Showing posts with label နည်းပညာများ. Show all posts
Showing posts with label နည်းပညာများ. Show all posts

Saturday, January 9, 2016

မိုဘိုင်းဖုန်းတစ်လုံး ပါဝါနိုး ဖို့ အတွက် ဘယ်အိုင်စီတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ


မိုဘိုင်းဖုန်းတစ်လုံး ပါဝါနိုး ဖို့ အတွက် ဘယ်အိုင်စီတွေ
ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာကို မျှဝေပါရစေ။

ခုနောက်ပိုင်းဖုန်းတွေဟာ ကွန်ပြူတာငယ်တစ်လုံးလိုပဲ ဖွဲ့ စည်းထားကြတယ်။
ဖုန်း တစ်လုံးပါဝါနိုးဖို့ အတွက် DC ဗို့ ကို Battery ကနေ က Power IC ဆီက
ရယူပြီး Power IC ကမှ အခြား တခြားအိုင်စီတွေဆီကို ဗို့ ပေးသွင်းတယ်။

ဖုန်းတစ်လုံး ပါဝါနိုးဖို့အတွတ် လိုအပ်တဲ့ အဓိကIC တွေ တစ်လုံးချင်းကို
ဘာအလုပ်တွေလုပ်သလည်းဆိုတာကို အရင်ဆုံး ရှင်းပြပါ့မယ်။


(၁)EMMC (embedded Multi-Media Controller)

(၂)RAM (Radom Access Memory)

(၃)CPU (Central Processing Unit)
Application Processorလို့ လည်း

(၄)Power IC

EMMC IC ဆိုတာ မိမိရဲ့ ဒေတာတွေ သီချင်းတွေ ဓာတ်ပုံတွေ ဗီဒီယိုတွေ နဲ့
ဖုန်းရဲ့ OS Data တစ်ခုလုံးကို သိမ်းပေးထားတဲ့ IC ပါ Hard Disk တစ်လုံးနဲ့တူပါတယ် ။

 RAM ဆိုတာ Radom Access Memory ဒေတာတွေကို ကြာရှည်မထိန်းသိမ်းနိုင်ဘူး
ခဏတာ လက်ခံထိန်းသိမ်းတယ် ၁ စက္ကန့် ထက်နည်းငယ်သော အချိန်တိုအတွင်း EMMC ထဲက
 မည်သည့်နေရာက မည်သည့်ဖိုင်မဆိုကိုမဆို လျှင်မြန်စွာ ကူးယူအလုပ်လုပ်ပေးနိုင်တယ် ။

CPU ဆိုတာကတော့ Central Processing Unit သူကတော့
ဖုန်းတစ်ခုလုံးရဲ့စနစ်တိုင်းကို ညွန်ကြားပေးတဲ့ အဓိက IC ပါ။
Power IC ဆိုတာ PCB ဘုတ်ပြားပေါ်က ဗို့ လိုအပ်တဲ့နေရာတိုင်းကို
 လိုအပ်တဲ့ဗို့ တွေ အတိအကျ ပို့ ပေးတဲ့ IC ပါ။

ကျွန်တော်တို့ ရဲ့ ဖုန်းကိုပါဝါခလုပ်နိုပ်လိုက်တာနဲ့တပြိုင်နက် CPU,EMMC,RAM,Power IC တို့ က
တပြိုင်တည်း အလုပ်လုပ်ကြပါတယ် EMMC ထဲက Boot File ကို RAM က ကူးယူပြီး
LCD မှာ Logo ပေါ်ဖို့ အတွတ် CPU က ခိုင်းစေပါတယ်။

အဲ့မှာတင် Logo လေးတတ်လာပါပြီ ထိုမှတဆင့် User interface ကိုရောက်ဖို့ အတွတ်
 EMMC ထဲလိုအပ်တဲ့ OSဖိုင်တွေကို RAMပေါ်မှာကူးယူပြီး တဆင့်ချင်းတဆင့်ချင်း အလုပ်လုပ်ကြတယ်
CPU က LCD မှာ အလင်းတွေ ပုံတွေ အသံတွေ ပေါ်ဖို့  ခိုင်းစေတယ်။

RAM သာမရှိဘူး ဆိုရင် ဖုန်းတွေပါဝါပွင့်ဖို့ ကိုတော်တော်လေး စောင့်ယူရမယ် ထင်တယ် တစ်ခုခုခိုင်းရင်လည်းတော်တော်လေး စောင့်ရနိုင်တယ် ။ကျွန်တော်တို့  ဖုန်းနဲ့ သီချင်းတစ်ပုဒ် ဖွင့်တယ်ထားပါတော့ အဲ့သီချင်းရဲ့ ဖိုင်ဒေတာ က EMMC ထဲမှာ တကယ်တမ်းဖွင့်တဲ့အခါ RAM က ကူးယူပြီးဖွင့်ပေးတာပါ အဲ့ဒါကြောင့် ချက်ခြင်း နားထောင်ရတာပါ ။

ဖုန်းတွေ လေးလံ ကြတယ် ဟန်းကြတယ်ဆိုတာ RAM မကောင်းတဲ့အခါနဲ့  RAM နဲတဲ့အခါဖြစ်တတ်ပါတယ် ။ ပါဝါဖွင့်တဲ့အခါ User interface ကိုရောက်မှ Network ပိုင်းက စတင်အလုပ်လုပ်ကြတာတွေ့ ရမှာပါ လိုင်းကို searching စလုပ်တာပေါ့ အဲ့တော့ ဖုန်းတစ်လုံးပါဝါနိုးဖို့ အတွက် Network ပိုင်းကမလိုအပ်ပါဘူး။ LCD တွေ Touchတွေ စပီကာတွေ မတတ်ထားလည်းပဲ ဖုန်းတွေက ပါဝါနိုးကြပါတယ်။

 အမှားပါရင် ခွင့်လွှတ်ကြပါ ။


ရေးသားသူ – ဟယ်လိုသားကြီး (MMAS)

—————————————-
MMAS မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (မန္တလေးမြို့)
ဖုန်းနံပါတ် – ၀၉ ၉၁၀ ၃၃၁၃၄ ၊ ၀၉ ၇၉၇၂၄၈၄၈၈

MMAS မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ရန်ကုန်မြို့)
ဖုန်းနံပါတ် – ၀၉ ၂၅၉၂၆၉၂၈၉

www.myanmarmobileapp.com


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 
 

Friday, August 21, 2015

♪ Battery နှင့် Cell များအကြောင်း ♫

လူငယ်တို့အတွက် page မှ Battery နှင့် Cell များအကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်...


Batteries နှင့် Cells များသည် DC ဗို့အားကို ထောက်ပံ့ပေးသော လျှပ်စစ်ပစ္စည်းများဖြစ်ကြသည်။

Batteries နှင့် Cells များသည် DC ဗို့အားကို ထောက်ပံ့ပေးသော လျှပ်စစ်ပစ္စည်းများဖြစ်ကြသည်။


ဗို့အား၏ အဓိပါယ်မှာ Potential စွမ်းအားခြားနားခြင်းဖြစ်၇်ျ Batteries နှင့် Cells များကို လျှပ်စစ်စွမ်းအင် ထောက်ပံ့ပေးသော
ပင်ရင်းများဖြစ်ကြသည်။ထို့အပြင်ပါဝါသည်စွမ်းအင်အသုံးပြုသောနှုန်းဖြစ်သဖြင့် ၄င်းပစ္စည်းကိရိယာများကို Power Sources
ဟုလည်း ခေါ်ကြသည်။ လျှပ်ငုတ်နှင့်သင်္ကေတCell တစ်ခုသည် ဓာတုနည်းဖြင့်လျှပ်စစ်ဓာတ်ထုတ်ပေးသောပစ္စည်းကိရိယာ
ဖြစ်၇်ျ ကွဲပြားခြားနားသော သတ္တုများဖြင့်ပြုလုပ်ထားသော လျှပ်ငုတ် နှစ်ခုပါရှိပြီး လျှပ်လိုက်ရည်electrolyte ပါရှိသည်။ ဓာတုစွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးသော အရေအတွက် (Unit) တစ်ခုကို Cell ဟုခေါ်သည်။
 

လျှပ်ငုတ်များနှင့် လျှပ်လိုက်ရည်များ၏ ဓါတ်ပြုမှုကြောင့် လျှပ်စစ်ဗို့အားဖြစ်ပေါ်လာရသည်။ဘက်ထရီတစ်ခုတွင် Cell နှစ်ခု (သို့)
နှစ်ခုထက်ပိုသော Cell များကို အတူတကွ ဆက်သွယ်ထားပြီး ယူနစ်တစ်ခုတည်းဖြစ်ရန် ထုပ်ပိုးထားသည်။
လက်တွေ့မှာတော့ ဘက်ထရီတစ်ခုတွင် ဘက်ထရီတစ်ခုတွင်မူ နှစ်ခု (သို့) နှစ်ခုထက်ပိုသော Cell များပါဝင်သောကြောင့်
ဘက်ထရီတစ်လုံးသည် Cell တစ်ခုတည်း (သို့) Cell များ၏ အစုအပေါင်းကိုဆိုလိုပါသည်။


အီလက်ထရောနစ် လေ့လာလိုက်စားတော့မယ်ဆိုရင်အကြမ်းဖျင်း ရှိသင့်တဲ့ အရည်အချင်းတွေပါ

၁။အသက် ၁၅ နှစ်မှ ၄၅ နှစ် အတွင်း သာဖြစ်သင့်ပါတယ်။ပညာရှာအိုသည်မရှိလို့ဆိုသော်လည်း
မှတ်သားလေ့လာ ရန်အတွက် ခရီးရောက်ပေါက်မှုနည်းသွားတတ်ပါတယ်။မျက်စိနဲ့ ကိုယ်ကာယ စွမ်းအင်အသုံးချဖို့ရာ လူငယ်များနဲ့ယှဉ်ရင် အဖက်ဖက်က အားနည်းချက်တွေရှိနိုင်လို့ပါ။
၂။အတန်းပညာအရည်အချင်း အနိမ့်ဆုံး ၅ တန်းခန့်တော့ရှိသင့်ပါတယ်။ဒါမှမဟုတ် English စာ တီးမိခေါက်မိလောက်တော့ရှိရမှာပါ။
 

၃။အတွေးအခေါ် ပုံမှန်မရှိသူ စိတ်မမှန်သူများအနေနဲ့ မသင်သင့်ပါ။ကျတ်မှတ်တွက်ချက်မှု / မှတ်သားနိုင်မှု/တွေပါဝင်နေလို့ပါ။
 

၎။မျက်စိ နား နှာခေါင်း အထိအတွေ့ အာရုံခံစားမှုတွေမှာ ထက်ထက်မြက်မြက်ရှိသင့်ပါတယ်။ပြုပြင်တဲ့နေရာမှာ အက်ကွဲခြင်း ကြိုးပြတ်နေခြင်း လွတ်နေခြင်း ခဲဂဟေ လွတ်နေခြင်းကျိုးပဲ့နေခြင်းတွေကို စေ့စပ်သေချာစွာမြင်နိုင်စွမ်းသူဖြစ်သင့်ပါတယ်။အမြင်အာရုံမကောင်းရင် မလွယ်ပါ အခက်အခဲများစွာတွေ့နိုင်ပါတယ်။ပစစ္စည်းတွေကို ပူမှန်းအေးမှန်း စမ်းတဲ့နေရာမှာလိုအပ်ပါတယ်။
၅။နောက်ဆုံးကတော့ အတွေ့အကြုံ ဖြတ်ထိုးညဏ် ပညာ လေ့လာအားထုတ်မှု့ မှန်ကန်တဲ့ဆုံးဖြတ်မှု့တွေပါ။(မျက်စိ/နား/နှာခေါင်း/လျှာ/ကိုယ်/စိတ်)


ELECTRONICS ဖြစ်ပေါ်လာပုံ

Electronics နည်းပညာကို လေ့ လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ မြစ်ကျကျ သိရှိ Electronics (အီလက်ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာ အဘိဓာန်များ၌ ပရမာ အနုမြူနှင့် ဆိုင် သော ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။


Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွားလာခဲ့ သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရ ကို ပယင်းကျောက်တုံးဟု အဓိပ္ပာယ် ရလေ သည်။ စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ်ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတအနေ ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ်ပညာ၏ သမိုင်းကြောင်းဆိုင်ရာ သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်းကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။


လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာ ၀တ်ဆင်လေ့ရှိ သော ဂရိလူမျိုးများစွာတို့အနက် လက်အငြိမ်မနေသောတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။ ထိုသူ တွင် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။ ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို သူ၏ ပိုးသားဝတ်ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေတတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်အ၀ှမ်း အီလက်ထရွန်းနစ်နည်းပညာများ ဖွံဖြိုးတိုးတတ်လာခဲ့သည် ဆို လျှင် ယုံနိုင်ဖွယ်မရှိအောင် အံ့သြကြမည်မှာ မလွှဲပါ။


တစ်နေ့သော်ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်ဆက်မ ပြတ် ပွတ်တိုက်ရာမှ လက်ထဲမှာ ပူနွေးညောင်းညာလာသဖြင့် ၎င်းပယင်းကျောက်တုံးကလေးကို အနီးရှိ စားပွဲခုံတစ်ခုပေါ် တင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပေါ့ပါးသော စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ သော ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံးဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အဲ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။ ထိုသူသည်လွန်စွာ အံ့အားသင့်သွားသည်။


သို့သော် အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထိုသူ သည် ၎င်း၏ ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ် ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှ မရှိဘဲ သံနှင့်သံလိုက် မဟုတ်ပါပဲ အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစ နှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်နိုင်စွမ်းသူ တစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။
 

အမှန်စင်စစ် ထိုအချိန်က အရာဝတ္တုတစ်ခုကို အခြားအရာဝတ္တုတစ်ခုနှင့် ပွတ်တိုက်သည့်အခါ (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီ ခေါ်အပူကြောင့်ဖြစ်ပေါ်သော အပူ လျှပ်စီးကြောင်း၏ သဘောတရားကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ သို့သော ပယင်း ကျောက်တုံးကို အ၀တ်စတစ်ခုခုဖြင့် ပွတ်တိုက်ပေးလျှင် အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစနှင့် အခြားပေါပါးသော အရာဝတ္တုများ ပြေးဝင် ကပ်ညှိနိုင်သောသဘောကို အီလက်ထရွန် (သို့မဟုတ်) အီလက်ထရစ် ဟုခေါ်ဆို ကြလေသည်။ ၎င်း၏ အ ဓိပ္ပာယ်မှာ ပယင်းကျောက် ဟု၍ပင်ဖြစ်သည်။


အချိန်ကာလာ အတန်ကြာသိအထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသောအစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူလာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။


ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက် သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေသည်။ ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ် အပူကြောင့် အလို အလျှောက် စွမ်းအင်တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊ ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင် (သို့မဟုတ်) ( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုးထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။


ဤသို့ဖြင့် ၁၈၁၉ ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သော အခါအပူကြောင့် သံလိုက်ဓာတ်ကဲ့သို့ ဆွဲသင်ယူဆောင်နိုင်သော စက်ကွင်း (သို့မဟုတ်) လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာ သည်။ ထို့အပြင် ၎င်းလျှပ်စီးစွမ်းအင်တို့သည် ရွှေ၊ ငွေ၊ ကြေး၊ အလူမီနီယံ၊ သံ စသော သတ္တုများတွင် စီး ၀င်နိုင်သည်။ ၎င်းသတ္တုတို့တွင် အီလက်ထရွန်များ လွပ်လပ်စွာ တည်ရှိနိုင်မှုကြောင့် လျှပ်ကူးစွမ်းရည်ပို ကောင်းသည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေးတို့သည် အီလက်ထရွန်သက် ရောက်မှု နည်းပါးသဖြင့် လျှပ်ကူးမှုစွမ်းအင် နည်းပါးပြီး ရောက်ရှိလာသော လျှပ်စီးစွမ်းအားတို့ကို တားဆီး သောသဘောရှိသည်ဟု သိရှိလာသည့်အပြင် ထပ်မံစူးစမ်းလေ့လာသောအခါ ထိုသူသည် အောက်ဖော်ပြ ပါအချက်တို့ကို တွေ့ရှိနိုင်ခဲ့လေသည်။
 

အရာဝတ္တုတစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ အပူကြောင့် လျှပ်စီးစွမ်းအားကို ရရှိစေနိုင် သည်။
ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့သည် လျှပ်စစ်စွမ်းအင်ကို လက်ခံဖြတ်သန်းစီးဆင်းစေ နိုင်သည်။
လျှပ်စစ်စွမ်းအင်များသည် ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့ကို ဖြတ်သန်းစီးဆင်းသော အခါ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်ကွင်းများ ဖြစ်ပေါ်နေသည်။
၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ များကို ကြိုးခွေတစ်ခုသဖွယ် ခွေ၍ထားပါက လျှပ်စစ်သံလိုက်စက် ကွင်းအင်အားများပို၍ ဖြစ်ပေါ်စေသည်။
 

၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ ကြိုးခွေအတွင်း လျှပ်စစ်စွမ်းအား ဖြတ်သန်းနေစဉ် ၎င်းကြိုးခွေ အ တွင်း၌ သံချောင်းတစ်ခုကို ထားပါက ၎င်းသံချောင်းသည် သံလိုက်ဖြစ်နေပြီး လျှပ်စစ်စွမ်း အား ရပ်ဆိုင်းသွားသည့်အခါ ၎င်းသံလိုက်ချောင်းသည် သံလိုက်ဓာတ် ကွယ်ပျောက်သွား သည်။
မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေး တို့သည် အီလက်ထရွန်ကူးသန်းမှု ကို တားဆီးခုခံနိုင်သည်။ ထိုသို့ တားဆီးခုခံမှု (Resistance) အနည်းအများသည် အရာဝတ္တု တစ်ခု၏ လျှပ်စီးတားဆီးနိုင်မှု ပမာဏအပေါ်မှုတည်၍ တိုင်းတာသိရှိနိုင်သည်။ ထိုခုခံတားဆီးမှု ပမာဏကို (OHM) ဖြင့် တိုင်းတာသတ်မှတ်နိုင်သည်။


(Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အထက်ပါ (၆) မျိုးသော အကြောင်းအ ရာ တို့ကို သာရှာဖွေနိုင်ခဲ့သောလည်း ထိုသူ၏ အကျိုးကျေးဇူးဖြင့် ထရန်စဖော်မာ ၏ အခြေခံဖြစ်သော ကွိုင်၏ သဘောတရာနှင့် လျှပ်စီးခုခံမှု ပမာဏကို တိုင်းတာနိုင်သော ( OHM Law) အုမ်းလော ခေါ် လျှပ်စစ်ခုခံမှုတိုင်း တာသော ဥပဒေများ၏ အခြေခံသဘောတရား များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် မရှိမဖြစ် အဓိက အ သုံးပြုသော (Resistor) ရီစစ္စတာ ခေါ် အီလက်ထရွန်းနစ် လျှပ်ခံပစ္စည်းပေါ်ပေါက်ရခြင်း၏ အကျိုးကျေးဇူး များ ကို ရရှိခဲ့ရပေသည်။


ဤသို့ဖြင့် ၁၆၃၁ ခုနှစ် သို့ ရောက်သောအခါ မိုက်ကယ်ဖာရာဒေး ( MICHAL FARADAY) ဆိုသူ သည် အထက်ဖော်ပြပါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ်၊ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် တို့၏ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်၍ အဓိကအကျဆုံး လျှပ်စစ်စွမ်း အားထုတ်ယူသုံးစွဲနည်း ပညာများကို တိုက်ရိုက်တီထွင်နိုင်ခဲ့သည်။


ယခင်ပုဂ္ဂိုလ်များသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့် အပူကြောင်း လျှပ်စစ်စွမ်းအင် ရရှိနိုင်သည်ဟု၎င်း၊ ၎င်းလျှပ်စစ်စွမ်းအင်စီးဆင်းရာ ၀န်းကျင်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး သံ ချောင်းကို ပင် သံလိုက်ချောင်းဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော် မိုက်ကယ်ဖာရာဒေး ကမူ ၎င်းတို့ ရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော သံလိုက်မှ လျှပ်စစ်စွမ်းအားကို ထုတ်ယူ ပေးနိုင်ခဲ့လေသည်။


မိုက်ကယ်ဖာရာဒေးသည် ကြေးနီဝါယာနန်းကြိုးခွေတစ်ခုအတွင်း၌ သံလိုက်တုံးကို မရပ်အနားလှုပ် ရှားစေခြင်းကြောင့် ကြေးနီဝိုင်ယာကြိုးအတွင်း လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေသည်ကို စမ်းသပ်လေ့လာ တွေ့ရှိခဲ့လေသည်။


မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ်စီးအားတစ်ခုသည် ကွိုင်တစ်ခုအတွင်း ဖြတ်သန်းစီးဝင်နေပါက ၎င်း ကွိုင်၏ ပတ်ဝန်ကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်းများ ဖြစ်ပေါ်နေပြီး၊ ၎င်းအနီးတွင် မည်သည့် အဆက်အသွယ်မျှ မရှိဘဲ အခြားကွိုင်တစ်ခုကို ထားရှိပါကလည်း ထိုကွိုင်အတွင်းသို့ လျှပ်စစ်လှိုင်းများ အလိုလျောက် ကူးပြောင်းရောက်ရှိနိုင်ကြောင်းကို ရှာဖွေသိရှိခဲ့လေသည်။


ဤသို့အားဖြင့် မိုက်ကယ်ဖာရာဒေး၏ ကျေးဇူးဖြင့် (၁၈၃၀) ခုနှစ်၊ နှောင်းပိုင်းကာလ သို့မဟုတ် (၁၉) ရာစုနှစ်တွင် လျှပ်စစ်နှင့် ပက်သက်သော အကျိုးတရားများ ဖြစ်ထွန်းခဲ့လေသည်။ မိုက်ကယ်ဖာရာဒေး၏ လေ့လာ စူးစမ်းမှုအပေါ် အခြေပြု၍ (၁၈၃၁) နှစ်နောက်ပိုင်း ကာလတွင် အီလက်ထရွန်(ခေါ်) ပယင်း ကျောက်တုံးကလေးမှ စတင်ခဲ့သော လျှပ်စစ်စွမ်းအင်နှင့် သက်ဆိုင်သော အသိပညာများ၊ လူသား အကျိုးပြု လျှပ်စစ်ကိရိယာများစွာ တိုးတက်ဖွံဖြိုးလာပေသည်။ လျှပ်စစ်ဆိုင်ရာ အတတ်ပညာနှင့် သက်ဆိုင်နှီးနှောသော အတတ်ပညာပိုင်းဆိုင်ရာ အခေါ်အဝေါ်များကို စတင်ဖြစ်ပေါ်ခဲ့ရာ အခြေအမြစ်ဖြစ် သော ပယင်းကျောက်တုံးကိ အစွဲပြု၍ ယနေ့ချိန်ထိ အီလက်ထရွန်၊ အီလက်ထရစ်၊ အီလက်ထရွန်းနစ် စသည်အားဖြင့် ခေါ်ဝေါ် သုံးစွဲကြလေတော့သည်။


အထက်ဖော်ပြပါ အကြောင်းအရာတို့သည် အီလက်ထရွန်းနစ် (Electronics) ဟူဟော ဝေါဟာရ မည်သို့ ဖြစ်ပေါ်လာ သည်ကို ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့သည်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ ။


Ref: လူငယ်တို့အတွက်

Wednesday, July 8, 2015

Androidဖုန်းတွေနဲ့ပတ်သက်လို့ အများကြီးမသိပေမဲ့ သိသလောက်တော့ရေးပါ့ရစေဗျာ




Androidဖုန်းတွေနဲ့ပတ်သက်လို့ အများကြီးမသိပေမဲ့ သိသလောက်တော့ရေးပါ့ရစေဗျာ

~ရှင်းလင်းရေးတွေနဲ့ပတ်သက်လို့ Clean Masterနဲ့Dx Tool Boxတို့ကိုဆောင်ထားစေချင်ပါတယ် အခုနောက်ဆုံးversionတွေဆိုရင် လုပ်ဆောင်ချက်တွေပိုမိုကောင်းမွန်လာပါတယ် memory cardကိုရှင်းလင်းရေးလုပ်ရာမှာClean Masterက ထူးခြားကောင်းမွန်မှုရှိသလို ဖုန်းကိုရှင်းလင်းရေးပြုလုပ်ရာမှာ Dx Tool Boxက အရမ်းကောင်းပါတယ်။
ရှင်းလင်းရေးဆော့ဝဲတွေ အများကြီ:ထည့်သွင်းထားရင်လည်း စက်ဟာမလိုအပ်ဘဲ လေးလာတတ်ပါတယ်။

~Virusနဲ့ပတ်သက်လို့ကတော့Dr,wed anti virusက အသင့်တော်ဆုံးပါ။

~rootဖောက်ထားတဲ့ဖုန်းတွေမှာ super userနဲ့super suတို့ကို လုံးဝဖျက်မပစ်သင့်ကြောင်းပါ။
အကြောင်းကတော့ rootဆိုတာ ပထမဆုံးမူလထုတ်လုပ်သူရဲ့ ပိုင်ဆိုင်သော Androidစနစ်ပါ။ ဥပမာ Huaweiဆိုရင် ဖုန်းရဲ့Android systemကို Huaweiရဲ့တည်ဆောက်ထားတဲ့စနစ်ကပိုင်တာပါ။အဲဒီပိုင်ဆိုင်မှုကိုချိုးဖောက်ပြီး မိမိစိတ်တိုင်းကျနီးပါးအသုံးပြုလို့ရအောင် ချိုးဖျက်ခြင်းrootဖောက်ခြင်းလို့ ကျွန်တော်နားလည်ပါတယ်။အကယ်၍ rootမဖောက်ဘဲ တချို့Applicationတွေထည့်သွင်းအသုံးပြုလို့ လုံးဝမရပါဘူး။
ဒီနေရာမှာ ထူးခြားတာက Apkတစ်ခုကို မိမိဆုံးဖြတ်ချက်နဲ့ ထပ်မံinstallပြုလုပ်နိုင်ရအောင် super userကနေroot permissiomတောင်းရပါတယ်။အဲဒီမျိုးဆော့ဝဲတွေတွေ့ဖူးပါလိမ့်မယ်။ ဒါဟာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်လို့ဆိုနိုင်ပေမဲ့ super userနဲ့super suတို့ကနေ android systemနဲ့ ထိန်းညှိုပေးပါတယ်။

~နောက်တစ်ခုက Android assitentလို ဆော့ဝဲမျိုးလည်း ထည့်ထားသင့်ပါတယ်။
Internal memoryနဲတဲ့ဖုန်းတွေမှာ Apkတွေကို memory cardထဲ့သို့ ရွေ့ဖို့ရာ ခွင့်ပြုသောApkများကို မဖြစ်မနေရွေ့ရပါတယ် ဒါမှ ဖုန်းmemoryဟာ နေရာကျယ်ဝန်းလာပီး လုပ်ဆောင်မှုများ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။
stroage~Defalt stroageမှာ SD cardကိုတော့ ချိန်းထားပေးပါနော်။

အဲဒီလိုချိန်းပီးလို့ Apkတွေကို SD cardထဲရွေ့ဖို့ရာဆော့ဝဲမရှိဘူးဆိုရင်တောင် setting~Application or Mange Applicationကိုနိုပ် ဆော့ဝဲတစ်ခုခြင်းကိုနိုပ်ပီး Move to SD Cardလို့ပေါ်ရင် နှိပ်ပ်သာနှိပ်ပါလုံးဝမမှားပါဘူး။ Move to phoneဆိုရင်တော့ မနိုပ်ပါနဲ့တော့
*Move to SD cardဆိုရင် ပုံသေတာမှတ်ထားပေးပါ၊ နှိပ်သာနှိပ်ပါ။
တချို့ဖုန်းတွေမှာတော့ Move to internal stroageလို့ ပါသလို့ Move to phone stroageလို့ 
 
ပါပါတယ်။စဉ်းစားကြည့်ရင် ပေါ်လာပါလိမ့်မယ်။

*အထူးသတိပေးလိုတာက Link 2Dဆိုတဲ့ အပြာရောင် မမ်မိုရီကတ်ပုံစံ ဆော့ဝဲလေးပါ အဲဒီဆော့ဝဲကတော့ သိပ်ကိုကြမ်းတမ်းပါတယ် ဘယ်Applicationမဆို SD cardထဲကို ရွေ့လို့ရပါတယ်။ အန္တရာယ်သိပ်ကြီးပါတယ် ကျွန်တော်ကိုယ်တိုင်သုံးကြည့်ထားသလို အခြား စက်တွေလည်း ဒုက္ခရောက်ခဲ့ရပါတယ်။ အဲဒီဆော့ဝဲကို လုံးဝမသုံးစေချင်ပါဘူး။

သိပီးရင်လည်း ခွင့်လွတ်ပါ

ကျေးဇူးတင်ပါသည်။

Honest Mind.

Saturday, June 13, 2015

♪ Android Developer Options ဆိုတာဘာလဲ။ အဲဒါနဲ့ ဘာတွေသုံးလို့ရသလဲ? ♫


Enable-Developer-Options-on-Android-4.2

Android စမတ်ဖုန်းနဲ့ တက်ဘလက်တိုင်းမှာ လျှို့ဝှက်ထားတဲ့ ရွေးစရာ options အစုအဝေးတစ်ခုပါရှိပါတယ်။ အဲဒါကတော့ Android Developer Options ပါပဲ။ အမည်ကညွှန်းဆိုတဲ့အတိုင်း ဒါတွေက အဓိကအားဖြင့် developer တွေအတွက် ရည်ရွယ်ပါတယ်။ Android ကိရိယာတွေအတွက် ရေးထားတဲ့ software နဲ့ App တွေ စမ်းသပ်ဖို့ အပိုထပ်ဆောင်း လုပ်ဆောင်ချက်တွေ လိုအပ်နေသူတွေပဲ ဖြစ်ပါတယ်။ App တွေရဲ့ ဖိအားဒဏ်ကို ပုံစံတူပြုလုပ်ပေးမယ့် ရွေး စရာတွေများစွာပါမယ်။ Debugging options ကိုလည်း ဖွင့်ပေးနိုင်ပါတယ်။ အဲဒီကိစ္စတွေထဲမှာ USB ကနေ ကွန်ပျူတာနဲ့ဆက်သွယ်ပြီး debugging လုပ်နိုင်စွမ်းကို ခွင့်ပြုဖို့၊ သင့်ရဲ့ Android ကိရိယာပေါ်က bug report တွေဖမ်းယူဖို့ သင့် software ရဲ့ ရိုက်ခတ်မှုကို တိုင်းတာနိုင်အောင် CPU အသုံးပြုမှုကို screen အပေါ် ပြပေးဖို့တွေ ပါဝင်တယ်။ တကယ်တမ်းမှာ ဒီ option အစုအဝေးထဲ လုပ်ပေးနိုင် တာတွေက အများကြီးပါပဲ။ ဒါပေမယ့် ပထမဆုံး Android Developer Options ကို ရယူသုံးစွဲနိုင်ဖို့ လိုအပ်ပါတယ်။

Android Developer Options ကို Android ကိရိယာတွေ အားလုံးမှာ ရနိုင်ပေမယ့် OEM တွေက အဲဒါကိုရယူသုံးစွဲနိုင်မယ့်နည်း ကို အနည်းငယ်ကွဲပြားအောင်လုပ်ပေးထားတယ်။ သူတို့ကို မတော် တဆရယူသုံးစွဲခွင့် ရသွားဖို့မဖြစ်နိုင်အောင် လုပ်ထားတာဖြစ်ပါတယ်။ အဲဒီအတွက်အကြောင်းရင်းကောင်းလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ဒီ options ကကြီးမားတဲ့ စွမ်းပကားတွေပေးကမ်းထားတယ်။ လူအများစုကောင်းကောင်း အသုံးမချနိုင်တဲ့ အစွမ်းတွေဖြစ်နေလို့ပါ ပဲ။ ဒါပေမယ့်အခု ဖော်ပြထားတဲ့နည်းက ဖုန်းအတော်များများအတွက် အလုပ်ဖြစ်ပါတယ်။

Settings>>System>> About device အထဲကိုသွားပါ။ အဲဒီ အထဲမှာ Build Number ဆိုတဲ့ အပိုင်းအကန့်ကိုရှာပါ။ အခု အဲဒီ အကွက်အပေါ်မှာ ခပ်သွက်သွက်ငါးကြိမ်ခေါက်ပါ။ “You are now a developer” ဆိုတဲ့ message ကိုမြင်ရရင် Android Developer Options ကို ဖွင့်ပြီးသွားပြီဖြစ်ပါတယ်။ အချို့ OEM တွေက ငါးကြိမ်အစား ခုနှစ်ကြိမ်ခေါက်မှ ဖွင့်ပေးအောင်လုပ်ပေးထားတတ် ပါတယ်။ ပွင့်သွားတဲ့ Developer Options settings pane ရဲ့ အောက်ဆုံး About phone ရဲ့အထက်မှာ ရှိတတ်ပါတယ်။ အဲဒီအထဲ က စိတ်ဝင်စားစရာအချို့ကို ထုတ်နုတ်ဖော်ပြပေးလိုပါတယ်။

Screenshot_2015-06-04-13-23-14

Process Stats
Process tats လို့ခေါ်တဲ့ စနစ်ဝန်ဆောင်မှုကို Android 4.4 KitKat မှာ မိတ်ဆက်ပေးခဲ့တယ်။ ဒါက app တွေက RAM resources တွေကို ဘယ်လိုအသုံးပြုတယ်ဆိုတာကို နားလည်အောင် ခွင့်ပြုထားပါတယ်။ Background မှာ အချိန်ဘယ်လောက်ကြာကြာ run ထားသလဲ။ အဲဒီကာလအတွင်း အဲဒီကိစ္စတွေထဲမှာ ဘယ်လောက်များများ သုံးစွဲတယ်ဆိုတာတွေ ပြသပေးပါတယ်။ ပုံသေအားဖြင့် ၃ နာရီကြာ ကာလအတွင်း သမိုင်းကိုပြထားပြီး ၁ ရက်အထိ menu ကရွေးပြီး ကြည့်လို့ရပါတယ်။

အခြေအနေကောင်းရင် ဘားတန်းတစ်ခုလုံး အစိမ်းရောင်လွှမ်း မိုးထားပြီး device memory နည်းတဲ့အခါ အ၀ါရောင်၊ အနီရောင်တွေ များလာမှာဖြစ်ပါတယ်။ စာရင်းချပြထားတဲ့ app တွေရဲ့ဘေးက ရာခိုင်နှုန်းနဲ့ပြထားတဲ့ ကိန်းဂဏန်းက စုစုပေါင်းကာလတာအတွင်း process တစ်ခုစီသုံးစွဲခဲ့တဲ့အချိန်ပမာဏကို ပြထားပါတယ်။ အပြာရောင် ဘားတန်းက process တစ်ခုစီရဲ့ နှိုင်းရ computed memory load ကိုညွှန်ပြတယ်။ အချို့ app တွေကို အကြိမ်ပေါင်းများစွာ ဖော်ပြထား နိုင်တယ်။ Process အနေနဲ့ ခွဲခြားဖော်ပြထားလို့ဖြစ်ပါတယ်။ ဥပမာ Google Play Service က process နှစ်ခုအနေနဲ့ run ပါတယ်။ Process အနည်းငယ်ကတော့ အချိန် ၁၀၀ ရာခိုင်နှုန်း run နေပြီး ထိပ်ဆုံးမှာရှိနေတာတွေ့ရမယ်။ ဒါပေမယ့် နှိုင်းရ memory သုံးစွဲမှု အရ မတူတဲ့ အလေးစတွေရှိနေပါတယ်။ app တစ်ခုချင်းစီအပေါ် နှိပ်ပြီး အသေးစိတ်အချက်တွေကြည့် နိုင်ပါသေးတယ်။

Screenshot_2015-06-04-13-23-39

Limit background processes
Android Developer Options အတွက် အခြားအရေးပါတဲ့ သုံးစရာနည်းလမ်းက Limit background process ပါပဲ။ ပြည်တွင်း မှာ ဖြစ်တတ်တာက အင်တာနက်လိုင်းနှေးတဲ့အခါ စက်က hang သွားတတ်တယ်။ တစ်ခါတလေ အွန်လိုင်းနဲ့ ဆက်သွယ်နိုင်တဲ့ app တွေက အင်တာနက်ဆက်သွယ်မှုကို background မှာ ရယူပြီး သုံး စွဲနေလို့လည်းဖြစ်နိုင်တယ်။ စိတ်ဝင်စားလို့လားမသိပါ။ ကိုယ်တိုင်စမ်း သပ်ကြည့်ချက်အရတော့ background process ကို no background process မှာ ထားကြည့်တာအရမ်းကို သွက်လာသလိုခံစား ရပါတယ်။

အဲဒီလိုလုပ်ဖို့ Developer Options ထဲက Limit background process ကိုသွားပြီး Standard Limit ကနေ ၁ ခု၊ ၂ ခု၊ ၃ခု၊ ၄ ခု အများဆုံးနဲ့ background လုံးဝမထားတာအထိ ရွေးယူနိုင်ပါတယ်။ သိပ်ပြီးမလွန်ကဲချင်ရင် 4 process at most လောက်ထားပြီး စမ်းကြည့်နိုင်ပါတယ်။ ဒီလိုချိန်ညှိခြင်းအားဖြင့် background resources တွေထားရှိ လည်ပတ်စေတာနဲ့ ကိရိယာ ရဲ့ အမြန်နှုန်းအကြား မှန်ကန်တဲ့မျှခြေကို ထိန်းသိမ်းထားနိုင်ပါတယ်။

♪ Android Phone အတွက် microSD Card ရွေးချယ်ဝယ်ယူနည်း ♫

2

Android Phone တစ်လုံးဝယ်ယူပြီ ဆိုရင် microSD Card ကိုပါ တစ်ခါတည်း ၀ယ်ယူလေ့ရှိကြပါတယ်။ ဒါပေမယ့် microSD Card ၀ယ်ယူတဲ့အခါမှာ လူအများစုက ၀င်ဆန့်တဲ့ ပမာဏကိုသာ ကြည့်ရှုလေ့ရှိကြပါတယ်။ microSD Card ဟာ သူ့ရဲ့ Class, Speed ပေါ်မူတည်ပြီး သင့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒီအတွက် microSD Card ရွေးချယ်တဲ့အခါမှာ သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားပေးလိုက်ပါတယ်။

microSD Card တစ်ခုကို အမေဇုန်မှာ ကြည့်ရှုတဲ့အခါမှာ သတင်းအချက်အလက်အပြည့်အစုံကို ပြသပေးထားပါတယ်။ အောက်ပါပုံမှာတော့ microSD Card ရဲ့ အသေးစိတ်အချက်အလက်နဲ့ သူတို့ရဲ့ အဓိပ္ပါယ်ကို ပူးတွဲဖော်ပြထားပါတယ်။ microSD Card ပေါ်မှာလည်း အသေးစိတ်အချက်အလက်တွေကို တွေ့နိုင်ပါတယ်။

1

ပိုကောင်းတဲ့ microSD Card ဟာ ဖုန်းကို လျှင်မြန်စေပါသလား ?
ဒီလိုမေးရင်တော့ အတိုချုပ်အနေနဲ့ ဟုတ်တယ်လို့ ဖြေရမှာပါ။
Apps နဲ့ ဓါတ်ပုံတွေကို microSD Card မှာ သိမ်းဆည်းတဲ့ အခါမှာ ပိုမိုလျှင်မြန်တဲ့ microSD Card ဟာ ဓါတ်ပုံတွေ သိမ်းဆည်းရာမှာ ပိုမိုလျှင်မြန်ပြီး Device တွေကြားမှာ ဒေတာကူးပြောင်းရာမှာလည်း ပိုမိုမြန်ဆန်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်မြင့်တဲ့ microSD Card ဟာ သူ့မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်ရာမှာလည်း လျှင်မြန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ခုမှတ်ထားရမှာက microSD Card မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်ရင် Internal မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်တာထက် အနည်းငယ် ပိုမိုကြာနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ microSD Card နဲ့ သင့်ရဲ့ ဖုန်းတို့ ချိတ်ဆက်အလုပ်လုပ်ဖို့ အလုပ်တစ်ခုပိုလုပ်ရလို့ ဖြစ်ပါတယ်။

SDHC နဲ့ SDXC တို့ရဲ့ ကွဲပြားချက်
microSD Card ၀ယ်တဲ့အခါမှာ SDHC သို့မဟုတ် SDXC ကိုရွေးချယ်ရမှာပါ။ ကွဲပြားချက်က သိမ်းဆည်းနိုင်တဲ့ ဒေတာပမာဏ ဖြစ်ပါတယ်။ SDHC ( Secure Digital High Capacity ) ဟာ 32GB အထိ သိမ်းနိုင်ပြီး SDXC ( Secure Digital Extended Capacity ) ဟာ 64GB နဲ့ အထက် သိမ်းနိုင်ပါတယ်။

စွမ်းဆောင်ရည်နိမ့်ဖုန်းများမှာ SDXC microSD Card တွေကို ထောက်ပံ့ခြင်းမရှိပါဘူး။ အဲဒီအတွက် microSD Card မ၀ယ်ခင်မှာ သင့်ဖုန်းရဲ့ Specification ကို သေချာစွာ လေ့လာပါ။ SDXC Cards အများစုဟာ 128GB အထိ ၀င်ဆန့်ပေမယ့် Sandisk က ကမ္ဘာ့ ပထမဆုံး 200GB ၀င်ဆန့်တဲ့ microSD SDXC Card ကို မကြာမီက ပြသခဲ့ပါတယ်။

2

Class ဆိုတာဘာလဲ?
ဒီတစ်ခုက အရေးကြီးပါတယ်။ microSD Card တွေမှာ ကွဲပြားတဲ့ Class တွေ ပါရှိပါတယ်။ Class 2,4,6,10 တို့ ဖြစ်ပါတယ်။ Class တွေဟာ ဒေတာကူးပြောင်းတဲ့ အနိမ့်ဆုံးနှုန်းတွေ ဖြစ်ပါတယ်။ Class 2 ရဲ့ Read/ Write Speed ဟာ တစ်စက္ကန့်လျှင် 2MB ဖြစ်ပြီး Class 10 ကတော့ 10MB ဖြစ်ပါတယ်။
Class ဟာ အနိမ့်ဆုံး Write Speed နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့် ကတ်တွေဟာ ပိုလို့တောင် မြန်ပါသေးတယ်။ SanDisk Extreme Pro ဆိုရင် တစ်စက္ကန့်လျှင် 95MB/s အထိ လျှင်မြန်ပါတယ်။

3

UHS ဆိုတာဘာလဲ?
၂၀၀၉ ခုနှစ် ကတည်းက microSD Card အချို့ဟာ UHS-1 or UHS-3 Compatible ဖြစ်ကြပါတယ်။ သီအိုရီအရ UHS Card တွေဟာ အမြင့်ဆုံးအနေနဲ့ ဒေတာကူးပြောင်းနှုန်း 312MB/s အထိ ရှိကြပါတယ်။ အနိမ့်ဆုံးနှုန်းတွေကိုတော့ အောက်ပါ ပုံမှာ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ စမတ်ဖုန်းတွေဟာ UHS စံနှုန်းကို ထောက်ပံ့ပေးခြင်းမရှိတော့ပါဘူး။ အဲဒီအတွက် UHS ကွဲပြားမှုဟာ သင့် microSD Card လျှင်မြန်မှုကို အနည်းငယ်သာ အကျိုးသက်ရောက်စေပါတယ်။

4

နိဂုံး
စာဖတ်သူ တွေ့ရှိတဲ့ အတိုင်းပဲ microSD Card တစ်ခု ၀ယ်ယူရင် ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအရာတွေများစွာ ရှိပါတယ်။ အပေါ်မှာ ဖော်ပြပေးထားတဲ့ နည်းလမ်းတွေက စာဖတ်သူအတွက် microSD Card ၀ယ်ယူရာမှာ အထောက်အကေူပြုမှာ ဖြစ်ပါတယ်။ နောက်ပြီး SanDisk, Samsung, Kingston တို့လို နာမည်ကြီး ထုတ်လုပ်သူတွေရဲ့ ကတ်တွေဟာ အခြား ထုတ်လုပ်သူတွေထက် ဈေးပိုများပေမယ့် အရည်အသွေးမြင့်မားတဲ့အတွက် ဦးစာပေး ရွေးချယ်သင့်ပါတယ်။

ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ? ? ?


ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။လူများစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီး အိပ်လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်းလျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက် ထိုးထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။
ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက်ကြည့်ပါ။ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန်ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿနာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿနာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။ ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။
ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။
Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထားတဲ့ လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။
ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံးဝ ကုန်သွားရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုးလိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူအတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အလုပ်သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။
ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ထိ တစ်လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်း ညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလို သုညကနေ တစ်ရာထိ ကို ဘယ်နှခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်းက သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။ အဲဒီလို သုည ကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာ လေပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။
ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။ စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။ နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကိုလည်း ထိန်းကြတယ်။ ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။
ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းတုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။ အရည်အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။ အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ်ထိုးထားကြည့် လိုက်ပါ။ ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။ ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အသုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။
-ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။
-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။
- ဘက်ထရီ လုံးဝ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။
World Myanmar ကနေ မျှဝေပါသည်။

Monday, May 25, 2015

iPhone, iPad Reset Settings များအကြောင်း




ယခုတစ်လော ကျွန်တော့်ထံ အများဆုံးရောက်လာသော စာတွေထဲမှာ "Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာတွေ ပါဝင်လာပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်...

ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်...

iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...

  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်...

Reset All Settings

သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။

သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်)


Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။

ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။


Erase All Content and Settings

ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။

ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်)

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။


ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။

အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။


Reset Network Settings

ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings


ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။


Reset Keyboard Dictionary

စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။

နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm


ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။


Reset Home Screen Layout

ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm


ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။


Reset Location & Privacy

ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings


ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်...

အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ...

         
         အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

                           ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင်


                                            အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

                                            မိုးသိကြား





ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Friday, May 15, 2015

Samsung Android ဖုန်းများအတွက် Pattern or Pin Lock ဖြုတ်နည်း





Samsung Android ဖန်းကို Wifiမလို Gmail လည်းထည့်စရာမလိုပဲ

Pattern or Pin Lock ဖြုတ်လို့ ရတဲ့နည်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်...

Pattern or Pin Lock ကိုဖြုတ်ဖို့ အတွက်အဆင့်သုံးဆင့်လိုပါတယ်။

(၁) Lock ကျနေသောဖုန်းကိုအရင်ဆုံးဓာတ်ခဲကိုချွတ်ရပါမယ်...

(၂)ဖြုတ်ထားသောဓာတ်ခဲကိုပြန်တပ်ပြီး Power,Volume key နှင့်အလည်မှနှိပ်စေ့လေးကိုပြိုင်

တူဖိထားလိုက်ပါ...ခဏအကြာတွင် Screen ပေါ်တွင် English စာကြောင်းများပေါ်လာလိမ့်မည်

အဲ့စာကြောင်းများထဲမှReset all ကိုနှိပ်လိုက်ပါ..ခဏတွင်ဖုန်း ပိတ်သွားပါလိမ့်မယ်..ပြန်ပွင့်

လာလို့ ရှိရင် Lock အားလုံး ပြုတ်သွားပါပြီ..နဂိုတိုင်းသုံးလို့ လိုရသွားပါလိမ့်မယ်..

(၃)မြန်မာဖောင့်နှင့်အခြား Apk များကိုတော့ပြန်ထည့်ပေးရန်လိုပါသည်...

အထူးလေးစားလျှက်

လမင်းမြတ်(TCK)

JAVA Phone များတွင်Gameများကိုထဲ့သွင်းနည်း


သိပြီးသားလူတွေအတွက်ကမခက်ခဲဘူးဆိုပေမဲ့မသိသေးတဲ့လူတွေအတွက်ကတော့အသစ်ပေါ့ဗျာ။

တင်ပေးမှာကတော့… Java Game Install လုပ်နည်းနဲ. လိုအပ်တဲ့ဟာလေးတွေပါဗျာ…. Java Game ကို Installလုပ်တာကိုတော့ တော်တော်များများကတော့သိပြီး ကြမှာပါ လိုအပ်တဲ့သူတွေ အတွက်ပေါ့ဗျာ……. အရင်ဆုံး လိုအပ်တာကတော့ Jad Make ဗျ ဒေါင်းထားတဲ့ Jar file ကို Jad ဖိုင်ပြောင်းမှ Install လုပ်လို.ရတာဗျ….ဆွဲလို.ရလာတဲ့ Jqad maker ဆိုတဲ့ ဖိုင်ကိုဖြည်လိုက်ရင် အမဲရောင်စာလုံးနဲ. JAD MAKER ဆိုတာလေးကိုဖွင့်လိုက် ပြီးရင် ဒေါင်းထားတဲ့ Game Jar File ကို ဆွဲထည့် လိုက် ပြီးရင် Game File မှာ JAD ဖိုင်ပြီး တစ်ဖိုင်တိုးလာမယ်…..အဲ့ဒါကို

ဖုန်းထဲထည့်ပြီး Install လုပ်ရင် ဆော့လို.ရပါပြီ။လိုအပ်တဲ့ဖိုင်များကိုအောက်မှာဒေါင်းလော့ရယူနိုင်ပါသည်။

=================================

=================================

အပေါ်ကပေးထားတဲ့Game ဖိုင်တွေအပြင် နောက်ထပ်လိုခြင်တဲ့သူများက အောက်ကလင့်ခ်မှာထပ်ပြီးတော့ဒေါင်းနိုင်ပါသေးတယ်ခင်ဗျ။

JAVA GAME DOWNLOAD LINK

Tuesday, May 12, 2015

SIM Card ရဲ့PIN / PUK Lock အကြောင်းနဲ့ Lock ကျရင်ဖြေရှင်းနည်း


SIM Card ရဲ့PIN / PUK Lock အကြောင်းနဲ့ Lock ကျရင်ဖြေရှင်းနည်း
=================================================

မသိသေးတဲ့သူတွေအတွက်ပါခင်ဗျာ။

SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုပြောပြချင်ပါတယ်
Beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ရတာပါ....
SIM Card တွေမှာ....
PIN lock နဲ့ PUK lock ဆိုပြီး Sim lockစနစ် (2)နှစ်မျိုးရှိပါတယ်...
ကျွန်တော်တို့ နိုင်ငံမှာ ၁၅သိန်းတန်။ ၅သိန်းတန် ။ ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ.... PIN lock - 12345 လို့သာမှတ်ထားလိုက်ပါ...
တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို Cardချိုးပြီးတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim

Card ချိုးထားပြီးတဲ့ Cardအခွံဟာသိမ်းထားရပါမယ်..ဒါဟာတကယ်ကိုအရေးကြီးပါတယ်....ဒီCard အခွံမှာ PUK Code တွေကိုရေးပေးထားပါတယ် ...
Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း Sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...
အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....
အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့  PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....
SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...ကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....မတိုက်တွန်းပါ....အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..Unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကသိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးတဲ့ကဒ်ထဲမှာ ပါပြီးသားပါ...
- Unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK Code
(၈) လုံးကို ရိုက်ထည့်ပေးပြီး OK နှိပ်ပါ....
- PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ.....
- နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....
ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို Lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ..လုပ်ဖို့မတိုက်တွန်းပါဘူး....Sim Card Lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ Antivirus ဆော့ဝဲလ်တွေမှာ Sim Card Lock Function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို Lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...

ဘာလို့ SIM Lock ချထားရပါသလဲ ဆိုရင် SIM Card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
SIM Lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ ဆင်းဒ်ကဒ်မှာ Effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...
မလိုအပ်ရင်တော့ SIM Lock ကို ဖွင့်မထားပါနဲ့...
PIN Code ကို မလိုအပ်လျှင် မပြင်ပါနဲ့ မကလိပါနဲ့...
ပြင်ချင် Lock ချချင်သူများကတော့ မူလ PIN Code က 12345 သာဖြစ်ပါတယ် အဲတာကို ဝင်ချင်ရင် အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...
အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..
ဒါဆိုအဓိကပြောချင်တာက
SIM Lock ပြောင်းခြင်ရင် ပထမဆုံး 12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ.. ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...

Credit: လင်းဝင်း(နည်းပညာ)
မသိသေးတဲ့သူတွေအတွက်ပါခင်ဗျာ။
SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုပြောပြချင်ပါတယ်
Beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ရတာပါ....


SIM Card တွေမှာ....
PIN lock နဲ့ PUK lock ဆိုပြီး Sim lockစနစ် (2)နှစ်မျိုးရှိပါတယ်...
ကျွန်တော်တို့ နိုင်ငံမှာ ၁၅သိန်းတန်။ ၅သိန်းတန် ။ ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ.... PIN lock - 12345 လို့သာမှတ်ထားလိုက်ပါ...

တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို Cardချိုးပြီးတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim
Card ချိုးထားပြီးတဲ့ Cardအခွံဟာသိမ်းထားရပါမယ်..ဒါဟာတကယ်ကိုအရေးကြီးပါတယ်....ဒီCard အခွံမှာ PUK Code တွေကိုရေးပေးထားပါတယ် ...


Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း Sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...

အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....
အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့  PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....

SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...ကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....မတိုက်တွန်းပါ....အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..Unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကသိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးတဲ့ကဒ်ထဲမှာ ပါပြီးသားပါ...
- Unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ 
PUK Code
(၈) လုံးကို ရိုက်ထည့်ပေးပြီး OK နှိပ်ပါ....

- PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ.....
- နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....

ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို Lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ..လုပ်ဖို့မတိုက်တွန်းပါဘူး....Sim Card Lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ Antivirus ဆော့ဝဲလ်တွေမှာ Sim Card Lock Function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို Lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...
ဘာလို့ SIM Lock ချထားရပါသလဲ ဆိုရင် SIM Card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...


SIM Lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ ဆင်းဒ်ကဒ်မှာ Effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...

မလိုအပ်ရင်တော့ SIM Lock ကို ဖွင့်မထားပါနဲ့...
PIN Code ကို မလိုအပ်လျှင် မပြင်ပါနဲ့ မကလိပါနဲ့...
ပြင်ချင် Lock ချချင်သူများကတော့ မူလ PIN Code က 12345 သာဖြစ်ပါတယ် အဲတာကို ဝင်ချင်ရင် အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...

အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..

ဒါဆိုအဓိကပြောချင်တာက
SIM Lock ပြောင်းခြင်ရင် ပထမဆုံး 12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ.. ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...

Credit: လင်းဝင်း(နည်းပညာ)

Thursday, May 7, 2015

Galaxy S5 မှာ Factory reset အလွယ်တကူ ချယူနည်းများ


 Galaxy S5 မှာ Factory reset အလွယ်တကူ ချယူနည်းများ
မင်္ဂလာပါ
ဘော်ဒါတစ်ယောက်ကမေးလာတယ် သူ့ဖုန်းကတအားလေးနေပြီတဲ့
စာလေးတစ်ကြောင်းရေးထာတောင် စိတ်ကမရှည်နိုင်တော့ဘူး
ထုခွဲချင်စိတ်ပေါက်တယ်၊ အဲဒါဆိုင်သွားပြတော့ ဆိုင်က ပြောတယ်တဲ့
ဒီလိုလေးနေတာကို ပေါ့စေချင်တယ်ဆိုရင်တော့ ဖုန်းတစ်ခုလုံးကို
ဆေးရမယ် လို့ပြောလိုက်တယ်။ တကယ်ကော ဖုန်းတစ်ခုလုံးကိုဆေးလို့
ရလား၊ ဖုန်းကိုလည်းဆေးလို့ရလား၊ ဖုန်းတစ်ခုလုံးကို
 ဘယ်လိုဆေးလဲ သိချင်လို့ပါ တစ်ချက်လောက်ဖြေပေးပါ
ဆိုပြီး လာမေးထားပါတယ်။

ကျနော် ဒီပိုစ့်ကို Galaxy S5 အတွက်သာ မရည်ရွယ်ပဲ
စမတ်ဖုန်းအားလုံးကို ရည်ရွယ်ပြီး အသေစစ်ရှင်းပြပေးလိုက်ပါတယ်။
ဖုန်း Device ကို စိတ်ဝင်စားပြီး အမြဲလေ့လာဖြစ်နေသူတွေကတော့
အားလုံးသိပြီးသားဖြစ်မှာပါ၊ သိပြီးသားဆိုရင်တော့ ကျော်သွားလိုက်ပါ
လေ့လာခါစညီအကိုတွနဲ့ Factory reset မချတတ်သေးတဲ့ ဘော်ဒါ
တွေအတွက် အထောက်အကူဖြစ်အောင် တင်ပေးလိုက်ပါတယ်။

အမှန်တကယ်က စမတ်ဖုန်းတိုင်းမှာ
ဖုန်းတစ်ခုလုံးကို ဆေးတယ်ဆိုတာက performance ဆိုင်ရာ
 ပိုကောင်းလာအောင်လို့...ရိုးရိုးလေးပြောရရင် ဆိုင်ကအသစ်ဝယ်လာတုန်းကလို
လေးလန်နေတဲ့ဖုန်းတစ်လုံးကို မြန်ဆန်လာအောင် ပြု လုပ်ခြင်းဖြစ်ပါတယ်။

အရမ်းလွယ်ပါတယ် တစ်ခါနှစ်ခါလောက် လုပ်ဖူးရင်
လုပ်တတ်သွားမှာပါ၊ အခုကျ နောက် Video Tutorial နဲ့
ပြပေးမှာတော့မဟုတ်ပါ၊ ပုံလေးတွေနဲ့ အသေးစစ်ရှင်းပြသွားမှာပါ

ကဲဗျာ စလိုက်ကြရအောင် ဖုန်းတစ်ခုလုံးကို ဆေးဖို့က

နည်းလမ်း (၁)
Keypad ကိုအသုံးပြု ၍ Factory reset ချနည်း

၁။ ပမဆုံး သင့်ဖုန်းမှာ ဘက်ထရီအား 75% to 80% လောက်ရှနေရပါမယ်။

၂။ သင့်ဖုန်းမှာ ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေ ပြီးတော့ အရေးကြီးတဲ့
 Data အားလုံးကို Backup လုပ်ပေးထားလိုက်ပါ။ သို့မဟုတ် SD Card & USB စသည်တို့မှာ ရွေ့ပြောင်းပေးထားပါ။

၃။ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ Galaxy S5 အတွက် Factory reset 
ချဖို့ရန်က *2767*3855# ဆိုပြီး ဖုန်းကီးဘုတ်မှာ ရိုက်ထည့်ပြီး ဖုန်းအခေါ် 
ကီးကိုနှိပ်လိုက်ရင် Reset အလွယ်တကူ ချယူနိုင်ပါတယ်။ အခုလိုနံပါတ်
နဲ့ Reset ချနည်းကိုတော့ Dialer-Reset ချတယ်လို့ခေါ်ပါတယ်။

ဒါပေမယ့် ဒီနံပါတ်သည် Factory reset ချ ဖို့ရန်၌ S5 တစ်လုံးအတွက်သာ
အဆင်ပြေပါလိမ့်မယ်၊ handset အားလုံးမှာတော့ အလုပ်မလုပ်ပါ။
(အပေါ်က နည်းလမ်းသည် Galaxy S5 အတွက်သီးသန့်ဖြစ်ပါည်)

နည်းလမ်း (၂)
Setting Menu ကိုအသုံးပြု ၍ Factory reset ချ နည်း

၁။ ပမဆုံး သင့်ဖုန်းမှာ ဘက်ထရီအား 75% to 80% လောက်ရှနေရပါမယ်။

၂။ သင့်ဖုန်းမှာ ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေ ပြီးတော့ အရေးကြီးတဲ့
 Data အားလုံးကို Backup လုပ်ပေးထားလိုက်ပါ။ သို့မဟုတ် SD Card & USB စသည်တို့မှာ ရွေ့ပြောင်းပေးထားပါ။

၃။ Setting>>>Backup and reset ကိုတစ်ချက်နှိပ်လိုက်ပါ
Factory data reset ဆိုပြီး ပေါ်လာပါလိမ့်မယ်၊ အဲဒီအထက်က
ကျနော်အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ နေရာနှစ်ခုလုံးကို အမှန်ခြစ်ထားပေးပါ။
ပြီးရင် Dactory data reset ဆိုတာကိုတစ်ချ က်နှိပ်လိုက်ပါ။
၎။ အပေါ်ကအတိုင်း Factory Data reset ဆိုနှိပ်လိုက်ပြီးလို့
အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Reset Device ဆိုတာကိုနှိပ်ပေးလိုက်ပါ။
ဖုန်းက ပါဝါပိတ်ပြီး Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာပြီးရင်တော့
သင့်ဖုန်းဟာ Factory reset ချ ပြီးသွားပါပြီ။

နည်းလမ်း (၃)
Hardware buttons ကိုအသုံးပြု ၍ Factory reset ချ နည်း

၁။ ဒီတစ်ခါ ဖုန်းကို reset ချ နည်းကတော့ Hardware buttons တို့ကို
အသုံးပြု ၍ ချနည်းလေးဖြစ်ပါတယ်။ အထူးသဖြင့် ဒီနည်းလမ်းဟာ
ဖုန်းရဲ့ မြင်နှာပြင်သား ကွဲအက်သွားတဲ့အခါ၊ ဖုန်းကို Root လုပ်မိလို့
Restart ကျ ပြီး ပြန်တက်မလာတော့ပဲ ဖုန်း Logo မှာပဲ ရပ်နေတဲ့အခါ၊
ဖုန်းကို Root Access ရရှိပြီးလို့ ဖောင့်အထည့်မမှန်လို့ Firmware
ကျ သွားတဲ့အခါ၊ ဖုန်းကို lock ချထားပြီး Password ကိုမေ့လို့ Lock ဖြုတ်
မရတဲ့အခါ စသည်ဖြင့် အကြီးအကျယ် ပြသနာတက်နေတဲ့အခါ ဒီ
Hardware buttons ကိုအသုံးပြု ပြီး Factory reset ချ ယူနိုင်ပါတယ်။

၂။ ဖုန်းပါဝါကိုပိတ်လိုက်ပါ Turn your Galaxy S5 off
၃။ ဒီတစ်ခါ Recovery menu ကိုဝင်ရောက်ရမည်ဖြစ်ပါသည်။
Recovery Mode ၀င်ဖို့ရန်အတွက် Power button,Volume Up button
 and Home key ပါဝါခလုပ်၊အသံချဲ့ ခလုပ်၊ Home ကီး တွေကို တွဲနှိပ်ထားပါ
အောက်ကပုံလေးလိုပေါ်လာသည်အထိ တွဲနှိပ်ထားပါ။
အပေါ်ကပုံလေးအတိုင်းပေါ်လာတဲ့အခါ အပေါ်ကိုရွေ့လိုက
အသံချဲ့ ခလုပ် Volume Up button ကိုနှိပ်ပါ။ အောက်သို့ရွေ့လိုက
အသံတိုးခလုပ် Volume Down button ကိုနှိပ်ပါ။

 ၄။ Recovery Mode ကိုဝင်လာလို့ အောက်ကပုံလေးအတိုင်းမြင်နေရရင်
Delete all user data နေရာကို အသံတိုးခလုပ် Volume Down button ကီးကို
တစ်ချက်ချင်းနှိပ်ပြီး သွားလိုက်ပါ။ ရောက်တာနဲ့ ပါဝါခလုပ်ကို တစ်ချက်နှိပ်လိုက်ပါ။
၅။ ပါဝါခလုပ်ကိုနှိပ်ပြီးလို့ အောက်ကပုံအတိုင်း Reboot System now
 နေရာကိုပြနေခဲ့လျှင် ပါဝါခလုပ်ကို ထပ်ပြီးနှိပ်ပေးလိုက်ပါ။
အားလုံးပြီးတာနဲ့ သင့်ဖုန်းဟာ Hardware buttons ကို
အသုံးပြု လျှက် Factory reset တစ်ခုကို ချ ယူလို့ပြီးပါပြီ။

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

Sunday, May 3, 2015

ဖုန်းမလိုပဲ.. Gtalk & Facebook အကောင့်သစ် ဖွင့်နည်း


မင်္ဂလာပါ ကျနော်ကတော့ Myanmar IT Helper ပါ      ဒီနည်းလေးကတော့..အရင်က.. Technological Villa မှာ.တင်ပေးဘူးပါတယ်..။ ဒါပေမယ့်.. သိပ်မရခဲ့ပါဘူး.။ ခုတော့.. ဘာမှ.စိတ်မပူနဲ့တော့.. ဖုန်းနာပါတ်တောင်းလည်း.ကိစ္စမရှိတော့ပါဘူး.. Virtual phone number လေးသုံးပြီး.. Google နဲ့ Facebook ကို..လှည့်စားလိုက်ကြရအောင်.. ^_^

        ပထမဆုံး..Gmail account အသစ်ဖွင့်နည်းလေး..ပြောလိုက်ကြရအောင်..
ထုံစံအတိုင်း.. အကောင့်သစ်ဖွင့်ချင်ရင် www.gmail.com ကိုသွား.. ညာဘက်က.. Create New Accountကိုနှိပ်လိုက်ပါ..။
Form ဖြည့်ဖို့ကျလာရင်.. ကိုယ်ကြိုက်တဲ့နာမည်နဲ့... password တွေပေးပြီးဖြည့်လိုက်ပါ...။

 အဲ့မှာ..ဖုန်းနာပါတ်နေရာမှာ..ဘာမှမဖြည့်ပါနဲ့...။
ဒီတိုင်းထားပြီး.. I agree ဆိုတာ.အမှန်ခြစ်ခြစ်ပြီး.. Next ကိုဆက်နှိပ်လိုက်ပါ.။
ဖုန်းနာပါတ်တောင်းပါလိမ့်မယ်.။ Virtual phone number တစ်ခုယူဖို့အတွက်. အောက်ကလင့်ကို အရင်သွားလိုက်ပါ..။

http://www.k7.net/


အောက်ကပုံစံအတိုင်း..ပေါ်လာပါလိမ့်မယ်...။


Sign Up Here ကိုနှိပ်လိုက်ပါ..။
Email နေရာမှာ.မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Re-enter Email နေရာမှာလည်း..မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Security Code နေရာမှာ ကိုယ်ကြိုက်တဲ့. ဂဏန်း.. ၄ လုံးပေးလိုက်ပါ..။ ဥပမာ 1234
အောက်ကမေးခွန်းတွေမှာ..ရွေးထားတဲ့ဟာလေးတွေကို..ဒီတိုင်းပဲထားပါ..ဘာမှမပြောင်းပါနဲ့..။
CAPCHA လုပ်ခိုင်းတဲ့စာလုံးတွေကို..ရိုက်ပေးလိုက်ပါ..။
အားလုံးပြီးရင်.. submit နှိပ်လိုက်ပါ..။
သင့်ရဲ့..Virtual phone number နဲ့.. gmail လိပ်စာကို.ပြပါလိမ့်မယ်..။ သေသေချာချာမှတ်ထားပါ.။

Email: yourname@gmail.com
Phone Number: 206-984-8231
Security Code: 1233

အဲ့လိုပုံစံနဲ့ပြပါလိမ့်မယ်.။ သေသေချာချာမှတ်ထားပါ..။

Gmail ပြန်သွားကြရအောင်နော်... ဟီး..
Gmail မှာ..Next ကိုနှိပ်လိုက်တော့.. Voice Mail ? Text Message ပို့မှာလားဆိုပြီး. ဖုန်းနာပါတ်တောင်းပါလိမ့်မယ်..။
အဲ့နေရာမှာ.. Voice mail ကိုေ၇ွးပြီး.. ခုနက.ရလာတဲ့.. Virtual phone number ကိုထည့်ပေးလိုက်ပါ..။
ဖုန်းနာပါတ်က.. 206-984-8231 ဆိုရင်.. - တွေကို ဖြုတ်ပြီး.. 2069848231 လို့ထည့်ပေးလိုက်ပါ..။
1 မိနစ်အတွင်. www.k7.net ကို.. voice mail ၀င်လာပါလိမ့်မယ်..။
 voice mail ကို.. နားထောင်ဖို့..    http://www.k7.net/ ဒီ ကိုနှိပ်လိုက်ပါ..။



10 digit Phone Number OR Master Email Address:  နေရာမှာ.. ခုနက Gmail ထဲဝင်လာတဲ့ ဖုန်းနာပါတ်ကို ထည့်လိုက်ပါ..။ - တွေမပါပါစေနဲ့..။ ဥပမာ.. 2069848231 လို့ပဲပေးလိုက်ပါ..။
Security Code OR Master Security Code: ကိုယ်ပေးခဲ့တဲ့.. ဂဏန်းလေး လုံးကိုရိုက်လိုက်ပါ..။
 Check for messages ကိုနှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း.. voice mail ကိုတွေ့ပါလိ့မ်မယ်.။




Save to Disk ကိုနှိပ်ပြီး.. download ဆွဲလိုက်ပါ.။ Download ဆွဲပြီးရင်..နားထောင်ကြည့်လိုက်ပါ.။ ဂဏန်း ၆ လုံးပါတဲ့..code number ပြောပါလိမ့်မယ်.။
အဲ့ဒီ code number ကို.. ခုနက Gmail က တောင်းတဲ့နေရာမှာဖြည့်ပေးလိုက်ပါ.။
ဒါဆိုရင်လည်း. Gmail အတွက်..အဆင်ပြေသွားပါပြီ...။

Facebook အကောင့်သစ်ဖွင့်နည်း
Facebook မှာ..ဖုန်းနာပါတ်မတောင်းစေချင်ရင်.. လွယ်ပါတယ်.။
First Name နဲ့ Last Name ကို.. English ပဲ..ထားပြီး..ဖွင့်လိုက်ပါ.။
ဥပမာ.. First Name>>> Jhon    ,    Last Name >>> Smit
အဲ့လိုမျိုး..English နာမည်ပေးလိုက်ရင်.. အိုကေသွားပါလိမ့်မယ်..။
နောက်မှ.ကိုယ်ကြိုက်တဲ့နာမည်...ပြန် ပြောင်းပေးလိုက်ပါ..။
စစဖွင့်ချင်းတော့.. English နာမည်ပဲ..ပေးလိုက်ပါ.။
Facebook မှာ.ဖုန်းနာပါတ်တောင်းရင်.. msg ပဲပို့ပါတယ်..။
K7.net က.. voice mail ပဲရပါတယ်..။
msg အ၀င်လက်မခံပါဘူး..။