Monday, October 9, 2017

Internet Download Manager 6.29 Build 1 Full-Cracked [Just Download & Install]


Internet Download Manager Latest Version ကို အားလုံး အသုံးပြုရလွယ်ကူစေဖို့  Just Install Version အဖြစ် မျှဝေပေးလိုက်ပါတယ်....။  တင်ပေးထားတဲ့ IDMan v6-29 Build 1.exe ဖိုင်လ်ကို နှစ်ချက်မျှ  နှိပ်ပေးရုံပါပဲခင်မျာ...။
(အဆင်မပြေဖြစ်ရင် အရင်ထည့်ထားတဲ့ IDM Version အဟောင်းကို Uninstall => Restart PC ပြီးမှ Install လုပ်ပါ)


Internet Download Manager 6.29 Build 1 Full Cracked, No Serial Key or Patch Need. Just Download & Install. 
(If Any Problem: Uninstall IDM & Restart PC and Install again)
Features: 
* Download Speed Acceleration. IDM can accelerate downloads by up to 5 times due to its intelligent dynamic file segmentation technology.
* Download Resume. Internet Download Manager will resume unfinished download from the place where they left off.
* YouTube grabber. IDM can grab FLV videos from popular sites like YouTube, MySpaceTV, and Google Video.
* Drag and Drop. You may simply drag and drop links to IDM, and drag and drop downloaded files out of Internet Download Manager.
* Automatic Antivirus checking. Antivirus checking makes your downloads free from viruses and trojans.
* Advanced Browser Integration. When enabled, the feature can be used to catch any download from any application.



Enjoy! 
 
 

အင်​တာနက်​အသုံးပြုသည့်​ လက်​ကိုင်​ဖုန်းတိုင်း ထည့်​ထားရမည့်​ Ad Blocker [Need Root]





ဒီတစ်ခေါက်တင်ပေးလိုက်တာကတော့ Root Access ရှိတဲ့ဖုန်းတွေအတွက်ပါခင်မျာ....


သတင်း​​လေးဖတ်​ဖို့ ဝက်​ဘ်​ဆိုက်​ဒ်​တစ်​ခုဖွင့်​လိုက်​တာနဲ့ စ​တွေ့ရတဲ့ Ads.....

Download ချဖို့ ဘယ်​ Download Button ကို နှိပ်​ရမှန်းမသိ​အောင်​ဖြစ်​​စေတာ Ads...

ထိမိ၊ နှိပ်​မိရင်​လည်း ​ရှေ့တိုးမရ ​နောက်​ဆုတ်​မရဖြစ်​​စေတတ်​တာ Ads.....

တုန်​ခါမှု​တွေ၊ အသံ​တွေနှင့်​ အထိတ်​တလန့်​ဖြစ်​​စေ​အောင်​လုပ်​တတ်​တာ Ads.....

ဖုန်းကိုေးလးလန်စေတာ၊ Error အမျိုးမျိုးတတ်​​စေတာ Ads.....

အသုံးပြု​နေရင်း ပါဝါပိတ်​သွား​စေတတ်​တာ Ads.....


အဲဒီ​လောက်​စိတ်​ပျက်​​ပြီး ကြောက်​စရာ​ကောင်းတဲ့ Ads ​ကြော်​ငြာ​တွေဖြစ်​လို့ မ​ပေါ့ဆသင့်​ပါဘူး။

အင်​တာနက်​ဆိုတာကြီး ရှိ​နေ​သေးသမျှ လူ​တွေစိတ်​ဝင်​စား​အောင်​ (သို့) မြင်​ရုံမျှပင်​ တို့ချင်​၊နှိပ်​ချင်​​အောင်​ ပုံစံမျိုးစုံနှင့်​ ဆက်​လက်​တည်​ရှိ​နေဦးမှာဖြစ်​လို့... ကာကွယ်​ရမဲ့အပိုင်းကို မဖြစ်​မ​နေလုပ်​​ဆောင်​ဖို့လိုအပ်​ပါတယ်​။


လိုအပ်တဲ့ Ad Blocker APK ကို အောက်မှာ ဒေါင်းယူပြီး Install ပြုလုပ်ပုံနဲ့ အသုံးဝင်ပုံတချို့ကို Video မှာ လေ့လာလိုက်ပါခင်မျ...





WinKabarKyaw 

Friday, September 22, 2017

ဖုန်း Hardware Power ပိုင်းဆိုင်ရာ အကြောင်း...



ဖုန်းတစ်လုံးရဲ့ powersection ပိုင်းမှာပါဝင်တဲ့ components လေးတွေရဲ့ အခေါ်အဝေါ်နဲ့ ပေါင်းစပ် အလုပ်လုပ်ပုံ။ ဖြစ်တတ်တဲ့ error များနဲ့ ပြုပြင်ပုံတို့ ကို အခုမှ စတင်လေ့လာနေတဲ့ ညီငယ်များပါ နား လည် သဘောပေါက်အောင်၊ ပုံလေးတွေနဲ့ တကွ ရှင်းပြပေးထားပါတယ်။ ကျွန်တော့်ရဲ့ သင်ဆရာများဖြစ် ကြတဲ့ အခြေခံ electronic ပညာကို သင်ပေးတဲ့ ဆရာကြီးဦးသန်းဆင့် ဆရာကြီးဦးထိန်ဝင်းနဲ့ ဖုန်း hardware ပိုင်းကို သင်ပေးခဲ့တဲ့ ဆရာကိုထွန်း၊ ဆရာချစ် နဲ့ မြင်ဆရာများဖြစ်ကြတဲ့ ဆရာဦးမောင်နိင်၊ဆရာကိုစိုင်း၊ နဲ့ ကိုစိုးမြင့်သူ သူငယ်ချင်းဆရာများကို ဒီဆောင်းပါးလေးနဲ့  ဂါရ၀ပြုလိုက်ပါတယ်။

တကယ်တော့ electronic နယ်ပယ်မှာ smartphone ဆိုတာ နည်းပညာအမြင့်ဆုံး electronic device
လို့ ပြောရင်ရပါတယ်။ ဒီလို အဆင့်မြင့် နည်းပညာတစ်ခုကို အခြေံအဆင့် မီတာတိုင်းနည်းတောင် မ သိသေးတဲ့ ညီငယ်တွေအတွက် အရာရာဟာေ၀၀ါးနေမှာအမှန်ပါပဲ။ ဒါပေမယ့် ဘာမှအားမငယ်ပါနဲ့  ညီလေးတို့ ၊ ဇွဲရှိရှိနဲ့ ကြိုးစားအားထုပ်ဖို့ ပဲလိုပါတယ် အဆင်ပြေရင်တော့ အခြေခံပိုင်းပါ ပေါင်းစပ် သင်ပေးတဲ့ သင်တန်းတွေကို မေးမြန်းပြီးတက်ပေါ့။

ဖုန်းတစ်လုံးရဲ့ power ပိုင်းမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေက..

(၁) capacitor
 အ၀ါရောင်နဲ့ အညိုရောင် အတုံးလေးတွေပါ။ သူတို့ က ပတ်လမ်းမှာ လိုအပ်တဲ့ dc volt ကို တည်ငြိမ်မှု ရှိအောင်ပြုလုပ်ပေးပါတယ်။ dc လျှပ်စီးကြောင်းမှာ ရောရှက်ပါလာတဲ့ ac လှိုင်း အနှောက် အယှက်တွေကိုလဲ ဖယ်ရှားစစ်ထုပ်ပေးပါတယ်။ ဒါကတော့ capacitor လေးတွေရဲ့ ပုံပါ။



ဒီကောင်လေးတွေထဲက တစ်ချို့  capacitor လေးတွေဟာဒီစီဗို့ လိုင်းရဲ့ အပေါင်းနဲ့ အနှုတ်ကိုခွပြီး တပ် ထားပါတယ်၊ တစ်ခါတစ်ရံမှာ ဒီကောင်လေးတွေရှော့ဖြစ်ပြီး ဖုန်းပါဝါသေတဲ့ ပြစ်ချက်မျိုးတွေ ကြုံရပါ တယ်။



ဒီပုံမှာဆိုရင် မျှားအနီရောင်လေး ပြထားတဲ့ capacitor လေးရှော့ဖြစ်ပြီး ပါဝါသေနေတာပါ၊ power supply နဲ့ ချိတ်လိုက်ရင် အမ်ပီယာ အဆုံးထိ ပြသွားပါတယ်။ ဒီလိုပြစ်ချက်မျိုးက အတွေ့ အကြုံများတဲ့ သူဆိုရင် ချက်ချင်း စဉ်းစားမိမှာပါ။ battery ငုတ်ရဲ့ အ၀င်မှာနားက အပေါင်းအနှုတ်လိုင်းကို ခွပြီးတတ် ထားတဲ့ ဒီကောင်လေးက dc ဗို့ ကို လုံးဝပိတ်ချလိုက်တာ။ Capacitor တွေမှာဖြစ်တတ်တဲ့ ပြစ်ချက် ကတော့၊ရှော့ဖြစ်ပြီး ၀ါယာကြိုးတစ်ချောင်းလို ဖြစ်သွားတာ နောက်တစ်မျိုးက open ဖြစ်တယ်လို့ လဲခေါ် ပါတယ်၊ capacitor ရဲ့ မိုက်ခရိုဖရက်တန်ဖိုး လုံးဝပျောက်သွားတာမျိုးပါ။ ရေ၀င်တဲ့ ဖုန်းတွေမှာ အဖြစ်များ ပါတယ်။ တကယ်လို့ ဒီပစ္စည်းလေး တွေကို အစားထိုးပြုပြင်မယ်ဆိုရင်၊ စက်ပြားဟောင်းလေးတွေ စုဆောင်းထားရပါမယ်။ ဖုန်းထဲမှာ အသုံးပြုတဲ့ SMD components လို့ ခေါ်တဲ့ သေးငယ်တဲ့ ပစ္စည်းလေးတွေကို အပြင်မှာဝယ်ဖို့ မလွယ်ကူပါဘူး၊ ဒါကြောင့် စက်ပြားများများ စုဆောင်းထားတဲ့ သူဟာ အလွယ်တကူပဲ ပြင်ဆင်လို့ ရသွားမှာပါ။

(၂) Resistor 
ဒီကောင်လေးတွေက အမဲရောင် အတုံးအသေးဆုံးလေးတွေပါ။ အရွယ်နဲနဲကြီးတဲ့ ကောင်တွေလဲ အနဲငယ် သုံးပါတယ်။ သူတို့ ကတော့ရှော့ဖြစ်တယ်လို့ သိပ်မရှိပါဘူး open ပြတ်သွား တာများပါတယ်။ fuse resistor ကိုတော့ အဖြူရောင် အတုံးလေးတွေအဖြစ် ခွဲခြားပေးထားပါတယ်။ပုံမှာမြင်နေရတာတော့ SMD Resistor လေးတွေပါ။



(၃) coil 
ကွိုင်လေးတွေကိုတော့ ပါဝါပိုင်းမှာ အနဲဆုံးလေးလုံးကနေ ခြောက်လုံးထိ တွေ့ ရတတ်ပါ တယ် ကွိုင်လေးတွေ သုံးရခြင်းရဲ့ အကြောင်းကတော့၊ ပတ်လမ်းမှာ လိုအပ်တဲ့ လျှပ်စီးကြောင်း အမ်ပီယာ၊
တောင့်တင်းကောင်းမွန်စေရန်၊ dc လျှပ်စီးကြောင်းကနေ ac အသွင်ကို ကူးပြောင်းယူရန်၊ dc ဗို့ ကို လို အပ်သလို ထုပ်ယူပေးနိင်ရန် အသုံးပြုကြပါတယ်။ ပုံမှာမြင်ရတာကတော့ SMD Coil လေးပါ။



(၄) FET နဲ့  SOT
FET က Field effect transistor , SOT က Small outline transistor ပါ။ ပါဝါပိုင်းမှာ နှစ်မျိုးစလုံး သုံး တတ်ပါတယ်။ ဒီကောင်လေးတွေက လျှပ်စီးကြောင်းတွေကို လိုအပ်သလို အပိတ်အဖွင့် လုပ်တဲ့နေရာမှာ သုံးကြပါတယ်၊ နောက်တစ်မျိုးက battery ကို အားသွင်းတဲ့ နေရာမျိုးမှာ အမ်ပီယာကို လိုအပ်သလို ထိန်း ချုပ်ပေးနိင်ဖို့ သုံးကြပါတယ်။ ဒီပစ္စည်းလေးတွေ ပျက်စီးသွားရင်တော့ အမျိုးအစားတူ တစ်ခုခုနဲ့ လဲလှယ် အသုံးပြုသင့်ပါတယ်၊ ခြေတောက်ကို ကြိုးပူးပြီး သုံးတာရတယ်ဆိုပေမယ့် ၊တစ်ချို့ ပတ်လမ်းတွေမှာ ပါဝါ အဖွင့်အပိတ် လုပ်ပေးယုံသာမကပဲ၊ charging ပိုင်းကိုပါ တွဲဖက်နေတာမျိုးဆိုရင်၊ error တစ်မျိုးမျိုးတက် လာနိင်ပါတယ်။ ပုံမှာပြထားတာကတော့ SOT လေး၇ဲ့ပုံပါ။



(၅) DIODE 
ဒီကောင်လေးတွေကတော့ ပါဝါပိုင်းမှာ မပါ၇င်မဖြစ်တဲ့ ပစ္စည်းလေးတွေပါ အေစီကနေ ဒီစီကိုပြောင်းပေး တဲ့နေ၇ာမှာ သုံးပါတယ်။ နောက်တစ်ခုက zener diode ပါ၊ သူ့ ကိုတော့ တစ်ချို့ ညီငယ်တွေ သိပ်သိမှာ မဟုတ်ပါဘူး။ သူက ဘာလုပ်ပေးလဲဆိုတော့ ဒီစီဗို့ ကို ကန့် သပ်ပြီး တည်ငြိမ်အောင် ထိန်းငြှိပေးပါတယ် အထူးသဖြင့် charging ပိုင်းတွေမှာ အသုံးများပါတယ်၊ ဒီစီဗို့ အားရဲ့အပေါင်းနဲ့ အနှုတ်ကိုခွပြီး တပ်ဆင် ထားတဲ့အတွက်၊ ဒီကောင်လေးရှော့ဖြစ်ရင် ပါဝါပိုင်းပါ သေသွားတတ်ပါတယ်။ပုံမှာပြထားတဲ့ ပစ္စည်း ကတော့ diode လေးပါ။



(၆) PMU 
Power Management Unit ဖြစ်ပါတယ်၊ ပတ်လမ်းမှာ ပါဝင်တဲ့၊ အိုင်စီတွေရဲ့ ဗို့ အားလိုအပ်ချက်ကိုဖြန့် ဝေပေးတဲ့ အိုင်စီပါ။ ဖုန်းတစ်လုံးရဲ့ အသက်လို့ လဲပြောနိင်ပါတယ် ဒီအိုင်စီထဲမှာ အဓိက အပိုင်း(၅) ပိုင်းလောက် ပါဝင်ပါတယ်။ battery ကနေ၀င်လာတဲ့ ဗို့ အားကို လက္ခံပေးတဲ့ input section စတုဂံ လှိုင်းကိုထုပ်လွတ်ပေးတဲ့ oscillator ပိုင်း၊ ပါဝါ အဖွင့်အပိတ်ကို လက္ခပေးတဲ့ data in,out ပိုင်း၊ charging နဲ့ vibrator အပိုင်း၊ ကွိုင်ပတ်လမ်းတွေနဲ့ တွဲဖက်လုပ်ဆောင်ပေးတဲ့ output အပိုင်းတို့ ဖြစ်ပါတယ် ပုံမှာ ပြထားတာကတော့ power section တစ်ခုမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေ စုပေါင်းဖွဲ့ စည်းထားတဲ့ပုံလေး ပါ။



(၇) CRTSTAL 
ဒီကောင်လေးကတော့၊ pmu အတွက် လိုအပ်တဲ့ oscillator ပိုင်းကို ထိန်းချုပ်ပေးပါတယ်။ ပုံမှန်ပတ် လမ်းတွေမှာ ( f=1/CR) ပုံသေနည်းကို အသုံးပြုပေမယ့်၊ ဒီအပိုင်းမှာတော့ တည်ငြိမ်တဲ့ ဗို့ အားကိုလို အပ်တဲ့အတွက်၊ crystal ကို အသုံးပြုတာဖြစ်ပါတယ်။

Back light အပိုင်းမှာတော့ crystal ကိုမသုံးကြပါဘူး။ ပုံမှာပြထားတာကတော့ crystal ပတ်လမ်းလေး တစ်ခုပါ။



အရင်ကတော့ ဒီကောင်လေးတွေ အပျက်နဲပါတယ်၊ hyawei g610 မှာတော့ တော်တော်လေး အဖြစ်များ ပါတယ်။ သူရဲ့ error က ပါဝါဖွင့်ရင် တစ်ခါတစ်လေ အလွယ်တကူပွင့်ပြီး၊ တစ်ခါတစ်လေ တော်တော် နဲ့  ဖွင့်မရတတ်ပါဘူး၊ အဖုံးဖွင့်ပြီး အပူလေးပေးလိုက်မှ ရသွားတာမျိုးလဲ ရှိပါတယ်။ တစ်ချို့ ဖုန်းတွေမှာ သုံးနေရင်း ရုတ်တရက် ပါဝါပိတ်သွားပြီး၊ ပြန်ဖွင့်လို့ မရတာ လဲရှိပါတယ်။ အကြောင်းကတော့ဒီ crystal လေး အရည်အသွေးညံ့လို့ ပါ။ အဲဒီလိုပါဝါကြောင်တဲ့ ဖုန်းတွေဆို crystal လဲ ကြည့်သင့်ပါတယ်။ ဒါ ကတော့ power section ပိုင်းမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေနဲ့ ဖြစ်တတ်တဲ့ error လေးတွေပါ ဒီပုံလေး ကတော့ power ပိုင်းရဲ့ ဆားကက် ပုံလေးပါ။



အလုပ်လုပ်ပုံ အသေးစိတ်ကတော့ ကျွန်တော့ရဲ့ မြင်ဆရာဖြစ်တဲ့ ဆရာကိုစိုင်း ရှင်းပြထားတာလေးကို မှီ
ငြမ်းပြီးပြောပြပါမယ်။ Battery ကတဆင့် ရောက်လာတဲ့ 3.7v ဟာ pmu ic ရဲ့ input pin ကနေတဆင့် pwm modulator ထဲကို ၀င်ရောက်သွားပါတယ်၊ pwm ဆိုတာ pulse width modulation ကိုပြောတာ ပါ လှိုင်းထုပ်တဲ့ အပိုင်းပါ။ အဲဒီလိုပဲ အပေါင်းဗို့ ဟာ fet ရဲ့  drain ကိုလဲ တိုက်ရျိက်ရောက်နေပါ တယ် power button ကို နှိပ်လိုက်ရင် အိုင်စီရဲ့ disable ငုတ်မှာရှိတဲ့ 1.8v ဟာ 0v သို့ ရောက်သွားပြီး အိုင်စီကို စတင်အလုပ်လုပ်စေပါတယ်။ oscillator ပတ်လမ်း အလုပ်လုပ်ပြီး output ပိုင်းမှာရှိတဲ့ coil အုပ်စုကနေတစ်ဆင့် အိုင်စီများအတွက် လိုအပ်တဲ့ ဗို့ အားများကို ထုတ်လွတ်ပေးပါတယ်။



power ic တွေမှာ အဖြစ်များတဲ့ ပြစ်ချက်ကတော့ no power,charging error, ပိုင်းတွေပါ ရေ၀င်တဲ့ ဖုန်းတွေမှာ pmu ရှော့ ဖြစ်တာ များပါတယ်။ battery တတ်လိုက်ရင် vibrator ဆက်တိုက် တုန်ခါနေတာ မျိုးလဲဖြစ်တတ်ပါတယ်။ pmu ရှော့ဖြစ်ရင်တော့ အသစ်လဲလယ်ပေး မှသာကောင်းနိင်ပါမယ်။ huawei g730,610 အိုင်စီတွေကတော့ ၄၀၀၀ လောက်ရှိပြီး အခြားမော်ဒယ်တွေမှာ အသုံးများတဲ့ pm8029 ကတော့ ၂၅၀၀ ပဲရှိပါတယ်။

ပါဝါပိုင်းရှော့စစ်တဲ့ နည်းလေးတွေ
စစ်ပုံ အိုင်စီလဲပုံကိုတော့ နောက်ပိုင်းအချိန်ရရင် တင်ပေးသွားပါ့မယ်။
ref;kalawthar.com