။ Install , Open အပြင် Refund Button ကို တွေ့ရမှာ ဖြစ်ပါတယ်။ Refund ကို နှိပ်ရင် သင်ဝယ်ယူထားတဲ့ ငွေကို ပြန်အမ်းပေးမှာပါ။


Credit to ==>  DigitalTimes.com.mm

♪ Facebook မှ စိတ်အနှောင့်အယှက် ဖြစ်စရာ “ On This Day “ ကို ပိတ်မယ် ♫


Facebook က သင့်ရဲ့ အတိတ်မှ ပျော်စရာ အမှတ်တရများကို ပြန်လည် ခံစားနိုင်အောင် “ On This Day “ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ ဒီစွမ်းဆောင်ချက်ဟာ ၀မ်းနည်း စရာများကိုလည်း ပြန်လည် မြင်မိစေနိုင်ပါတယ်။ အဲဒီအတွက် Facebook က “ On This Day “ စွမ်းဆောင်ချက်ကို ပိတ်ထားနိုင်တဲ့ နည်းလမ်းများကို ထည့်သွင်းပေးထားပါတယ်။ အခု Tutorial မှာ ပီစီမှာ ပြုလုပ်နည်းကို ပြသပေးမှာ ဖြစ်ပေမယ့် မိုဘိုင်းဖုန်းများကနေလည်း ပြုလုပ်နိုင်ပါတယ်။

သင့်ရဲ့ Facebook အကောင့်ကို Login ၀င်ပါ။ ဘယ်ဘက်ခြမ်းမှ “ On This Day “ ကို နှိပ်ပါ။


 
ညာဘက်အပေါ်ထိပ်မှ Preferences ကို နှိပ်ပါ။


 
Filter ကဏ္ဍအောက်မှာ People ရဲ့ ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။


အဲဒီမှာ “ On This Day “ မှာ မပြသစေချင်တဲ့ လူများရဲ့ အမည်များကို ရိုက်ထည့်ပြီး Save လုပ်ပါ။ Facebook က အဲဒီလူများနဲ့ ပတ်သက်တဲ့ အမှတ်တရများကို သင့်ရဲ့ “ On This Day “ မှာ ပြသမှာ မဟုတ်ပါဘူး။


 
Filter ကဏ္ဍထဲ ပြန်ရောက်သွားရင် People ရဲ့ ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။


Select Dates ကို နှိပ်ပြီး “ On This Day “ မှာ မပြသစေချင်တဲ့ နေ့ရက် အပိုင်းအခြားကို ရွေးချယ်ပေးပါ။ Done ကို နှိပ်ပြီး Save နှိပ်ပါ။ ဒါဆိုရင် အဲဒီနေ့ရက် အပိုင်းအခြားကို သင့်ရဲ့ “ On This Day “ မှာ ပြသပေးမှာ မဟုတ်တော့ပါဘူး။



Credit to ==>  DigitalTimes.com.mm