Showing posts with label လေ့လာစရာဖုန်းနည်းပညာ နှင့် အသုံးချမိုဘိုင်းဆော့ဖ်ဝဲလ်များ. Show all posts
Showing posts with label လေ့လာစရာဖုန်းနည်းပညာ နှင့် အသုံးချမိုဘိုင်းဆော့ဖ်ဝဲလ်များ. Show all posts

Friday, September 22, 2017

ဖုန်း Hardware Power ပိုင်းဆိုင်ရာ အကြောင်း...



ဖုန်းတစ်လုံးရဲ့ powersection ပိုင်းမှာပါဝင်တဲ့ components လေးတွေရဲ့ အခေါ်အဝေါ်နဲ့ ပေါင်းစပ် အလုပ်လုပ်ပုံ။ ဖြစ်တတ်တဲ့ error များနဲ့ ပြုပြင်ပုံတို့ ကို အခုမှ စတင်လေ့လာနေတဲ့ ညီငယ်များပါ နား လည် သဘောပေါက်အောင်၊ ပုံလေးတွေနဲ့ တကွ ရှင်းပြပေးထားပါတယ်။ ကျွန်တော့်ရဲ့ သင်ဆရာများဖြစ် ကြတဲ့ အခြေခံ electronic ပညာကို သင်ပေးတဲ့ ဆရာကြီးဦးသန်းဆင့် ဆရာကြီးဦးထိန်ဝင်းနဲ့ ဖုန်း hardware ပိုင်းကို သင်ပေးခဲ့တဲ့ ဆရာကိုထွန်း၊ ဆရာချစ် နဲ့ မြင်ဆရာများဖြစ်ကြတဲ့ ဆရာဦးမောင်နိင်၊ဆရာကိုစိုင်း၊ နဲ့ ကိုစိုးမြင့်သူ သူငယ်ချင်းဆရာများကို ဒီဆောင်းပါးလေးနဲ့  ဂါရ၀ပြုလိုက်ပါတယ်။

တကယ်တော့ electronic နယ်ပယ်မှာ smartphone ဆိုတာ နည်းပညာအမြင့်ဆုံး electronic device
လို့ ပြောရင်ရပါတယ်။ ဒီလို အဆင့်မြင့် နည်းပညာတစ်ခုကို အခြေံအဆင့် မီတာတိုင်းနည်းတောင် မ သိသေးတဲ့ ညီငယ်တွေအတွက် အရာရာဟာေ၀၀ါးနေမှာအမှန်ပါပဲ။ ဒါပေမယ့် ဘာမှအားမငယ်ပါနဲ့  ညီလေးတို့ ၊ ဇွဲရှိရှိနဲ့ ကြိုးစားအားထုပ်ဖို့ ပဲလိုပါတယ် အဆင်ပြေရင်တော့ အခြေခံပိုင်းပါ ပေါင်းစပ် သင်ပေးတဲ့ သင်တန်းတွေကို မေးမြန်းပြီးတက်ပေါ့။

ဖုန်းတစ်လုံးရဲ့ power ပိုင်းမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေက..

(၁) capacitor
 အ၀ါရောင်နဲ့ အညိုရောင် အတုံးလေးတွေပါ။ သူတို့ က ပတ်လမ်းမှာ လိုအပ်တဲ့ dc volt ကို တည်ငြိမ်မှု ရှိအောင်ပြုလုပ်ပေးပါတယ်။ dc လျှပ်စီးကြောင်းမှာ ရောရှက်ပါလာတဲ့ ac လှိုင်း အနှောက် အယှက်တွေကိုလဲ ဖယ်ရှားစစ်ထုပ်ပေးပါတယ်။ ဒါကတော့ capacitor လေးတွေရဲ့ ပုံပါ။



ဒီကောင်လေးတွေထဲက တစ်ချို့  capacitor လေးတွေဟာဒီစီဗို့ လိုင်းရဲ့ အပေါင်းနဲ့ အနှုတ်ကိုခွပြီး တပ် ထားပါတယ်၊ တစ်ခါတစ်ရံမှာ ဒီကောင်လေးတွေရှော့ဖြစ်ပြီး ဖုန်းပါဝါသေတဲ့ ပြစ်ချက်မျိုးတွေ ကြုံရပါ တယ်။



ဒီပုံမှာဆိုရင် မျှားအနီရောင်လေး ပြထားတဲ့ capacitor လေးရှော့ဖြစ်ပြီး ပါဝါသေနေတာပါ၊ power supply နဲ့ ချိတ်လိုက်ရင် အမ်ပီယာ အဆုံးထိ ပြသွားပါတယ်။ ဒီလိုပြစ်ချက်မျိုးက အတွေ့ အကြုံများတဲ့ သူဆိုရင် ချက်ချင်း စဉ်းစားမိမှာပါ။ battery ငုတ်ရဲ့ အ၀င်မှာနားက အပေါင်းအနှုတ်လိုင်းကို ခွပြီးတတ် ထားတဲ့ ဒီကောင်လေးက dc ဗို့ ကို လုံးဝပိတ်ချလိုက်တာ။ Capacitor တွေမှာဖြစ်တတ်တဲ့ ပြစ်ချက် ကတော့၊ရှော့ဖြစ်ပြီး ၀ါယာကြိုးတစ်ချောင်းလို ဖြစ်သွားတာ နောက်တစ်မျိုးက open ဖြစ်တယ်လို့ လဲခေါ် ပါတယ်၊ capacitor ရဲ့ မိုက်ခရိုဖရက်တန်ဖိုး လုံးဝပျောက်သွားတာမျိုးပါ။ ရေ၀င်တဲ့ ဖုန်းတွေမှာ အဖြစ်များ ပါတယ်။ တကယ်လို့ ဒီပစ္စည်းလေး တွေကို အစားထိုးပြုပြင်မယ်ဆိုရင်၊ စက်ပြားဟောင်းလေးတွေ စုဆောင်းထားရပါမယ်။ ဖုန်းထဲမှာ အသုံးပြုတဲ့ SMD components လို့ ခေါ်တဲ့ သေးငယ်တဲ့ ပစ္စည်းလေးတွေကို အပြင်မှာဝယ်ဖို့ မလွယ်ကူပါဘူး၊ ဒါကြောင့် စက်ပြားများများ စုဆောင်းထားတဲ့ သူဟာ အလွယ်တကူပဲ ပြင်ဆင်လို့ ရသွားမှာပါ။

(၂) Resistor 
ဒီကောင်လေးတွေက အမဲရောင် အတုံးအသေးဆုံးလေးတွေပါ။ အရွယ်နဲနဲကြီးတဲ့ ကောင်တွေလဲ အနဲငယ် သုံးပါတယ်။ သူတို့ ကတော့ရှော့ဖြစ်တယ်လို့ သိပ်မရှိပါဘူး open ပြတ်သွား တာများပါတယ်။ fuse resistor ကိုတော့ အဖြူရောင် အတုံးလေးတွေအဖြစ် ခွဲခြားပေးထားပါတယ်။ပုံမှာမြင်နေရတာတော့ SMD Resistor လေးတွေပါ။



(၃) coil 
ကွိုင်လေးတွေကိုတော့ ပါဝါပိုင်းမှာ အနဲဆုံးလေးလုံးကနေ ခြောက်လုံးထိ တွေ့ ရတတ်ပါ တယ် ကွိုင်လေးတွေ သုံးရခြင်းရဲ့ အကြောင်းကတော့၊ ပတ်လမ်းမှာ လိုအပ်တဲ့ လျှပ်စီးကြောင်း အမ်ပီယာ၊
တောင့်တင်းကောင်းမွန်စေရန်၊ dc လျှပ်စီးကြောင်းကနေ ac အသွင်ကို ကူးပြောင်းယူရန်၊ dc ဗို့ ကို လို အပ်သလို ထုပ်ယူပေးနိင်ရန် အသုံးပြုကြပါတယ်။ ပုံမှာမြင်ရတာကတော့ SMD Coil လေးပါ။



(၄) FET နဲ့  SOT
FET က Field effect transistor , SOT က Small outline transistor ပါ။ ပါဝါပိုင်းမှာ နှစ်မျိုးစလုံး သုံး တတ်ပါတယ်။ ဒီကောင်လေးတွေက လျှပ်စီးကြောင်းတွေကို လိုအပ်သလို အပိတ်အဖွင့် လုပ်တဲ့နေရာမှာ သုံးကြပါတယ်၊ နောက်တစ်မျိုးက battery ကို အားသွင်းတဲ့ နေရာမျိုးမှာ အမ်ပီယာကို လိုအပ်သလို ထိန်း ချုပ်ပေးနိင်ဖို့ သုံးကြပါတယ်။ ဒီပစ္စည်းလေးတွေ ပျက်စီးသွားရင်တော့ အမျိုးအစားတူ တစ်ခုခုနဲ့ လဲလှယ် အသုံးပြုသင့်ပါတယ်၊ ခြေတောက်ကို ကြိုးပူးပြီး သုံးတာရတယ်ဆိုပေမယ့် ၊တစ်ချို့ ပတ်လမ်းတွေမှာ ပါဝါ အဖွင့်အပိတ် လုပ်ပေးယုံသာမကပဲ၊ charging ပိုင်းကိုပါ တွဲဖက်နေတာမျိုးဆိုရင်၊ error တစ်မျိုးမျိုးတက် လာနိင်ပါတယ်။ ပုံမှာပြထားတာကတော့ SOT လေး၇ဲ့ပုံပါ။



(၅) DIODE 
ဒီကောင်လေးတွေကတော့ ပါဝါပိုင်းမှာ မပါ၇င်မဖြစ်တဲ့ ပစ္စည်းလေးတွေပါ အေစီကနေ ဒီစီကိုပြောင်းပေး တဲ့နေ၇ာမှာ သုံးပါတယ်။ နောက်တစ်ခုက zener diode ပါ၊ သူ့ ကိုတော့ တစ်ချို့ ညီငယ်တွေ သိပ်သိမှာ မဟုတ်ပါဘူး။ သူက ဘာလုပ်ပေးလဲဆိုတော့ ဒီစီဗို့ ကို ကန့် သပ်ပြီး တည်ငြိမ်အောင် ထိန်းငြှိပေးပါတယ် အထူးသဖြင့် charging ပိုင်းတွေမှာ အသုံးများပါတယ်၊ ဒီစီဗို့ အားရဲ့အပေါင်းနဲ့ အနှုတ်ကိုခွပြီး တပ်ဆင် ထားတဲ့အတွက်၊ ဒီကောင်လေးရှော့ဖြစ်ရင် ပါဝါပိုင်းပါ သေသွားတတ်ပါတယ်။ပုံမှာပြထားတဲ့ ပစ္စည်း ကတော့ diode လေးပါ။



(၆) PMU 
Power Management Unit ဖြစ်ပါတယ်၊ ပတ်လမ်းမှာ ပါဝင်တဲ့၊ အိုင်စီတွေရဲ့ ဗို့ အားလိုအပ်ချက်ကိုဖြန့် ဝေပေးတဲ့ အိုင်စီပါ။ ဖုန်းတစ်လုံးရဲ့ အသက်လို့ လဲပြောနိင်ပါတယ် ဒီအိုင်စီထဲမှာ အဓိက အပိုင်း(၅) ပိုင်းလောက် ပါဝင်ပါတယ်။ battery ကနေ၀င်လာတဲ့ ဗို့ အားကို လက္ခံပေးတဲ့ input section စတုဂံ လှိုင်းကိုထုပ်လွတ်ပေးတဲ့ oscillator ပိုင်း၊ ပါဝါ အဖွင့်အပိတ်ကို လက္ခပေးတဲ့ data in,out ပိုင်း၊ charging နဲ့ vibrator အပိုင်း၊ ကွိုင်ပတ်လမ်းတွေနဲ့ တွဲဖက်လုပ်ဆောင်ပေးတဲ့ output အပိုင်းတို့ ဖြစ်ပါတယ် ပုံမှာ ပြထားတာကတော့ power section တစ်ခုမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေ စုပေါင်းဖွဲ့ စည်းထားတဲ့ပုံလေး ပါ။



(၇) CRTSTAL 
ဒီကောင်လေးကတော့၊ pmu အတွက် လိုအပ်တဲ့ oscillator ပိုင်းကို ထိန်းချုပ်ပေးပါတယ်။ ပုံမှန်ပတ် လမ်းတွေမှာ ( f=1/CR) ပုံသေနည်းကို အသုံးပြုပေမယ့်၊ ဒီအပိုင်းမှာတော့ တည်ငြိမ်တဲ့ ဗို့ အားကိုလို အပ်တဲ့အတွက်၊ crystal ကို အသုံးပြုတာဖြစ်ပါတယ်။

Back light အပိုင်းမှာတော့ crystal ကိုမသုံးကြပါဘူး။ ပုံမှာပြထားတာကတော့ crystal ပတ်လမ်းလေး တစ်ခုပါ။



အရင်ကတော့ ဒီကောင်လေးတွေ အပျက်နဲပါတယ်၊ hyawei g610 မှာတော့ တော်တော်လေး အဖြစ်များ ပါတယ်။ သူရဲ့ error က ပါဝါဖွင့်ရင် တစ်ခါတစ်လေ အလွယ်တကူပွင့်ပြီး၊ တစ်ခါတစ်လေ တော်တော် နဲ့  ဖွင့်မရတတ်ပါဘူး၊ အဖုံးဖွင့်ပြီး အပူလေးပေးလိုက်မှ ရသွားတာမျိုးလဲ ရှိပါတယ်။ တစ်ချို့ ဖုန်းတွေမှာ သုံးနေရင်း ရုတ်တရက် ပါဝါပိတ်သွားပြီး၊ ပြန်ဖွင့်လို့ မရတာ လဲရှိပါတယ်။ အကြောင်းကတော့ဒီ crystal လေး အရည်အသွေးညံ့လို့ ပါ။ အဲဒီလိုပါဝါကြောင်တဲ့ ဖုန်းတွေဆို crystal လဲ ကြည့်သင့်ပါတယ်။ ဒါ ကတော့ power section ပိုင်းမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေနဲ့ ဖြစ်တတ်တဲ့ error လေးတွေပါ ဒီပုံလေး ကတော့ power ပိုင်းရဲ့ ဆားကက် ပုံလေးပါ။



အလုပ်လုပ်ပုံ အသေးစိတ်ကတော့ ကျွန်တော့ရဲ့ မြင်ဆရာဖြစ်တဲ့ ဆရာကိုစိုင်း ရှင်းပြထားတာလေးကို မှီ
ငြမ်းပြီးပြောပြပါမယ်။ Battery ကတဆင့် ရောက်လာတဲ့ 3.7v ဟာ pmu ic ရဲ့ input pin ကနေတဆင့် pwm modulator ထဲကို ၀င်ရောက်သွားပါတယ်၊ pwm ဆိုတာ pulse width modulation ကိုပြောတာ ပါ လှိုင်းထုပ်တဲ့ အပိုင်းပါ။ အဲဒီလိုပဲ အပေါင်းဗို့ ဟာ fet ရဲ့  drain ကိုလဲ တိုက်ရျိက်ရောက်နေပါ တယ် power button ကို နှိပ်လိုက်ရင် အိုင်စီရဲ့ disable ငုတ်မှာရှိတဲ့ 1.8v ဟာ 0v သို့ ရောက်သွားပြီး အိုင်စီကို စတင်အလုပ်လုပ်စေပါတယ်။ oscillator ပတ်လမ်း အလုပ်လုပ်ပြီး output ပိုင်းမှာရှိတဲ့ coil အုပ်စုကနေတစ်ဆင့် အိုင်စီများအတွက် လိုအပ်တဲ့ ဗို့ အားများကို ထုတ်လွတ်ပေးပါတယ်။



power ic တွေမှာ အဖြစ်များတဲ့ ပြစ်ချက်ကတော့ no power,charging error, ပိုင်းတွေပါ ရေ၀င်တဲ့ ဖုန်းတွေမှာ pmu ရှော့ ဖြစ်တာ များပါတယ်။ battery တတ်လိုက်ရင် vibrator ဆက်တိုက် တုန်ခါနေတာ မျိုးလဲဖြစ်တတ်ပါတယ်။ pmu ရှော့ဖြစ်ရင်တော့ အသစ်လဲလယ်ပေး မှသာကောင်းနိင်ပါမယ်။ huawei g730,610 အိုင်စီတွေကတော့ ၄၀၀၀ လောက်ရှိပြီး အခြားမော်ဒယ်တွေမှာ အသုံးများတဲ့ pm8029 ကတော့ ၂၅၀၀ ပဲရှိပါတယ်။

ပါဝါပိုင်းရှော့စစ်တဲ့ နည်းလေးတွေ
စစ်ပုံ အိုင်စီလဲပုံကိုတော့ နောက်ပိုင်းအချိန်ရရင် တင်ပေးသွားပါ့မယ်။
ref;kalawthar.com

Friday, June 2, 2017

Hardwareနဲ့ပက်သက်ပီးကြည့်ရှုနိုင်မဲ့websiteလေးပါ

 Myanmar Credo Groupမှကြိုဆိုပါတယ်
ကျွန်တော်အခုတင်ပေးမဲ့ဆိုဒ်လေးကတော့
ဟက်ဝဲသမားတွေအတွက်အဆင်ပြေစေမဲ့ဆိုဒ်လေးပါ
မသိတာလေးတွေဝင်ရောက်လေ့လာလို့ရတာပေါ့
အောက်ကလင့်လေးမှာဝင်ရောက်ကြည့်နိုင်ပါတယ်


Website Link>>>http://www.gsmhike.com/

အဆင်ပြေပါစေ..
Myanmar Credo Group(ရေနီသားဖြိုးလေး)

Huawei ဖုန်းအချို့ ရဲ့စက်ပြားပေါ်က သိမှတ်ဖွယ်ရာများ







ပုံများဖြင့် Hardware သမားများလေ့လာလို့ရပါတယ်။




































 သီဟထိုက်
www.thihahtike.com 

Monday, May 15, 2017

Mobile Phone Backlight Part 1


Backlight အကြောင်း ပြောရရင် LCD ကနေ စပြောရမှာပါ။
ဖုန်းထဲမှာ LCD ကို ရုပ်ပုံဖေါ်ဖို့အတွက် သုံးပါတယ်။ LCD ကို နှစ်ပိုင်းခွဲကြည့်ရင် ရုပ်ပုံပြပေးတဲ့ (Display) ပိုင်းနဲ့ နောက်ခံမီးထိုးပေးတဲ့အပိုင်း (Backlight) ဆိုပြီးရှိပါတယ်။ Display ကောင်းရင် ရုပ်ပုံပေါ်နေပေမယ့် Backlight ပိုင်းမကောင်းရင် ရုပ်ပုံကို မြင်ရမှာ မဟုတ်ပါဘူး။
Backlight ပိုင်းမှာ နောက်ခံမီးထိုးပေးဖို့အတွက် LED မီးသီးလေးများကို အသုံးပြုထားပါတယ်။ LED တလုံးကို အကြမ်းဖျင်းအားဖြင့် (2.5V to 3.0V ) ဝန်းကျင် ပေးသွင်းဖို့ လိုအပ်ပါတယ်။ LED လေးများကို တန်းဆက် (series) ဆက်သုံးထားတာဖြစ်လို့ LED အရေအတွက်အပေါ်မူတည်ပြီး ဗို့ပေးသွင်းဖို့ လိုအပ်ပါတယ်။ 10 လုံးသုံးရင် 30V ဝန်းကျင်လိုအပ်ပြီး 8 လုံးသုံးရင် 24V ဝန်းကျင် ပေးသွင်းရမှာပါ။ အဲဒါဆိုရင် LED တန်းဆက်တတွဲမှာ အပေါင်းဗို့ပေးသွင်းဖို့ VLED A ငုတ်နဲ့ အနုတ်ဗို့ပေးသွင်းဖို့ VLED K ဆိုပြီး ငုတ်နှစ်ငုတ် ပါဝင်ပါတယ်။ တချို့ဖုန်းတွေမှာတော့ LED 12 လုံးသုံးရင် 6 လုံးစီကိုတန်းဆက်ဆက်ပြီး တန်းဆက်နှစ်တွဲကို ပြိုင်ဆက် (parallel) ဆက်သုံးတတ်ကြပါတယ်။ VLED A နှစ်ငုတ်ကို ပေါင်းပေးလိုက်တော့ VLED A တငုတ် ရပါတယ်။ VLED K ကိုတော့ တငုတ်စီ ထုတ်ထားတဲ့အတွက် VLED K1 နဲ့ VLED K2 ဆိုပြီး ငုတ်နှစ်ငုတ် ရှိလာပါတယ်။ အဲလိုဖုန်းတွေမှာတော့ LED 6 လုံးနှစ်တွဲဖြစ်တဲ့အတွက် 18V ဝန်းကျင်ပဲ ပေးသွင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Amp တော့ LED တတွဲထက် နှစ်ဆ လိုအပ်မှာပါ။
LED အရေအတွက်နဲ့ တန်းဆက်ပြိုင်ဆက်အပေါ်မူတည်ပြီး ပေးသွင်းဗို့ လိုအပ်လာပါပြီ။ အဲဒီဗို့တွေကို ဘယ်ကရမှာလဲ။ ဖုန်းဘက်ထရီတွေရဲ့ စံသတ်မှတ်ချက် (standard) က 3.7V ပါ။ လိုအပ်နေတာက 24V ဆိုကြပါစို့။ 3.7V ကနေ 24V ရောက်အောင် ဘယ်လို မြှင့်တင်ကြမလဲ။ DC volt ဆိုတာက မူရင်းရှိနေတဲ့ဗို့အောက် လျော့ချချင်ရင် လွယ်ပေမယ့် သူ့ထက်မြင့်အောင် မြှင့်တင်ဖို့ဆိုတာ မလွယ်ပါဘူး။
DC volt ကို မြှင့်တင်ဖို့အတွက် DC ကို AC ဖြစ်အောင် အရင်ပြောင်းပေးရပါမယ်။ ပြန်ထုတ်ချင်တဲ့ DC volt အတိုင်း AC ဖြစ်အောင် အရင်ပြောင်းပါမယ်။ DC ကို AC ပြောင်းပေးမယ့်အလုပ်ကို Coil လေးက လုပ်ပေးမှာပါ။ အဲ့ဒါကြောင့် Baclklight မှာသုံးတဲ့ Coil လေးကို Booster Coil လို့ ခေါ်ကြပါတယ်။
DC volt ကို အရှင်ဖြစ်အောင် Coil ထဲကို ထည့်ပေးနိုင်ရင် Coil ထဲမှာ သံလိုက်စက်ကွင်းသီအိုရီအတိုင်း AC ဖြစ်ပေါ်စေပါတယ်။ အဲဒါဆိုရင် DC အပေါင်းစကို Coil ထဲမှာ တိုက်ရိုက်ထည့်ပြီး အနုတ်စကို ခလုတ်ပတ်လမ်း (switching circuit) နဲ့ ထည့်ပေးလိုက်ရင် Coil ထဲမှာ AC ဖြစ်သွားပါပြီ။ Switching လုပ်ငန်းကို IC က တာဝန်ယူပေးပါလိမ့်မယ်။ IC ထဲမှာ ထည့်သွင်းထားတဲ့ FET လေးရဲ့ Gate ငုတ်ကို အပိတ်အဖွင့်အချက်ပြ (On Off Signal) အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးလိုက်ရင် IC ရဲ့ SW (switch) ငုတ်မှာ အနုတ်ဗို့ဟာ ရောက်လိုက် မရောက်လိုက် ဖြစ်နေပါမယ်။ အဲဒါဆိုရင် SW ငုတ်နဲ့ ဆက်ထားတဲ့ Coil ထဲမှာလည်း အနုတ်ဗို့ဟာ ရောက်လိုက်မရောက်လိုက်ဖြစ်နေတဲ့အတွက် Coil ထဲမှာ AC ဖြစ်သွားပါပြီ။
Coil ထဲမှာ ဖြစ်နေတဲ့ AC ကို Rectifier Diode တလုံးသုံးပြီး DC ဖြစ်အောင် ပြောင်းပေးရပါတယ်။ Diode က ပြောင်းပေးတဲ့ DC ကို တည်ငြိမ်စေအောင် Condenser တလုံးနဲ့ ထိန်းပေးထားပါတယ်။
တချို့ဖုန်းတွေမှာတော့ Condenser အထွက်လမ်းကြောင်းမှာ LB Coil တလုံးခံပြီး LED Anode စကို အပေါင်းဗို့ ပေးသွင်းထားပါတယ်။ အပေါင်းဗို့မြင့်လမ်းကြောင်းဟာ LED A ကတဆင့် LED K ကို ဖြတ်စီးပြီး Switching IC ထဲသို့ နောက်ပြန်ကျွေးလမ်းကြောင်း (FeedBack) အဖြစ် ပြန်ပေးထားရပါတယ်။ အဲလို ပြန်ပေးထားခြင်းအားဖြင့် Backlight ပိုင်းက ထုတ်ပေးတဲ့ ဗို့မြင့်ကို LED တွေက တကယ်သုံးမသုံး သိစေမှာပါ။
Switching IC ထဲက အနုတ်ဗို့လမ်းကြောင်းကဖြစ်စေ သီးသန့် R တလုံးသုံးပြီးဖြစ်စေ LED K အတွက် လိုအပ်တဲ့ အနုတ်ဗို့ကို ဖန်တီးပေးထားပါတယ်။
LED K လမ်းကြောင်းမှာ ခံသုံးထားတဲ့ R လေးတွေရဲ့ တန်ဖိုးက အများအားဖြင့် 10 -15 Ohm ဝန်းကျင် သုံးတတ်ကြပါတယ်။ အဲဒီ R လေးတွေရဲ့ တဖက်မှာ အနုတ်ဗို့လမ်းကြောင်းဖြစ်တဲ့ Ground လမ်းကြောင်းနဲ့ ဆက်ထားတဲ့အတွက် တိုင်းကြည့်ရင် တဖက်မှာ Ground ကျနေပါလိမ့်မယ်။ အဲ့ဒါ ပုံမှန်ပါပဲ။ အကြောင်းတခုခုကြောင့် LED တွေက အမ်ပီယာပိုစားနေခဲ့ရင် (ဥပမာ ရေဝင်ခြင်း) Backlight ပိုင်းကို ထိခိုက်စေနိုင်ပါတယ်။ အဲလိုမဖြစ်စေအောင် LED တွေရဲ့ Kathode လမ်းကြောင်းမှာ Current Limit လုပ်ဖို့ R လေးတွေ ထည့်ထားခြင်းအားဖြင့် သတ်မှတ်အမ်ပီယာထက် ပိုစားလို့ မရတော့ပါဘူး။
Diagram နဲ့ Block ကို တွဲပေးထားပါတယ်။ အသေးစိတ် လေ့လာကြည့်ပါ။
နောက်တပိုင်းမှာ Backlight IC အကြောင်း ဆက်ပြောပေးပါ့မယ်။
BCM1
BCM3

Credit TO :Mobile Hardware Training

Friday, May 12, 2017

Diode


Diode
Diode







Diode ဆိုတာ အီလက်ထရောနစ်ပံ့ပိုးပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သဘောတရားအားဖြင့်ပြော ရရင်တော့

သူ့မှာ Anode ( A + ) နဲ့ Cathode ( K – ) ဆိုတဲ့ ငုတ် ၂ မျိုးပဲရှိပါတယ် ။ ငုတ်အရေအတွက်အနေနဲ့ပြောရရင်တော့ ၂ ငုတ်အမျိုးအစား Diode ကနေ ၃ ငုတ်အမျိုးအစား ၊ ၄ ငုတ်အမျိုးအစား အစရှိသဖြင့် ငုတ်အရေအတွက် အမြောက်အများပါတဲ့ Diode တွေရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ Anode ငုတ်နဲ့ Cathode ငုတ်ဆိုပီးတော့ပဲ သတ်မှတ်ပါတယ်။ Anode တို့ Cathode တို့ဆိုတာ စာသဘောတရားနဲ့ပြောရရင် Electode တွေပါ ၊ ငုတ်အမျိုးအစား ၂ မျိုးပါလို့ ( Di-Electrodes ) ဆိုပီးခေါ်ပါတယ် အဲ့ဒီအနေတစ်ဆင့် Di ရယ် electrode က ode ရယ်ပေါင်းပီး Diode ဆိုပီး ခေါ်ဆိုခဲ့ပါတယ်။
အောက်မှာ Diode အမျိုးအစားတွေကို ဖေါ်ပြထားပါတယ် ။ Mobile Device တွေမှာတော့ အဲ့ဒီ Diode တွေအကုန်မပါဝင်တဲ့အတွက် အကုန်လုံးတော့ ရှင်းပြသွားမှာ မဟုတ်ပါဘူး
• Backward diode
• BARITT diode
• Gunn Diode
• Laser diode
• Light emitting diodes
• Photodiode
• PIN diode
• PN Junction diode
• Transient voltage supression diodes
• Schottky diodes
• Step recovery diode
• Tunnel diode
• Varactor diode or varicap diode
• Zener diode
အထက်ဖေါ်ပြပါ အများအစားတွေထဲကမှ မိုဘိုင်းဖုန်းမှာ အသုံးပြုလေ့ရှိတဲ့ Diode အမျိုးအစားတွေကိုပဲ ဦးစားပေးဖေါ်ပြသွားမှာပါ
1. PN Junction diode
2. Schottky diodes
3. Light emitting diodes
4. Zener diode
5. Transient voltage supression diodes
မှတ်ချက်။ ။ Proximity Sensor တွေဟာ Photo Diode တွေနဲ့အလုပ်လုပ်ပုံဆင်တူပေမယ့် ပုံစံတည်ဆောက်ပုံမတူညီတဲ့အတွက် Proximity Sensor တွေကို diode စာရင်းမသွင်းရပါဘူး သူ့အတွက် သီးသန့် သင်ခန်းစာမှာ ဖတ်ရှုပါ။
PN Junction Diode
ယနေ့ PN Junction diode ကို Standard Diode သို့မဟုတ် Normal Diode တစ်ခုအနေနဲ့ ခေါ်ဝေါ်သတ်မှတ် သုံးစွဲကြပါတယ် ၊
Typical Symbol of Diode
Anode က ( + ) ကို ကိုယ်စားပြုပီး Cathode က ( – ) ကို ကိုယ်စားပြုပါတယ် မျက်လုံးအမြင်နဲ့ပဲ ခွဲခြားဆုံးဖြတ်ရမယ်ဆိုရင် Cathode ( အနုတ်ငုတ် ) ဘက်မှာ ဆေးရောင်အဖြူနဲ့အရစ်လေးတစ်ရစ် ပါ ပါတယ် ( တစ်ချို့အလုံးတွေမှာတော့ အမည်းရစ် နဲ့ပါ ) ၊ သာမာန် Diode တစ်လုံးအနေနဲ့ လျှပ်စီးပတ်လမ်းကို တစ်ဘက်တည်းပဲ One-Way စီးဆင်းစေပါတယ် ၊
• အပေါင်းလျှပ်စီးလိုင်းဟာ Anode ငုတ္ကေန Cathode ငုတ်ဘက်ကို ဖြတ်သန်းစီးဆင်းနိုင်ပါတယ် ပြောင်းပြန်ပုံစံ ပေးသွင်းထားရင်တော့ လျှပ်စစ်မစီးဆင်းတော့ပါဘူး ။
• အနုတ်လျှပ်စီးလိုင်းဟာ Cathode ကေန Anode ကို ဖြတ်သန်းစီးဆင်းနိုင်ပါတယ် ။ ပြောင်းပြန်ပုံစံ ပေးသွင်းထားရင်တော့ လျှပ်စစ်မစီးဆင်းတော့ပါဘူး ။
အနှစ်ချုပ် မှတ်သားရန်
အနှုတ်လျှပ်စီးလိုင်းဟာ Anode ကို ဖြတ်ပီး Cathode ကို မစီးဆင်းနိုင်ပါဘူး အပေါင်းလျှပ်စီးလိုင်းကလည်း Cathode ကို ဖြတ်ပီး Anode ဘက်ကို မစီးဆင်းနိုင်ပါဘူး ။Diode တွေဟာ Reverse Bias ပေးသွင်းရင် အလုပ်မလုပ်ဘူးလို့ အနှစ်ချုပ်မှတ်သားထားပါ ၊
ဒီတော့ Normal Diode တွေကို ဖုန်းတွေမှာ Battery အပေါင်းအနုတ်မှားယွင်းချိတ်မိရင် ဖုန်းမပျက်စီးရလေအောင် Reverse Bias Protector အနေနဲ့ ထည့်သွင်းတည်ဆောက်လေ့ရှိပါတယ် အောက်ပါပုံကိုကြည့်ပါ
Schottky diodes
Schottky Diode Symbol
အပေါ်မှာ diode တစ်လုံးကို Forward Bias Diode { မီးသီးလင်းအောင်အာပေးသွင်းပုံ } Reverse Bias Protector diode { battery မှားလျှင် ဆားကစ်မပျက်စီးအောင် ကာကွယ်ပုံ } တွေမှာ ဖေါ်ပြခဲ့ပီးဖြစ်ပါတယ် ယခုဖေါ်ပြမှာက Rectifier Diode အကြောင်းပါ ၊ Diode တွေဟာ Positive သို့မဟုတ် Negative တစ်ခုတည်းကိုသာ ဖြတ်သန်းစီးဆင်းခွင့်ပြုထားတဲ့အတွက် AC Current ကေန DC Current အဖြစ်ပြောင်းလဲတဲ့နေရာမှာ အထူးအသုံးဝင်လှပါတယ် ၊ အဲ့ဒီလို Rectifier ပိုင်းမှာ ထည့်သွင်းသုံးစွဲတဲ့ Diode မျိုးကို Rectifier Diode လို့ ခေါ်ဝေါ်ပါတယ် ။ အောက်ပါပုံကို ကြည့်ပါ
Rectifier Diode တွေကို ၄င်းတို့ရဲ့ ခံနိုင်ရည် ဗို့အား ၊ ဖြတ်သန်းစီးဆင်းခံနိုင်တဲ့ အင်ပီယာ ၊ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ကြိမ်နှုန်းတွေပေါ်မူတည်ပီး Diode အမျိုးအစားတွေကိုရွေးချယ်ရပါတယ် ။ မိုဘိုင်းဖုန်းတွေမှာတော့ Schottky Diode တွေကို ထည့်သွင်းအသုံးပြုထားပါတယ်
အားသာချက်များ
• Low turn on voltage: silocon diode တွေထက် turn on voltage level နိမ့်ပါတယ် ၊ 0.2 ကေန 0.3 Volt လောက်ပေးတာနဲ့အလုပ်လုပ်နိုင်စွမ်းရှိပါတယ် ၊
• Fast recovery time: Stored Charge ပမာဏနည်းတဲ့အတွက် recovery time ပိုမြန်ပါတယ် ၊ ဒါကြောင့် Switched Mode Power Supply ( SMPS ) ပတ်လမ်းတွေမှာ အသုံးပြုကြပါတယ်
• Low junction capacitance: .contact ငုတ် ၂ ခုကို အလွန်နီးကပ်စွာ တည်ဆောက်ထား တဲ့ အတွက် junction capacitance level အလွန်နိမ့်သွားပါတယ် ၊
RF mixer နဲ့ Detector ပိုင်းတွေ ၊ Backlight Rectifier Diode တွေမှာ Schottky diode တွေကိုထည့်သွင်းသုံးစွဲလေ့ရှိပါတယ် ။
Light emitting diodes ( L.E.D )
L.E.D
LED ဆိုတာ Diode အမျိုးစားဝင်တစ်မျိုးဖြစ်ပါတယ် ၊ ဗို့အားပေးလိုက်တာနဲ့ အလင်းထုတ်ပေး နိုင်တဲ့ diode အမျိုးအစားတစ်မျိုးပါ၊ AC ရော DC ရော ဘာကျွေးကျွေး မီးလင်းပါတယ် ၊ ဖုန်းတွေမှာတော့ DC Supply နဲ့ပဲအလုပ်လုပ်ပါတယ် ၊ အသုံးပြုလေ့ရှိတဲ့နေရာတွေကတော့
1. Backlight LED Driver
2. Camera Flash
3. Buttom Light တို့ဖြစ်ပါတယ်
Mobile Phone Backlight L.E.D
Zener diode
Zener Diode တွေကို တည်ငြိမ် ဗို့အားပေးပိုင်းတည်ဆောက်ရာမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ Zener diode တွေရဲ့တန်ဖိုးကို သူတို့ရဲ့ Breakdown Voltage နဲ့သတ်မှတ်ပါတယ်။ ဥပမာ 3V ZD ,4.7 ZD , 5V ZD အစရှိသဖြင့်တန်ဖိုးသတ်မှတ်ပါတယ် ။ ဒီနေရာမှာ Breakdown Voltage ကို နားလည်လွယ်အောင် ရှင်းပြပေးဖို့လိုလာပါတယ်။
သာမန် PN Junction Diode တွေဟာ A K Cathode မွာ အပေါင်းဗို့ပေးထားလို့ Anode ဘက္ကို Current မစီးဆင်းနိုင်ပါဘူး ။ ဒါပေမယ့်လည်းသူတို့မှာ အကန့်အသတ်ရှိပါသေးတယ် သူတို့ခံနိုင်စွမ်းအားထက်ကျော်လွန်အောင်ပေးသွင်းလိုက်ရင်တော့ကျိုးပျက်မှတ် Breakdown Point ကိုရောက်ရှိသွားရင် လျှပ်စစ်စတင်စီးဆင်းပါတယ် ၊ ဒါကို Breakdown Voltage လို့ခေါ်ပါတယ်။ ဥပမာ 3 V Zener Diode တစ်လုံး ပြောင်းပြန်ဘက်လိုက်ဗို့အားပေးထားတယ် ( Cathode မှာ အပေါင်းရှိ နေပီး Anode မှာ အနုတ်ဗို့အားရှိနေချိန် ) ဆိုပါစို့ ၊ Cathode မှာ ပေးသွင်းထက် ဗို့အားက 3V နဲ့အောက်မှာ ရှိနေချိန် ဘာမှ မဖြစ်ပေမယ့် 3V ထက်ကျော်လွန်လာရင်တော့ Cathode ကေန Anode ကို လျှပ်စစ်စတင်စီးဆင်းပါတော့တယ် အဲ့ဒီနည်းနဲ့ပဲသူက Cathode ငုတ်နဲ့ ပတ်လမ်းအတူတူ ရှိနေတဲ့ အပိုင်းတွေကို Volt အားတည်ငြိမ်အောင်ထိန်းပေးထားပါတော့တယ် အောက်မှာပြထားတဲ့ နမူနာပုံကိုကြည့်ပါ ။
Zener Diode ရဲ့ Cathode ငုတ်ကိုသက်ရောက်နေတဲ့ ဗို့အားသာ 3V ထက်ကျော်လွန်လာရင် ZD ရဲ့ Anode ငုတ်ဘက်ကို လျှပ်စစ်စတင်စီးပါမယ် ၊ ဒီနည်းအားဖြင့် ZD ရဲ့ Cathode ငုတ်မှာ တည်ငြိမ်ဗို့အား (Regulated Voltage ) 3 V ကိုရှိနေပါတော့တယ်
Transient voltage supression diodes
Uni-directional Bi-directional
transient-voltage-suppression (TVS) diode ဆိုတာ circuit protector တစ်မျိုးပါပဲ ၊ Zener Diode ၂ လုံးကို မျက်နှာချင်းဆိုင် ဆက်ထားတာနဲ့ ပုံစံတူပါတယ်။ သူဘာတွေကိုကာကွယ်သလဲ ? sensitive ဖြစ်လွန်းတဲ့ ဆားကစ်ပတ်လမ်းတွေကို human body နဲ့ထိတွေ့ပွတ်တိုက်မိလို့ဖြစ်ပေါ်လာတဲ့ static charge တွေ Voltage Spike တွေကြောင့်ပျက်စီးမသွားအောင်ကာကွယ်တဲ့ နေရာမှာထည့်သွင်းသုံးစွဲကြပါတယ်။ TVS Diode တွေကို Uni-directional နဲ့ Bi-directional ဆိုပီး ၂ မျိုးတွေ့နိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာတော့ Bi-directional တစ်မျိုးတည်းကိုပဲ I/O Module တွေ မှာထည့်သွင်းသုံးစွဲပါတယ် ။ SIM Card reader တွေ ၊ Headphone Speaker တွေ TFlash reader တွေရဲ့ပတ်လမ်းတွေမှာတွေ့နိုင်ပါတယ် ။ မိမိ Protect လုပ်ချင်တဲ့ လမ်းကြောင်းနဲ့ Circuit Ground ပေါ်မှာ တိုက်ရိုက်ခွဆက်ပီး သုံးရပါတယ် Zener Diode တွေကို သုံးစွဲပုံနဲ့ဆင်တူပါတယ် ။ Diagram တွေမှာတော့ ESD ( Electostatic Discharge ) Protector ဆိုပီး ညွှန်းဆိုထားတာတွေ့နိုင်ပါတယ်။ ESD က ဖြစ်စဉ်တစ်ခုကိုပြောတာဖြစ်ပီး TVS က component ကိုဆိုလိုတာပါ


Schottky Diode



Tuesday, October 25, 2016

Android ဖုန်းများတွင် {Developer Options} ကိုဖျောက်ထားနည်း

Android ဖုန်းများတွင် {Developer Options} ကိုဖျောက်ထားနည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဘာရယ်မဟုတ်ဘူးဆိုပေမယ့် 2016 Device တွေအတွက် (သို့) အချို့သော
သူတွေအတွက် တစ်ခါတလေ Developer Options ကိုဖျောက်ထားဖို့လိုအပ်မယ်ထင်ပါတယ်။

2016 Device များတွင် အသုံးပြုသူ Users တွေအတွက် ဒုက္ခပေးလာတဲ့ FRP Lock ပါပဲ အဲဒီ Lock ကို
Developer Options တွင် ထားသုံးထားလည်း ဖြစ်ပါတယ်၊ အသုံးပြုသူ Users အများစုက ဒီ Lock ကို
သတိမထားပဲ ဖုန်းကို အသုံးပြုလို့ကောင်းလာအောင်ဆိုပြီး အလွယ်တကူ Factory Reset ချလေ့ရှိကြတယ်။

Factory Reset process ကလွယ်ကူပေမယ့် Developer Options မှ OEM Unlock နေရာမှာ
Enable မပြုလုပ်ထားရင်တော့ FRPL Lock ကတော့ Welocme ဆိုပြီး ပြုံးပြုံးနဲ့ ကြိုဆိုနေမလားပါပဲ...

လိုရင်းကိုပြောရရင်တော့ FRP Lock က Developer Options တွင် ရှိနေတာဆိုတော့
င်္FRP Lock မကျအောင် Developer Options တွင်ရှိတဲ့ OEM Unlock နေရာမှာ အမှန်ခြစ်ပေးရမှာပါ။

မပေးထားမိရင်တော့ ဖုန်းကို Factory Reset ချမိတာနဲ့ သေချာတယ် ဖုန်းမှာ FRP Lock ကျမှာပါ
Lock ကျနေပြီဟေ့ ဆိုတာနဲ့ ဘာလုပ်ရမှန်းမသိဘူး Bypass way ဆိုတာလည်း မလေ့ဖူးသေးရင်တော့
သေချာပြီ ဖုန်းလုပ်ပေးနေတဲ့သူများနဲ့ Service ဆိုင်တွေကို ပြေးရတော့မယ် ကျသင့်တဲ့ ပိုက်ဆံလည်း
ပေးရတော့မယ် ကံဆိုးချင်ရင်တော့ J7 & J5 Series 2016 မျိုးနဲ့သာ တိုးလို့ကတော့ မြင်ယောင်သေး
မီးလောင်ရာ လေပင့်သလို ကိုယ်သေတွင်း ကိုယ်တူးမိနေသလို မျိုးဖြစ်နေမှာပါ။

ဒီတော့ ဘာလုပ်သင့်ပါသလဲ ဆိုပြီး တွေးမိရင်တော့ ထူးခြားတဲ့ နည်းလမ်းတော့ မတွေ့မိဘူး
ဒါပေမယ့် System Software များကို Show လုပ်ရသလို Hide လုပ်လို့လည်း ရပါတယ်။

ဖုန်း System များတွင် အသုံးပြုသူ Users များ ဖုန်းကို ကလစ်မှာစိုးလို့ကို အဲဒီ Features များကို
သီးသန့်ဖွက်ထားပေးနေတာကို သတိထားနေရမှာပါ၊ အဲဒါကို ဖေါ်ထုတ်ပြီး အသုံးပြုတတ်နေတယ် အန္တရာယ်ကိုလည်း သိပြီး ကာကွယ်နေ တတ်တဲ့သူတွေအတွက် အခက်ကြီးမဟုတ်ဘူးဆိုပေမယ့် ဒီအကြောင်းအရာတွေကို မလေ့လာဖူးတဲ့ သူတွေ အများစုကတော့ ဒီ FRP Lock ကိုကြုံနေကြရဦးမှာပဲဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ FRP Lock ဟာ 2016 Device များကိုအသုံးပြုနေကြတဲ့ Users တိုင်း
သတိထားပြီး ကြိုတင်ကာကွယ်ထားတာ ပြီးတော့ ဖြစ်တတ်တဲ့ သဘောတရားများကို လေ့လာ
ထားတာမျိုးလိုအပ်မယ်ထင်ပါတယ်၊ ကျနော်စမ်းပြထားပါတယ်၊ A7 ဖုန်းတစ်လုံးနဲ့ J7 ဖုန်းများမှ
ဗားရှင်း 5.1 Root မဖောက်ထားတဲ့ ဖုန်းတစ်လုံးနဲ့ J7 root ဖောက်ပြီးသား ဖုန်းတစ်လုံးကို စမ်း
သပ်ထားတာမို့ သင့်ဟာ 2016 ခုနှစ်ထုတ် Brand New များကိုအသုံးပြုနေတယ်ဆိုရင်တော့
ဖေါ်ပြနည်းလမ်းကို စမ်းသပ်ကြည့်ပြီး မလိုအပ်ပဲထွက်သွားမယ့် ယိုပေါက်ကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
မိမိဖုန်းက 2016 Device ဖုန်းတစ်လုံးလည်ဖြစ်တယ် Developer Options လည်းပေါ်နေတယ်
အထဲကိုဝင်ကြည့်လိုက်ပြန်တော့လည်း OEM Unlock ဆိုပြီး တွေ့နေတယ်ဆိုရင်တော့ အဲဒီ
နေရာတွင် Enable သို့မဟုတ် အမှန်ခြစ်လေးကို ပေးထားပြီး Developer Options ကိုပြန်လည်
ဖျောက်ပေးထားလိုက်ရင် ဖုန်းကို ကြိုက်သလောက် Factory Reset ချ FRP Lock ကမကျတော့ဘူးပေါ့
အဲသလို Developer options နေရာမှာ OEM Unlock ကိုအမှန်ခြစ်ပေးပြီး ဖွင့်ထားခဲ့ရင်
Download Mode ၀င်ကြည့်မလား FRP Lock Off/ Fastboot Mode ၀င်ကြည့်မလား
FRP Unlock စသည်ဖြင့် မြင်နေရမှာဖြစ်ပါတယ်၊ ဒီတော့ အန္တရာယ်ကို ကြိုတင်ကာကွယ်ထားရာ
ရောက်နေပြီပေါ့ဗျာ လုပ်နည်းများကို အောက်မှာ ဆက်ပြီး လေ့လာကြည့်လိုက်ပါ။
မှတ်ချက်...။ ဖုန်းကို Root မဖောက်ပဲ Font changer apk များဖြင့် အသုံးပြုနေကြတဲ့သူတွေကတော့
ဖေါ်ပြပါနည်းလမ်းအတိုင်း Settings ကို Clear ပြုလုပ်လိုက်ရင်တော့ ထည့်သွင်းထားတဲ့ ဖောင့်က
Normal ဖြစ်သွားမှာဖြစ်လို မြန်မာစာအတွက် မိမိထည့်သွင်းခဲ့တဲ့အတိုင်း ပြန်လည်ထည့်သွင်းပေးရပါမယ်။

{Developer Options} ကိုဖျောက်ထားနည်း
========================
အခုကျနော် စမ်းသပ်ထားတဲ့ကတော့ A7 ဖုန်းတစ်လုံးနဲ့ J7 ဖုန်းများ ဖြစ်ပါတယ် A7 ဖုန်းကတော့
Root မဖောက်ရသေးတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး၊ J7 ဖုန်းကတော့ Root ဖောက်ပြီးသားဖုန်းဖြစ်ပါတယ်။

A7 ဖုန်း ဗားရှင်းကတော့ 5.1 ဖြစ်ပြီး J7 ဖုန်း ဗားရှင်းကတော့ 6.0.1 ဖြစ်ပါတယ်၊ A7 ဖုန်းမှာတော့
Developer Options တွင် OEM Unlock မပါဝင်သေးပါ၊ ဒီတော့ အဲဒီဖုန်းအတွက် FRP Lock မရှိသေးပါ။

ဒါပေမယ့်လည်း Root ဖောက်ထားတဲ့ ဖုန်းတစ်လုံး မဟုတ်တာကြောင့် သတိထားပြီး လုပ်စေချင်လို့
တကူးတက ရှာဖွေပြီး လက်တွေ့စမ်းသပ်ထားတာမို့ Knowledge တစ်ခုအနေဖြင့် လေ့လာကြည့်ပါ။

2016 Devices 6.0.1 (FRP LOck ပါသည့် ဖုန်းများအတွက်
=================================
၁။ ဖုန်းမှ Settings ဆိုတာကိုနှိပ်ပါ။
၂။ Developer options ဆိုတာကို တွေ့ပါလိမ့်မယ်။

၃။ အနီရောင်ဖြင့် ၀ိုင်းပြထားတဲ့ Applications ကိုနှိပ်ပါ။

၎။ Application manager ကိုထပ်နှိပ်လိုက်ပါ။

၅။ အနီရောင်ဖြင့်ဝိုင်းပြထားသည့် More ကိုနှိပ်ပါ။
၆။ Show system apps ကိုထပ်နှိပ်လိုက်ပါ။

၇။ Settings ကိုလိုက်ရှာပြီး တစ်ချက်နှိပ်လိုက်ပါ။

၈။ Storage ကိုထပ်နှိပ်ပေးလိုက်ပါ။

၉။ Clear Data ကိုထပ်နှိပ်ပါ။

၁၀။ အောက်ပုံအတိုင်း Delete ကိုနှိပ်ပါ။
၁၁။ Process ပြီးသွားရင် Settings ကိုဝင်လိုက်ပါ။
၁၂။ ပုံတွင် မြင်ရသည့်အတိုင်း Developer Options က
သင့်ဖုန်း System settings ထဲတွင်မရှိနေတော့ပါဘူး။

၁၃။ ပြန်ဖေါ်ချင်တယ်ဆိုရင်တော့ Settings>>About device >>နှိပ်သွားလိုက်ပြီး
Build number ကို ခုနှစ်ချက်လိုက်ပါ၊ You are a developer စသည်ဖြင့်ပေါ်လာခဲ့ရင်တော့
 ပုံမှန်အတိုင်း Settings တွင် Developer Options ပေါ်လာပါလိမ့်မယ်။
Android Devices (FRP Lock မပါသည့် ဖုန်းများအတွက်
=================================
၁။ ဖုန်းမှ Settings ဆိုတာကိုနှိပ်ပါ။

၂။ Developer options ဆိုတာကို တွေ့ပါလိမ့်မယ်။

၃။ Application manager ကိုထပ်နှိပ်လိုက်ပါ။

၅။ Application Manager မှ All သို့သွားပါ
 Settings ကိုလိုက်ရှာပြီး တစ်ချက်နှိပ်လိုက်ပါ။

၉။ Clear Data ကိုထပ်နှိပ်ပါ။

၁၀။ အောက်ပုံအတိုင်း OK ကိုနှိပ်ပါ။
၁၁။ Process ပြီးသွားရင် Settings ကိုဝင်လိုက်ပါ။
၁၂။ ပုံတွင် မြင်ရသည့်အတိုင်း Developer Options က
သင့်ဖုန်း System settings ထဲတွင်မရှိနေတော့ပါဘူး။
၁၃။ ပြန်ဖေါ်ချင်တယ်ဆိုရင်တော့ Settings>>About device >>နှိပ်သွားလိုက်ပြီး
Build number ကို ခုနှစ်ချက်လိုက်ပါ၊ You are a developer စသည်ဖြင့်
ပေါ်လာခဲ့ရင်တော့ ပုံမှန်အတိုင်း Settings တွင် Developer Options ပေါ်လာပါလိမ့်မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)